Sunday, May 3, 2026

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း...

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...
HomeNewsLocal Newsမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်းဖြစ်သူ...

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ ထိန်းသိမ်းခံရ

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ ထိန်းသိမ်းခံရ

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စ ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ထိန်လင်းတို့ကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ စစ်တပ်က ထိန်း သိမ်းထားကြောင်း နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ သြဂုတ် (၂၄) ရက် ညပိုင်းက ရန်ကုန်မြို့ရှိ ၄င်းတို့၏ နေအိမ်တွင် လာရောက်‌ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပန်းချီထိန်လင်း၏ မိတ်ဆွေဖြစ်သည့် ရန်ကုန်မြို့မှ ပန်း ချီဆရာတစ်ဦးက ပေါ်ပြူလာနယူး(စ်)သို့ အတည်ပြုသည်။

“ဟုတ်ပါတယ်။ မနေ့ညပိုင်းက လာခေါ်သွားတာပေါ့နော်။ ဖမ်းတာတော့ သူ့မိန်းမကို လာ‌ ခေါ်တာပေါ့။ အဲဒီမှာ ဆရာထိန်ကပါ လိုက်သွားတာလို့ ပြောတယ်။ ပြောတာတော့ သူ့မိန်းမရဲ့ ဗီဇာ ကိစ္စ စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုပြီး လာခေါ်တယ်လို့ပြောတယ်။အခုနောက်ဆုံးအခြေအနေကတော့ ဘယ်မှာ ရှိတယ် ၊ ဘာတွေ ဖြစ်နေတယ်ဆိုတာ မသိရသေးဘူး” ဟု အဆိုပါ ပန်းချီဆရာက ပြောသည်။

မစ္စဗစ်ကီဘိုးမန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအ မတ်အဖြစ်မှ အငြိမ်းစားယူထားသည်မှာ ဆယ်စုနှစ် တစ်ခုကြာမြင့်ပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် ခင်ပွန်းဖြစ်သူနှင့် အခြေချနေထိုင်နေသူ တစ်ဦး ဖြစ်သည်။

၎င်း၏ ခင်ပွန်း ဖြစ်သူ ပန်းချီထိန်လင်းသည် ABSDF တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး နိုင်ငံရေး ပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရဖူးသူဖြစ်ပြီး မြန်မာနိုင်ငံ၏ ပန်းချီလောကတွင် လူသိများသည့်ပညာရှင် တစ်ဦးလည်း ဖြစ်သည်။

ဗြိတိန် သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းသည် မြန်မာ နိုင်ငံတွင် အခြေချနေထိုင်နေစဉ်အတွင်း ၂၀၁၄ ခုနှစ်၌ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အ ကူပြုဌာန (Myanmar Centre for Responsible Business – MCRB) ကို ဦးဆောင်တည်ထောင်ကာ ဦးစီးလုပ် ဆောင်နေသူ တစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား သံတမန်ရေး တင်း မာမှုများရှိနေချိန်တွင် သံတမန်ဟောင်းတစ်ဦးလည်းဖြစ် ဗြိတိန်နိုင်ငံသူ တစ်ဦးလည်းဖြစ်သည့် မစ္စဗစ်ကီဘိုးမန်း ဖမ်းဆီးခံရမှုအပေါ် စိုးရိမ်မှုများရှိကြောင်းလည်း ဗြိတိန်သံရုံးအသိုင်းအဝိုင်းက နိုင်ငံတကာ မီဒီယာတစ်ခုကို ဖြေ ကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်သည်ဟု ထရန့်ပြောပြန်

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်ခြေ ရှိနေသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စနေနေ့တွင် ပြောကြားခဲ့သည်။ အီရန်အဆင့်မြင့်အရာရှိတစ်ဦးက စနေနေ့တွင် ပြောကြားရာ၌ ယခုအချိန်အထိ ထရန့်ဘက်က ငြင်းပယ်ထားသည့် အီရန်၏ အဆိုပြုချက်သည် ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများကို ဖွင့်ပေးမည်ဖြစ်ပြီး အမေရိကန်၏ အီရန်အပေါ် ရေလမ်းပိတ်ဆို့မှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်း၊ အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုမူ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်း စာအုပ်များဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071