Thursday, May 29, 2025

ထရမ့်က ကနေဒါအနေဖြင့် Golden Dome...

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က သူအဆိုပြုထားသော Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ပါဝင်လိုပါက "သီးခြားဖြစ်သော်လည်း တန်းတူညီမျှမှုမရှိသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဆိုလျှင်" ကနေဒါအနေဖြင့်...

လမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသား ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မဟာအောင်မြေမြို့နယ်တွင်ဖြစ်ပွား

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသားတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မေ ၂၈ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊...

မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြား မိုးဆက်ရွာနိုင်

ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အစပြုဖြစ်ပေါ်လာသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးဆက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက...

တီမောလက်စ်တီးကို အဖွဲ့ဝင်ခွင့်ပြုရန် အာဆီယံ သဘောတူပြီ

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များသည် လာမည့်အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တီမောလက်စ်တီးကို အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် သဘောတူလိုက်ကြသည်ဟု ထိုင်းအကြီးတန်း သံတမန်တစ်ဦးက...
HomeNewsLocal Newsငွေကြေးခဝါချမှုကြောင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်လျှော့...

ငွေကြေးခဝါချမှုကြောင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်လျှော့ ချရန်နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်နိုင်ရေး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေး

ငွေကြေးခဝါချမှုကြောင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်လျှော့ ချရန်နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်နိုင်ရေး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေး

မြန်မာနိုင်ငံ၌ ငွေကြေးခဝါချမှုကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးနိုင်မှု အန္တရာယ် လျော့ပါးရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဥ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ အပါအဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် နိုင်ငံတကာအဖွဲ့အစည်း အချို့တို့ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group–AP JG)၏ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး(Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်ခြင်းနှင့်ပတ်သက်သည့် မြန်မာနိုင်ငံ၏ တိုးတက်ဆောင် ရွက်ချက်များ ဆွေးနွေးခြင်းဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ ဆွေးနွေးမှုကို သြဂုတ် (၂၃) ရက်မွန်းလွဲ ၂ နာရီခွဲက ဗဟိုဘဏ်၌ Video Conferencing ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးမှုတွင် AP JG အဖွဲ့၏ Co chair ဖြစ်သည့် အိန္ဒိယနိုင်ငံသား Mr. Yogpal Singh နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က အမှာစကားများပြောကြားခဲ့ကြသည်။

ထို့နောက် ငွေကြေးခဝါချမှုနှင့်ပတ်သက်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များအား အထောက်အ ထားများကို အခြေခံ၍ စနစ်တကျချဉ်းကပ်ဆောင်ရွက်ခြင်း၊ ဆုံးရှုံးနိုင်ခြေအန္တရာယ်များ လျော့ပါးစေရန် ဆောင်ရွက်ခြင်း၊ အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

အလားတူ သက်ဆိုင်ရာကဏ္ဍအလိုက် ကုမ္ပဏီအ ဖွဲ့အစည်းများအပေါ် အပြည့်အဝအရေးယူနိုင်သည့် ကြီးကြပ်ရေးအာဏာပိုင်အသစ်များ ပြောင်းလဲပြင်ဆင်ခန့်အပ်၍ ကြီးကြပ်သည့်လုပ်ငန်းများ စနစ်တကျချဉ်းကပ်ဆောင်ရွက်ခြင်း၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စုံစမ်းစစ်ဆေးခြင်း၊ သိမ်းဆည်းခြင်းတို့တွင် ပြည့်စုံစွာဖော်ပြရန်ဆောင်ရွက်ခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပစ္စည်းများစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီက မူကြမ်းရေးဆွဲခြင်း၊အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်ကုလသမဂ္ဂလုံခြုံရေးကောင် စီဆုံးဖြတ်ချက်များနှင့်အညီ လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်သက်ဆိုင်သည့် အသိပညာပေးရေးဆိုင်ရာတိုးတက် ဆောင်ရွက်မှုများနှင့်ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လိုက်နာမှုကို ကွင်းဆင်း စစ်ဆေးခြင်းတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မြန်မာနိုင်ငံအနေဖြင့် FATF မှ အကြံပြုထားသည့် Action Plan ပါအားနည်းချက်များကို ပြည့်စုံစွာပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်၍ ကြီး မားစွာလိုက်နာဆောင်ရွက်မှုအဆင့်သို့ တိုးမြှင့် ပေးစေလိုသည်ဟု AP JG အဖွဲ့ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ငွေကြေးဆိုင်ရာအရေးယူဆောင် ရွက်ရေးအဖွဲ့ (Financial Action Task Force- FATF)နှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(Asia Pacific Group-APG) အတွင်းရေးမှူးအဖွဲ့မှပုဂ္ဂိုလ်များနှင့် AP JG အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

အလားတူ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦး ဆောင်၍ ဥပဒေရေးရာဝန်ကြီးဌာန၊အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်၊မြန်မာနိုင်ငံရဲတပ် ဖွဲ့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ပြည်ထောင်စုတရားစီ ရင်ရေးကြီးကြပ်မှုရုံး၊ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ပြည်တွင်းအခွန်များဦးစီး ဌာန၊အကောက်ခွန်ဦးစီးဌာန၊သစ်တောဦးစီးဌာန၊မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ် ငန်းနှင့်ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်က ကနေဒါအနေဖြင့် Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ဒေါ်လာ ၆၁ ဘီလီယံ ပေးရမည် သို့မဟုတ် ၅၁ ခုမြောက်ပြည်နယ်ဖြစ်လာလျှင်မူ တစ်ပြားမှ‌ပေးစရာမလိုဟုဆို

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က သူအဆိုပြုထားသော Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ပါဝင်လိုပါက "သီးခြားဖြစ်သော်လည်း တန်းတူညီမျှမှုမရှိသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဆိုလျှင်" ကနေဒါအနေဖြင့် ဒေါ်လာ ၆၁ ဘီလီယံ ပေးချေရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ သူ၏ TruthSocial လူမှုကွန်ရက်စာမျက်နှာတွင် ထရမ့်က ကနေဒါသည် "ကနေဒါသည် ကျွန်ုပ်တို့၏ ထူးခြားလှသော Golden Dome စနစ်တွင် အလွန်ပါဝင်လိုနေပြီး" အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းပါက အခမဲ့ ရရှိမည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ အဆိုပြုထားသော ကာကွယ်ရေးစနစ်တွင် ပါဝင်ခြင်းသည် ကနေဒါအတွက် "ကျွန်ုပ်တို့၏...

လမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသား ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မဟာအောင်မြေမြို့နယ်တွင်ဖြစ်ပွား

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသားတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မေ ၂၈ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားတွင် ကားလမ်း ဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသားတစ်ဦးကားတို-က်ခံခဲ့ရသဖြင့် ဦးခေါင်း၌ထိခို-က်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင်‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ‌ေ-သဆုံးသူအိုင်ယာလန်နိုင်ငံသား၏ ရုပ်အလေ-ာင်းအား အဖြူရောင်မေတ္တာရှင်လူမှုကူ‌ညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေရုံးကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ၎င်းအားကားဖြင့်တို-က်မိခဲ့သော ကားမောင်းသူအား အမှတ်(၉)မြို့မရဲစခန်းက ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြား မိုးဆက်ရွာနိုင်

ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အစပြုဖြစ်ပေါ်လာသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးဆက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့တွင်အသိပေးထားသည်။ အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မေ (၂၉)ရက်မှစ၍ ဇွန် (၂)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071