Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsမြန်မာနိုင်ငံမှ မသန်စွမ်းသူများ၏ဘဝစိုပြည်လှပရန် ပြန်လည်ထူထောင်ရေး၊လူ့ဂုဏ်သိက္ခာမြင့်မားရေးနှင့်သန်စွမ်းသူများနည်းတူ...

မြန်မာနိုင်ငံမှ မသန်စွမ်းသူများ၏ဘဝစိုပြည်လှပရန် ပြန်လည်ထူထောင်ရေး၊လူ့ဂုဏ်သိက္ခာမြင့်မားရေးနှင့်သန်စွမ်းသူများနည်းတူ တန်းတူညီမျှအခွင့်အရေးများရရှိရေးကိုရှေးရှုဆောင်ရွက်ပေးလျက်ရှိ

မြန်မာနိုင်ငံမှ မသန်စွမ်းသူများ၏ဘဝစိုပြည်လှပရန် ပြန်လည်ထူထောင်ရေး၊လူ့ဂုဏ်သိက္ခာမြင့်မားရေးနှင့်သန်စွမ်းသူများနည်းတူ တန်းတူညီမျှအခွင့်အရေးများရရှိရေးကိုရှေးရှုဆောင်ရွက်ပေးလျက်ရှိ

နစက ဥက္ကဋ္ဌက သြဂုတ် ၂၀ ရက်က နေပြည် တော်၊ဝဏ္ဏသိဒ္ဓိအားကစားရုံ B ၌ပြုလုပ်ခဲ့သည့် ၁၁ ကြိမ်မြောက် အာဆီယံမသန် စွမ်းအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် အောင်ပွဲရမသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုဆုချီးမြင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

မသန်စွမ်းသူများသည်လည်း လူသားများပင်ဖြစ်၍ ၎င်းတို့၏ ကျန်းမာသန်စွမ်းရန်၊စိတ်ဓာတ်ကြံ့ခိုင်ရန် လိုအပ်လာသဖြင့် မသန်စွမ်းသူတစ်ဦးချင်းစီ၏ စိတ်ဓာတ်ခွန်အားမြင့်မားစေရန်နှင့် ဝါသနာပါရာလုပ်ငန်းဆောင်တာများအား လုပ်ကိုင်ဆောင်ရွက်စေနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

“မသန်စွမ်းသူတွေရဲ့ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှုကိုရော စိတ်ဓာတ်ကိုပါ မြင့်မားလာစေဖို့အတွက် ဝါသနာပါရာ အားကစားနည်းတွေလုပ်ဆောင်နိုင်ဖို့ကို အားပေးမြှင့်တင်ပေးလျက်ရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

 

ထို့ပြင် မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ် သန်းခေါင်စာ ရင်းအရ ကွင်းဆင်းဆောင်ရွက်ခဲ့သည့် မသန်စွမ်းမှုလေးမျိုး အခြေခံစစ်တမ်းအရ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းအနက် ၂ ဒသမ ၃ သန်းခန့်သည် မသန်စွမ်းသူများ ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု ပြောသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများ၊အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊စေတနာ ရှင်ပြည်သူများအနေဖြင့် မြန်မာနိုင်ငံမှမသန်စွမ်းသူများ၏ဘဝ စိုပြည်လှပစေရန် ပြန်လည်ထူ ထောင်ရေး၊လူ့ဂုဏ်သိက္ခာမြင့်မားရေးနှင့်သန် စွမ်းသူများနည်းတူ တန်းတူညီမျှအခွင့်အရေးများရရှိရေးကိုဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

 

“ဒါ့ကြောင့် မသန်စွမ်းအားကစားသမားတွေ အား ကစားလေ့ကျင့်နိုင်ဖို့အတွက် ရည်ရွယ်ပြီး မသန် စွမ်းသူများ အားကစားလေ့ကျင့်ရေးစခန်းကို တည်ဆောက်ပံ့ပိုးပေးပြီး စခန်းသွင်းလေ့ကျင့်ပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

 

ထို့ကြောင့် အယူအဆဟောင်းများအားဖယ်ခွာ၍ လူ့အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်း အသိုက်အ ဝန်းတစ်ခုဖြစ်သည့် မသန်စွမ်းသူများနှင့်ပတ် သက်သည့် အရေးကိစ္စများအား တစ်ဦးချင်းစီနှင့်သက်ဆိုင်သည့် ကိစ္စရပ်၊မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးနှင့်သက်ဆိုင်သည့် ကိစ္စတစ်ရပ်အဖြစ် လက်ခံဆောင်ရွက်ပေးကြရမည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

 

ကမ္ဘာပေါ် တွင် မသန်စွမ်းဖြစ်မှု ရာခိုင်နှုန်းသည် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်အထိမြင့်တက်လာသည်ဟု WHO ကထုတ်ပြန်သည့် စာရင်းများအရသိရှိရကာ လူဦးရေသန်းပေါင်း ၁၀၀၀ ကျော်ခန့်ပမာဏရှိသည့် မသန်စွမ်းသူအရေအတွက်သည် အထူးဂရုပြုရမည့် ပမာဏဖြစ်လာသဖြင့် မသန်စွမ်းသူများ၏အရေး၊မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပိုမိုအလေးထားရန် လိုအပ်လာသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နှစ်စောင်တွင် ဖော်ပြထားသည်။ ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံ၏ ဒေသတွင်း ချိတ်ဆက်မှု ရည်မှန်းချက်များ...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD Biological Food Co. Ltd မှ ယွမ်(၂၅၉၄၁)တန်ဖိုးရှိ Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)ကိုလှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှုအား နန်နင်းမြို့၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းက လက်ခံရယူကာ ကျေးဇူးတင်မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏စီစဥ်ပေးမှုဖြင့် မေ ၂၁ ရက်က နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် - UB8504...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ ပြုပြင်ရန် လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၂၀၀၀)ဝန်းကျင် ကူညီပံ့ပိုးမည်

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀) ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Missiom(TSBM)အဖွဲ့ ထံမှ သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိကျေးရွာစာသင်ကျောင်းအချို့ ပညာသင်ကြားရေးစတင်နိုင်ရန် ကျပ်သိန်း (၂၅၀)အသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့ နှင့်ပတ်သက်သော surface rupture များ ပေါ်ပေါက်ခြင်း ၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071