စာပေရေးသားမှုအပိုင်းကိုပိုမိုလုပ်ဆောင်သွားတော့မယ့် အကယ်ဒမီ စိန်မွတ္တား

0
167

sein-mot-tar-copy

မကြာခင်မှာ ‘မြန်မာ့ဂီတကမ္ဘာ အမည်နဲ့စာအုပ်ထွက်ရှိတော့မယ့် ဆိုင်းပညာရှင် အကယ် ဒမီဦးစိန် မွတ္တားက နောက်ပိုင်းမှာတော့ သူ့အနေနဲ့ စာပေပိုင်းကိုပိုမို လုပ်ဆောင်သွားဖို့ အစီ အစဉ်ရှိကြောင်း ပြောပါတယ်။ ဆိုင်းဘက်ကိုလည်း တီးနိုင်သလောက်တီးသွားဦးမှာ ဖြစ် ပေမယ့် ဇရာကရှိလာပြီဖြစ်တဲ့အတွက် စိတ်သွားရာကိုယ်မပါနိုင်တော့တဲ့ အချိန်မှာတော့ ကလောင်တံကို သာကိုင်တော့မယ်လို့ သူက ပြောပါတယ်။

    “ကျွန်တော့်အသက်က အခု ဆိုရင် ၆၄နှစ်ရှိနေပါပြီ။ဗုံမတီးနိုင်တော့တဲ့အခါ ကလောင်ကိုပဲကိုင်တော့ မယ်။ အခုလည်းစာပေ ဘက်ကို စတင်ကူးပြောင်းနေ ပါပြီ။ ကျွန်တော် တို့အနေနဲ့ ကတော့ အရွယ်နဲ့ဆိုရင် အတွေ့အကြုံတွေက များပြီ ပေါ့။ဖတ်လာတာတွေ၊ မှတ် လာတာတွေလေ။ ကျွန်တော့် ဖြတ်သန်းမှုအ ရ တွေ့ကြုံခဲ့ ရတာတွေကိုတော့ အကုန် လုံးကိုပြန်ပြီး စာအုပ်အနေနဲ့ရေးသားပြီး ထုတ်မှာပါ။ စာပေတိုက်က လည်း ရေးပါတဲ့။ရေးသလောက် ထုတ်ပါမယ်လို့ပြော တယ်”လို့ ဦးစိန်မွတ္တားက ပြော ပါတယ်။

စာပေဘက်မှာသူ့အနေနဲ့ အတွေ့အကြုံနည်းနေသေးတဲ့အတွက် စာပေပိုင်းမှာအခက်အခဲတွေရှိနေပြီး သူမသိမီတာတွေကို ဆရာတွေကိုမေးမြန်း   နေရတု န်းပဲလို့လည်း ဆိုပါတယ်။ စာပေကပိုမိုနက်နဲပြီး  နူးညံ့သိမ်မွေ့သလို အသိပညာလည်းတိုးစေကြောင်းလည်းစာပေနဲ့ပတ်သက်လို့ ပြောပြပြန်ပါ တယ်။ ဦးစိန်မွတ္တားက ဆိုင်းလောကဆောင်းပါးများအမည်နဲ့စာအုပ်တစ်   အုပ်ရေးသားထွက်ရှိခဲ့ ပြီးပြီဖြစ်သလို အကယ်ဒမီဆုရှင်တစ်ဦးလည်းဖြစ်ပါ တယ်။

 လက်ရှိမှာလည်းရုပ်ရှင်ဇာတ်ကားကြီး (၃)ကားအတွက် နောက်ခံ တေးဂီတပိုင်းကို တာဝန်ယူတီးဖြစ်နေပြီး ဒီဇာတ်ကားတွေအတွက်သူ့ရဲ့ အကယ်ဒမီရင် ခုန်သံကိုလည်း အခုလိုပြောပြတာက..

“ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဇာတ်ကားပေါ်မှာ ပိုက်ဆံလည်း မတောင်းတတ်ဘူး။ ကျွန်တော်လိုချင်တာ အရုပ်ပဲ။ အကယ်ဒမီဆိုတာ နတ်ကြီးတယ် လို့ပြောကြတယ်။ ကျွန်တော်ကတော့ ကျွန်တော့် ဇာတ်ကား အကုန်လုံးကိုမှန်းတယ်။ မှန်းနိုင်အောင်လည်း တီးတယ်။ မရရင်လည်းထပ် ကြိုးစားမယ်”လို့ ဆိုပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here