Looking for something?

Explore the website

Looking for something?

Wednesday, May 28, 2025

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက...

မုတ်သုံလေအားအလွန်ကောင်းနေမှုအပါအဝင် ရာသီဥတုအခြေအနေ(၃)ခုကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့၌ ယနေ့မှ...

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း ရာသီဥတုအခြေအနေ(၃)ခုဖြစ်ပေါ်နေသည်ဟု မိုးဇလမှ ယနေ့ မေ ၂၇...

အာဆီယံညွန့်‌‌ပေါင်းအသင်းနှင့်ချစ်ကြည်ရေးကစားရန်မန်ယူမ‌လေးရောက်

အာဆီယံညွန့်‌ေပါင်းအသင်းနှင့် ရာသီကုန်ခြေစမ်းပွဲကစားမည့် အင်္ဂလန် ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်အသင်းသည် တနင်္လာနေ့ မေလ ၂၆ ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ရောက်ရှိလာကြောင်း...
HomeNewsLocal Newsနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၄၀၀...

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေတစ်ရပ်ထူ ထောင်၍ ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ စီမံပေးသွားမည်

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေတစ်ရပ်ထူ ထောင်၍ ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ စီမံပေးသွားမည်

နစက ဥက္ကဋ္ဌကပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး(ဒုတိယနေ့)အား သြဂုတ် ၉ ရက်က နေပြည်တော်တွင် ဆက်လက်ပြုလုပ်ရာ၌ လမ်းညွှန်ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမျိုးသားသ ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ အားသီးသန့်ရန်ပုံငွေတစ်ရပ်ထူ ထောင်၍ စိုက်ပျိုးရေးလုပ်ငန်းများဆောင် ရွက်ရာ၌ ပထမဦးစားပေးအဖြစ် ယခုနှစ်နွေစပါးစိုက်ပျိုးမှုနှင့်ပဲတီစိမ်းစိုက်ပျိုးမှုများအတွက် နိုင်ငံတော်မှ ငွေကြေးစိုက်ထုတ်၍ တောင်သူများစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင်လိုအပ်သည့် မြေဩ ဇာ၊ မျိုးနှင့်စက်မောင်းဆီများရရှိရေး စီမံဆောင်ရွက်ပေးသွားမည်ဟုပြောသည်။

“တိုင်းနဲ့ပြည်နယ်အလိုက် ဒေသတွင်းဝမ်းစာဖူလုံရေးဟာ အရေးကြီးပါတယ် ဒါ့ကြောင့် စပါးစိုက် ပျိုးတာကို ဦးစားပေးဆောင်ရွက်ပြီး တစ်ဧကချင်း အထွက်နှုန်းတွေ တိုးတက်အောင်ဆောင် ရွက်ကြဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ စိုက်ဧကများမှထွက်ရှိလာသည့် စပါးများနှင့်ပဲတီစိမ်းများအား အစိုးရမှဦးစီး၍ ပြည်ပသို့တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုသည်ဟုပြောသည်။

“စပါးနဲ့ပဲတွေ ထွက်ရှိမှုအပေါ် မူတည်ပြီး အကျိုး အမြတ်တွေထဲက တောင်သူတွေအနေနဲ့ သင့် တော်တဲ့ အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ် အဲဒီလိုဆောင်ရွက်ခြင်းကြောင့် တောင်သူတွေအနေနဲ့ ငွေကြေးစိုက်ထုတ်ဖို့မလိုအပ်တာကြောင့် တောင်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအား အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုသည်ဟုပြောသည်။

အစည်းအဝေးသို့ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဝန်ကြီးချုပ် ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များ၊အ တွင်းရေးမှူးနှင့်တွဲဖက်အတွင်းရေးမှူး၊ပြည်ထောင် စုအဆင့်ပုဂ္ဂိုလ်များ၊ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းမပေါ်နှင့် ကားတစ်စီးတို့ပေါ်သို့ ည ၇ နာရီခွဲခန့်က သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ည ၆ နာရီ ၅၀ မိနစ်ခန့်ကလည်း ကမာရွတ်မြို့နယ်၊အင်းလျားလမ်းမပေါ်၌ စိန်ပန်းပင်လဲကျကာလမ်းပိတ်နေသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ စမ်းချောင်းအရန်မီးသတ်မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ ည ၇ နာရီ ၁၀ မိနစ်ကျော်ခန့်ကလည်း...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။ မှိုဆိပ်သင့်လက္ခဏာများအနေဖြင့် မှိုစားပြီး မိနစ် (၂၀)မှ (၄)နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါကအသက်ဆုံးရှုံးနိုင်သည့်အပြင် ဦးနှောက်နှင့်အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်းနိုးကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။ ထို့အတူ အဆိပ်သင့်မှုလက္ခဏာနှင့် ပြင်းထန်မှုအတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင်သောအဆိပ်(ဥပမာ- Cyclopeptides, Gyromitrin, Orellanine, Muscarine စသည်)ပမာဏ၊ စားသုံးမိသောသူ၏ အသက်အရွယ်၊...

မုတ်သုံလေအားအလွန်ကောင်းနေမှုအပါအဝင် ရာသီဥတုအခြေအနေ(၃)ခုကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့၌ ယနေ့မှ ဇွန် ၂ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း ရာသီဥတုအခြေအနေ(၃)ခုဖြစ်ပေါ်နေသည်ဟု မိုးဇလမှ ယနေ့ မေ ၂၇ ရက်ညပိုင်းက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးထုတ်ပြန်ခဲ့သည်။ ယင်း အခြေအနေ(၃)ခုကြောင့် ယနေ့ မေ ၂၇ ရက်ညပိုင်းမှ လာမည့် ဇွန် ၂ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071