Tuesday, June 24, 2025

MNL League Cup 2025...

ဇွန် (၂၃) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ယှဉ်ပြိုင်ကစားခဲ့ရာ...

ပဲခူးတိုင်း မြို့နယ် (၂၈) မြို့နယ်ရှိ...

ပဲခူးတိုင်းမြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးမှုသည်...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading...

AHA Centre မှလှူဒါန်းသည့် ယာယီစာသင်...

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကို လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင် ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံးအကြီးအ ကဲ Ms....
HomeNewsLocal Newsဘားအံမြို့တွင် ၄၃ ကြိမ်မြောက်...

ဘားအံမြို့တွင် ၄၃ ကြိမ်မြောက် ကရင်ရိုးရာ ဝါ ခေါင်လချည်ဖြူဖွဲ့မင်္ဂလာကျင်းပ

ဘားအံမြို့တွင် ၄၃ ကြိမ်မြောက် ကရင်ရိုးရာ ဝါ ခေါင်လချည်ဖြူဖွဲ့မင်္ဂလာကျင်းပ

ကရင်ပြည်နယ်၊ဘားအံမြို့၊ဇွဲကပင်ခန်းမတွင် သြဂုတ် ၇ ရက်(ယနေ့)နံနက် ၉ နာရီက ၄၃ ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ပွဲတော်အား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပွဲတော်အားဦးဆောင်ကျင်းပမည့် အကြီးအမှူးက မကောင်းသောစိတ်ဝိဉာဉ်ဆိုးများ လူတိုင်း၏ခန္ဓာကိုယ်မှ ဖယ်ခွာစွန့်ထုတ်သွားစေရန်နှင့်လူတိုင်း၏ခန္ဓာကိုယ်အား အစဉ်အမြဲစောင့်ရှောက်ပေးသည့် ဝိဉာဉ်လိပ်ပြာကောင်းများ အသီးသီးပြန်လည်ဝင်ရောက်လာစေရန် ကရင်ဘာသာဖြင့် ရွတ်ဆို၍ (၇)ရက်သား၊သမီးများ၏ ဝိဉာဉ်လိပ်ပြာကောင်းများ ရွှင်လန်းဝမ်းမြောက်စေရန် ရိုးရာသီးချင်းဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ကရင်ပြည်နယ် ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့်ဇနီးအပါအဝင် တာဝန်ရှိသူများ၊ကရင်ပြည် နယ် နယ်ခြားစောင့်တပ်(ဗဟို)အကြံပေးနှင့်ကွပ် ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ၊ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသား ရပ်မိ ရပ်ဖများ၊ တိုင်းရင်းသားပြည်သူများက အဖိုး၊အဖွားများထံတွင် ချည်ဖြူဖွဲ့ခံယူခဲ့ကြသည်။

“ဝါခေါင်လရောက်တိုင်း လက်ကောက်ဝတ်မှာ ချည်ဖြူဖွဲ့ထုံးချည်နှောင်တဲ့ ဓလေ့ဟာ မိသားစုတွေ စည်းစည်းရုံးရုံးနဲ့ပြန်တွေ့တာ လက်ရည်တပြင်တည်းဖြစ်တာ လူကြီးနဲ့လူငယ်ကြားမှာ နွေးနွေးထွေထွေး ဆွေးနွေးတိုင်ပင်ကြတာကြောင့် စည်းလုံးညီညွတ်မှုနဲ့ချစ်ခင်ရင်းနှီးမှုတွေ တိုးပွားရရှိစေပါတယ်”ဟု ကရင်ပြည်နယ် ခေတ္တဝန်ကြီး ချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးမျိုးမင်းနောင်ကပြောသည်။

အလားတူ ကရင်တိုင်းရင်းသား လူငယ်မောင်မယ်များမှလည်း ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ဖြစ်ပေါ်လာပုံအား ပိုးကရင်ဘာသာ၊စ ကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဖတ်ကြားခဲ့ကြသည်။

ချည်ဖြူဖွဲ့ရာတွင် ငှက်ပျောသီး၊ကောက်ညှင်းထုပ်၊ထမင်းဆုပ်၊နတ်ပန်းညို၊ချည်ဖြူ၊သန့်စင်သောရေ၊ကြံပိုင်း အစရှိသည့်ပစ္စည်း ၇ မျိုးပါဝင်ကာ တစ်ခုချင်းစီ၏ ဂုဏ်သတ္တိများအလိုက် က ရင်တိုင်းရင်းသားတို့အား စုပေါင်းညီညွတ်စွာ နေ ထိုင်စေလိုသည့် အဓိပ္ပါယ်များပါဝင်သည်ဟု သိရသည်။

Photo-စောမျိုးမင်းသိန်း

 

 

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီဖြစ်သည့် ရန်ကုန်ယူနိုက်တက်

ဇွန် (၂၃) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက (၃)ဂိုး(၁)ဂိုးဖြင့် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီဖြစ်သည်။ ပထမပိုင်းပွဲစဉ်အတွင်း တစ်ဖက်(၁)ဂိုးစီဖြင့် သရေကစားခဲ့ရာမှ ဒုတိယပိုင်းပွဲချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ကျောနံပါတ်(၂၈) သာယာဝင်းထက်က သွင်းယူပေးခဲ့သလို ဒုတိယဂိုးကို ကျောနံပါတ်(၁) ကောင်းစည်သူနှင့် တတိယဂိုးကို ကျောနံပါတ်(၂၇) အီစိုးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန်လ (၂၄)ရက် ဆီမီးဖိုင်နယ်တွင် ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်နှင့်...

ပဲခူးတိုင်း မြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းမြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးမှုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက်ရှိပြီဖြစ်ကာ၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ယ‌နေ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့် ရှောက်မှုပေးနေခြင်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကသွား ရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် ရောင်းချပေးမည်ဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ယခု ဇွန်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၉၅ သန်းကို ထုတ်ရောင်းပေးခဲ့ပြီး ယခုတစ်ကြိမ်အပါအဝင် ဇွန်တစ်လလုံးအတွက် ဒေါ်လာ ၁၂၅ သန်းရောင်းချပေးထားကြောင်း သိရသည်။ ယခုဇွန်လအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အတတ်အကျပုံမှန်မရှိကြောင်း၊ ဗဟိုဘဏ်အနေဖြင့်နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးတတ်ချိန်တွင် လုပ်ငန်းရှင်များအတွက်လိုအပ်သည့် ဒေါ်လာများကို ထုတ်ရောင်းပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071