Tuesday, June 10, 2025

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...
HomeInternationalတရုတ်-အာဆီယံ ဆက်ဆံရေးခိုင်မာစေရန်ကတိပြု

တရုတ်-အာဆီယံ ဆက်ဆံရေးခိုင်မာစေရန်ကတိပြု

တရုတ်-အာဆီယံ ဆက်ဆံရေးခိုင်မာစေရန်ကတိပြု

ဖနွမ်းပင်၊ဩဂုတ် ၅

အာဆီယံ-တရုတ် ဝန်ကြီးများအဆင့် အစည်းအဝေးတွင် တရုတ်နှင့်အာဆီယံအသိုင်းအဝိုင်းတို့သည် ဆက်ဆံရေးခိုင်မာစေရန် ကတိပြုခဲ့ကြပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်လည်းတောင်းဆိုခဲ့ကြသည်။

အာဆီယံအစည်းအဝေးများမှ တားမြစ်ခြင်းခံထားရသော မြန်မာနိုင်ငံကိုယ်စား ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရပ်ဆွန်ခွန်း နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တို့ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ကြသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နှင့်အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာပုံကို ဝမ်ကအဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီး ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် အစည်းအဝေးများကိုကျင်းပခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာရဲ့ လုံခြုံရေးအခြေအနေတွေရုန်းရင်းဆန်ခတ်ဖြစ်မှု‌ေတွနဲ့ ရင်ဆိုင်နေရချိန်မှာ အိုအေစစ်နဲ့တူတဲ့ ငြိမ်းချမ်းရေးဆိုတဲ့အရာကို ကျွန်တော်တို့ကာကွယ် စောင့်ရှောက်ထားပြီးသားပါ” ဟု လည်းမစ္စတာဝမ်ယိကဆိုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် “တိုးတက်မှုမြင့်မားရေး၊ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်တည်ဆောက်ရေး၊ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်အဟုန်မြှင့်တင်ရေး နှင့် အာဆီယံနိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အလမ်းများကို ပိုမိုပံ့ပိုးပေးနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်” ဟုကတိပြုခဲ့သည်။

မစ္စတာဝမ်ယိနှင့်သီးသန့်တွေ့ဆုံစဉ် ဆွန်ခွန်းသည် ဟောင်ကောင်၊ ထိုင်ဝမ်၊ တိဗက်အပါအဝင် ရှင်ကျန်းတို့နှင့်ပတ်သက်သည့် ကိစ္စရပ်များသည် ပြည်တွင်းရေးရာကိစ္စဖြစ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာအောက်တွင်သာ ထည့်သွင်းစဉ်းစားရန် ကမ္ဘောဒီးယားအစိုးရက ခိုင်မာသောရပ်တည်ချက်ရှိ‌ကြောင်းကို အလေးပေးဖော်ပြခဲ့သည်။

နှစ်နိုင်ငံနိုင်ငံခြားရေး၀န်ကြီးများသည် ၎င်းတို့နှစ်နိုင်ငံအကြား ‘တိုးတက်သော ဆက်ဆံရေး နှင့် နယ်ပယ်အသီးသီးတွင် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများ’ အတွက် အားရကျေနပ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။

လာမည့်နှစ်၌ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၆၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လှုပ်ရှားမှုများနှင့်ပတ်သက်၍လည်း ခေါင်းဆောင်များကဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒေသတွင်းနှင့်နိုင်ငံတကာဖိုရမ်များတွင် အပြန်အလှန်ဆက်လက်ပံ့ပိုးကူညီရန် ဆုံးဖြတ်
ခဲ့ကြပြီး စိန်ခေါ်မှုများကိုကိုင်တွယ်ဖြေရှင်းရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်လည်းကတိပြုခဲ့ကြသည်။

Source – Khmer Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်ပြော

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း "ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071