ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုကြောင့် လေယာဉ်ခရီးစဉ်အချို့ဖျက်သိမ်း၊ အချို့လမ်းကြောင်းပြောင်း

ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုကြောင့် လေယာဉ်ခရီးစဉ်အချို့ဖျက်သိမ်း၊ အချို့လမ်းကြောင်းပြောင်း
August 5, 2022 Popular Journal

ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုကြောင့် လေယာဉ်ခရီးစဉ်အချို့ဖျက်သိမ်း၊ အချို့လမ်းကြောင်းပြောင်း

ဆိုးလ်၊ဩဂုတ် ၅

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်မှ စတင်ခဲ့သော တရုတ်၏စစ်ရေးလေ့ကျင့်မှုကြောင့် လေကြောင်းလိုင်းအများစု ယာယီဖျက်သိမ်းခဲ့ရပြီး အချို့ကို‌လေ့ကျင့်ရေးနေရာနားရှိ‌ ဝေဟင်ပိုင်နက်ကိုရှောင်ရှားနိုင်ရန် လမ်းကြောင်းပြောင်းပျံသန်းခဲ့ရကြောင်း သိရှိရသည်။

ထိုင်ဝမ်ရေလက်ကြားရှိ တရုတ်၏အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု၌ ကြာသပတေးနေ့တွင် လေယာဉ်အမြောက်အမြားကိုဖြန့်ကြက်ခဲ့ပြီး ထိုင်ဝမ်အနီးတွင်ဒုံးကျည်များလည်းပစ်ခတ်ခဲ့သည်။ယခုလေ့ကျင့်မှုကို မူလကကြေငြာထားသည့်အတိုင်း ကြာသပတေးနေ့မှတနင်္ဂနွေနေ့‌ ဒေသစံတော်ချိန်မွန်းတည့်သည်အထိ လေးရက်ကြာပြုလုပ်သွားမည်ဟုသိရှိရသည်။

လေ့ကျင့်သည့်ဧရိယာပမာဏ သေးငယ်သော်လည်း ၁၉၉၆ ခုနှစ်က ကမ်းလွန်ပင်လယ်ပြင်၌စတင်ပြုလုပ်ခဲ့သည့် တရုတ်၏ ဒုံးကျည်များပစ်ခတ်၍ စစ်ရေးလေ့ကျင့်မှု သည် အရှေ့တောင်အာရှနှင့်အရှေ့မြောက် အာရှအကြားခရီးသွားလာမှုကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။စစ်ရေးလေ့ကျင့်မှုများအတွင်း လေပိုင်နက်ယာယီပိတ်ထားခြင်းနှင့် လမ်းကြောင်းပြောင်းခြင်းများသည် ကမ္ဘာတစ်ဝန်းတွင်ပုံမှန်ဖြစ်ပွားလေ့ရှိသည့်အရာများဖြစ်သည်။

ထိုင်ဝမ်၏ ရေပိုင်နက် ၁၂ မိုင် (၂၂ ကီလိုမီတာ) အကွာတွင် တရုတ်၏ စစ်ရေးလေ့ကျင့်မှုသည် ထူးထူးခြားခြား ဖြစ်နေကာ ထိုင်ဝမ်အရာရှိများက ယခုလုပ်ရပ်သည် နိုင်ငံတကာ၏အမိန့်ကိုစိန်ခေါ်ပြီး ထိုင်ဝမ်၏ ပင်လယ်နှင့်လေပိုင်နက်ကို စိန်ခေါ်လိုက်ခြင်းဖြစ်သည် ဟုဆိုကြသည်။

ကိုရီးယားလေကြောင်းခရီးစဉ် ( 003490.KS ) နှင့် စင်္ကာပူလေကြောင်းခရီးစဉ် ( SIAL.SI ) တို့ကိုစစ်ရေးလေ့ကျင့်မှုများကြောင့် သောကြာနေ့တွင် ဖျက်သိမ်းလိုက်ကြောင်း ပြောကြားခဲ့ပြီး ကိုရီးယားလေကြောင်းလိုင်းသည် ၎င်း၏စနေနေ့ခရီးစဉ်များကိုပါ ဖျက်သိမ်းကာ တနင်္ဂနွေလေကြောင်းခရီးစဉ်များကို လည်းရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

Japan’s ANA Holdings Inc (9202.T) နှင့် Japan Airlines Co Ltd (9201.T) တို့သည် တိုင်ပေသို့ ပုံမှန်ပျံသန်းပြေးဆွဲဆဲဖြစ်ကြောင်း လေကြောင်းလိုင်းများ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသော်လည်း အဆိုပါခရီးစဥ်များသည် စစ်‌ ရေးလေ့ကျင့်ရာ၌ပါဝင်သော လေပိုင်နက်ကို ရှောင်ရှားသွားလာနေကြပြီး ဟောင်ကောင်နှင့်အရှေ့တောင်အာရှခရီးစဉ်တို့မပါဝင်ပေ။

ဟောင်ကောင်၏ Cathay Pacific Airways Ltd ခရီးစဉ် (0293.HK) နှင့် ဖိလစ်ပိုင်လေကြောင်းလိုင်းတို့က ၎င်းတို့၏ခရီးစဥ်များသည် ထိုင်ဝမ်တစ်ဝိုက်ရှိ သတ်မှတ်ထားသော လေပိုင်နက်ဇုန်များကို ရှောင်ရှားသွားလာနေကြောင်းဆိုကာ၊ဗီယက်နမ်လေကြောင်းထိန်းချုပ်ရေးမှူးက ၎င်း၏လေကြောင်းလိုင်းများအား အဆိုပါဧရိယာကိုရှောင်ရှားရန် သတိပေးခဲ့သဖြင့် အချို့သောခရီးစဥ်များအတွက် မောင်းနှင်ချိန်ပိုသွားနိုင်ကြောင်းပြောခဲ့သည်။

Emirates၊ United Airlines Holdings Inc (UAL.O) နှင့် တူရကီလေကြောင်းလိုင်းတို့ကမူ ဒေသစံတော်ချိန်သောကြာနေ့ နံနက်ပိုင်းတွင် တိုင်ပေသို့ပျံသန်းပြေးဆွဲခဲ့ကြသည်။

ထိုင်ဝမ်သည်လည်း ကိုဗစ်ကြောင့် ဆိုက်ရောက်ခရီးသည်များကို ကွာရန်တင်းထားရှိရန် လိုအပ်နေသေးသည့် ကမ္ဘာပေါ်ရှိ နေရာအနည်းငယ်အနက်မှတစ်ခုဖြစ်သဖြင့် နိုင်ငံသို့ခရီးသည်ဝင်‌ရောက်နှုန်း လျော့ကျသွားကာ ကပ်ရောဂါမဖြစ်ပွားမီကထက် လေကြောင်းခရီးစဥ်များ နည်းသွားသည်ဟု ဆိုသည်။

ပျံသန်းမှုအန္တရာယ်ဆိုင်ရာ အချက်အလက်များကို မျှဝေပေးသည့် လေကြောင်းလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး OPSGROUP ကမူ ယခုလေ့ကျင့်ရေးသည် အရှေ့တောင်အာရှနှင့် အရှေ့မြောက်အာရှအကြား အဓိကလမ်းကြောင်းများကိုထိခိုက်‌ စေမည်ဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းပြောင်းရသဖြင့် အချိန်ပိုကြာကာ လောင်စာဆီပိုကုန်စေမည်ဟုလည်းပြောကြားခဲ့သည်။

ထိုင်ဝမ်သည် အစားထိုးလေကြောင်းလမ်းများရှာဖွေရန် အိမ်နီးချင်းဂျပန်နှင့်ဖိလစ်ပိုင်တို့နှင့်ပါ စေ့စပ်ညှိနှိုင်းနေကြောင်း ထိုင်ဝမ်၏တရားဝင် Central News Agency (CNA) ကဖော်ပြခဲ့သည်။

Source – Reuter

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*