Thursday, May 29, 2025

တီမောလက်စ်တီးကို အဖွဲ့ဝင်ခွင့်ပြုရန် အာဆီယံ သဘောတူပြီ

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များသည် လာမည့်အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တီမောလက်စ်တီးကို အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် သဘောတူလိုက်ကြသည်ဟု ထိုင်းအကြီးတန်း သံတမန်တစ်ဦးက...

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့်...

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂)...

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား...

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏...
HomeNewsLocal Newsဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲလျှောက်လွှာ...

ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲလျှောက်လွှာ ရောင်းချမှု လူစုလူဝေးဖြစ်၍ ရန်ကုန်တွင်လည်းလျှောက်လွှာ ရောင်းချမှု ရပ်ဆိုင်းရ

ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲလျှောက်လွှာ ရောင်းချမှု လူစုလူဝေးဖြစ်၍ ရန်ကုန်တွင်လည်းလျှောက် လွှာ ရောင်းချမှု ရပ်ဆိုင်းရ

ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲလျှောက်လွှာ ဝယ်ယူသူများ အဆမတန်များပြားကာ လူစုလူဝေး ဖြစ်ပေါ်ခဲ့သည့်အတွက် လျှောက်လွှာ ရောင်းချခြင်းကို ရပ် ဆိုင်းလိုက်ကြောင်း သိရသည်။

N4 Level လျှောက်လွှာရောင်းချ ပေးသည့် ရန်ကုန်ပညာ ရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းရှေ့တွင် ယနေ့ ဩ ဂုတ်လ (၅) ရက် နံနက်အစောပိုင်းကတည်းက လူဦးရေ ၅၀၀၀ ဝန်းကျင် စီတန်းရောက်ရှိနေခြင်း ဖြစ်သည်။

ယင်းသို့ လူစုလူဝေး ဖြစ်ပေါ်ခဲ့သည့်အတွက် ဆက်လက်ရောင်းချရန်အခက်အခဲရှိသည့်အတွက် ယခုလို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော် မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MA JA) က ထုတ်ပြန်ထားသည်။

လူငယ်အများစုမှာ နံနက်(၂) နာရီဝန်းကျင်ကတည်းက စု ဝေးရောက်ရှိနေခြင်းဖြစ်ပြီး နံနက် (၆) နာရီတွင် လျှောက် လွှာ ရောင်းချခြင်း ရပ်ဆိုင်းကြောင်း ကြေညာခဲ့ခြင်း ဖြစ် သည်။

အဆိုပါ လျှောက်လွှာ ဝယ်ယူမည့် လူငယ်များ အလုအ ယက်တိုးဝှေ့ နေသည့် ရုပ်သံဖိုင်များ ယနေ့နံနက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာများတွင် ဖြန့်ဝေမှုများ ရှိနေပြီး ဝေဖန်မှုများလည်း ရှိနေသည်။

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MA JA) အနေဖြင့် N4 Level လျှောက်လွှာရောင်းချခြင်းကို အွန်လိုင်းမှတဆင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လျှောက်လွှာဝယ်ယူရာတွင် လျှောက်လွှာတစ်ဆောင်လျင် ၃၀၀၀ ကျပ် ပေးရပြီး စာမေးပွဲ ဖြေဆိုခွင့်အတွက် စာမေးပွဲကြေးကို ၃၀၀၀၀ ကျပ် /၄၀၀၀၀ ကျပ် စသဖြင့် Level အလိုက် ပေးရကြောင်း သိရသည်။

အဆိုပါ စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို ရန်ကုန်နျင့် မန္တလေးတို့တွင် လျှောက်လွှာပေါင်း ၄၆၀၀၀ ကျော် ရောင်းချမည်ဖြစ်ကြောင်း MAJA က ကြေညာထားပြီး ပြီးခဲ့သည့် ဩဂုတ်လ (၃) ရက်က မန္တလေးမြို့တွင်လည်း အလားတူ လူစုလူဝေး ဖြစ်ပေါ်ခဲ့သည့်အတွက် လျှောက် လွှာရောင်းချခြင်းကို ရပ်ဆိုင်း ပစ်ခဲ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တီမောလက်စ်တီးကို အဖွဲ့ဝင်ခွင့်ပြုရန် အာဆီယံ သဘောတူပြီ

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များသည် လာမည့်အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တီမောလက်စ်တီးကို အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် သဘောတူလိုက်ကြသည်ဟု ထိုင်းအကြီးတန်း သံတမန်တစ်ဦးက ပြောသည်။            တီမောကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် အာဆီယံခေါင်းဆောင်များက သဘောတူလိုက်ခြင်းသည် အဖွဲ့ကို အားကောင်းစေရန် အထောက်အကူဖြစ်လိမ့်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ် Bolbongse Vangphaen က ပြောကြားခဲ့သည်။ “တီမောလက်စ်တီးကို ပေါင်းထည့်တာဟာ အာဆီယံကို ပိုမိုအားကောင်းလာစေဖို့ တပ်ဆင်ပေးလိုက်သလိုပါပဲ” ဟု ကွာလာလမ်ပူတွင် မလေးရှားနိုင်ငံက ဦးဆောင်ကျင်းပသည့် ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး ရလဒ်နှင့်ပတ်သက်သော...

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်အသင်းဆို

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ (၂၈)ရက် ညပိုင်းက မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းအတွင်း ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ASEAN ALL STARS အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မောင်မောင်လွင်၏ အဖွင့်ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အပေါ် ရည်ရွှယ်ခြင်းဖြစ်သည်။ "ရန်ကုန်ယူနိုက်တက် မြက်ခင်းစိမ်းမှာ ပျော်မွေ့ခဲ့တဲ့ ခြင်္သေ့လေးတစ်ကောင်ရဲ့ အံ့ဩသင့်ဖွယ်ရာ အနိုင်ဂိုးဖြစ်တဲ့အပြင် မြန်မာကို ကမ္ဘာကသိစေမယ့် သမိုင်းဝင်မှတ်တမ်းကို ရေးထိုးပုံဖော်ပေးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂) သန်းနီးပါး အရေးပေါ် အကူအညီလိုအပ်နေဆဲဖြစ်

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား နေအိမ်များနှင့် မိသားစုဝင်များ၊ လုံခြုံသည့်နေရာများကို ဆုံးရှုံးခဲ့ကြရကြောင်း UNICEF Myanmar က ဆိုသည်။ ထို့ပြင် မုတ်သုံလေဝင်ရောက်လာသည်နှင့်အမျှ အန္တရာယ်များသည်လည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေကြောင်း၊ ယူနီဆက်အနေဖြင့် ကလေးသူငယ်များနှင့် မိသားစုများကို ကူညီထောက်ပံ့ပေးနေသော်လည်း အရေးပေါ်အကူအညီ အများအပြား လိုအပ်နေသေးကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071