တာချီလိတ်မြို့သို့ မိုင်းဖုန်းဆရာတော်ကြီးကြွရောက်လာချိန်၌ လာရောက်ဖူးမြှော်သူများအဆင်ပြေစေရန် ပြင်ဆင်

တာချီလိတ်မြို့သို့ မိုင်းဖုန်းဆရာတော်ကြီးကြွရောက်လာချိန်၌ လာရောက်ဖူးမြှော်သူများအဆင်ပြေစေရန် ပြင်ဆင်
August 4, 2022 Popular Journal

တာချီလိတ်မြို့သို့ မိုင်းဖုန်းဆရာတော်ကြီးကြွရောက်လာချိန်၌ လာရောက်ဖူးမြှော်သူများအဆင်ပြေစေရန် ပြင်ဆင်

မိုင်းကျက်အထက်ဂူအတွင်း၌ ၃ နှစ်၊ ၃ လ၊ ၃ ရက် ဂူတွင်းအဓိဌာန်ကျင့်ကြံအားထုတ်ပြီးနောက် အဓိဌာန်ပြီးမြောက်အောင်မြင်၍ သြဂုတ် ၁ ရက်ကဂူအတွင်းမှပြန်လည်ထွက်တော်မူလာခဲ့သည့် မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းကျက်အောက်ဂူတွင် ၅ ရက်ကြာသီတင်းသုံးတော်မူလျက်ရှိသည်။

ထိုသို့ သီတင်းသုံးနေတော်မူရာမှ သြဂုတ် ၅ ရက်တွင် နားကောင်းမူးသို့ကြွရောက်ပြီးနောက် မိုင်းဆတ်မြို့တွင် တစ်ညသီတင်းသုံးတော်မူပြီးနောက် သြဂုတ် ၆ ရက်၌ တာချီလိတ်မြို့သို့ ကြွရောက်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တာချီလိတ်မြို့သို့ကြွရောက်အပူဇော်ခံချိန်၌ အနယ်နယ်အရပ်ရပ်မှလာရောက်ဖူးမြှော်မည့်သူများ အဆင်ပြေစွာဖူးမြှော်နိုင်စေရန် သြဂုတ် ၄ ရက်(ယနေ့)နေ့လည်ပိုင်းက စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်းနှင့်မိုင်းဖုန်း နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်ဒါယကာများက ညှိနှိုင်းစည်းဝေးခဲ့ကြသည်။

အစည်းအဝေး၌ ဆရာတော်ကြီးအားလာရောက်ဖူးမြှော်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့်လုံခြုံရေးအတွက် တာဝန်များခွဲဝေဆောင် ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့အတူ အလှုအတန်းပြုလုပ်လိုသူများ အဆင် ပြေစွာလှုဒါန်းနိုင်ရန် ပြန်ကြားရေးဌာနများထားရှိ၍ ချိတ်ဆက်ဆောင်ရွက်ပေးရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Photo-ရှမ်းအရှေ့သတင်းမဏ္ဍိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*