မြန်မာငွေတန်ဖိုးကျကာ ထိုင်းဘတ်ငွေတန်ဖိုးမြင့်တက်နေ၊ ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၇၃) ကျပ်အထိ ဈေးပေါက်နေ

မြန်မာငွေတန်ဖိုးကျကာ ထိုင်းဘတ်ငွေတန်ဖိုးမြင့်တက်နေ၊ ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၇၃) ကျပ်အထိ ဈေးပေါက်နေ
August 4, 2022 Popular Journal

မြန်မာငွေတန်ဖိုးကျကာ ထိုင်းဘတ်ငွေတန်ဖိုးမြင့်တက်နေ၊ ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၇၃) ကျပ်အထိ ဈေးပေါက်နေ

ထိုင်း – မြန်မာ ငွေကြေး ဈေးကွက်အတွင်း မြန်မာကျပ်ငွေ တန်ဖိုးကျနေပြီး ထိုင်းဘတ်ငွေ တန်ဖိုးမြင့်တက်လာကာ ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၇၃) ကျပ်ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ (၄) ရက် နံနက်ပိုင်း ဈေးကွက်အတွင်း ပေါက်ဈေးအရ ထိုင်းဘတ်ငွေ ဈေးနှုန်းများအနေဖြင့် ကျပ်ပေးဘတ်ယူ ဈေးနှုန်းမှာ ထိုင်း‌ငွေ (၁) ဘတ်လျင် မြန်မာကျပ်ငွေ (၇၃) ကျပ်ဝန်းကျင် ဈေးပေါက်ပြီး ဘတ်ပေး ကျပ်ယူ ဈေးနှုန်းမှာ ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၇၁) ကျပ်ဖြစ်ကြောင်း ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှ ငွေလဲကောင်တာတစ်ခုမှ ပိုင်ရှင်အမျိုးသမီး တစ်ဦးက ပြောသည်။

” ကျပ်ပေးက ၁၃၈၀ ၊ ဘတ်ပေးက ၁၄၀၀ ပေါက်တယ် ။ အခု လက်ရှိဈေးနော် ။ ထပ်တက်ဦးမယ်ထင်တယ်။ အချိန်နဲ့အမျှ တက်နေတာ။ စံချိန်တင်ပဲ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ထိုင်းငွေ ဈေးနှုန်းမှာ ဈေးကွက်အတွင်း ပြီးခဲ့သည့် ဇူလိုင် လလယ်ပိုင်းက စတင်မြင့်တက်လာရာမှ ယခု ဩဂုတ် လ ဆန်းပိုင်းတွင် (၇၀) ကျော် အထိရောက်ရှိလာခြင်း ဖြစ် သည်။

ယခုလက်ရှိ ဈေးနှုန်းကွာဟမှု အရှိန်အရ မကြာမီရက် ပိုင်းအတွင်း ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၁၀၀) ကျပ်‌အထိ ရောက်လာနိုင်ချေရှိကြောင်း ငွေကြေးကျွမ်း ကျင်သူလည်းဖြစ် ထိုင်း – မြန်မာ ကုန်စည်တင်သွင်းသည့် လုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်သည့် သတင်းရင်းမြစ်တဦးက ပြောသည်။

” ဒီလို အတက်ကြမ်းပုံမျိုးနဲ့ဆိုရင် သိပ်မကြာဘူး။ ၁၀၀ အထိရောက်လာလိမ့်မယ် ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြဝတီ ငွေလဲဈေးကွက်အတွင်း ထိုင်း (၁) ဘတ်လျင် မြန်မာငွေ (၇၀) အောက် အ ရောင်းအဝယ်ဖြစ်နေရာမှ ဩဂုတ်လ လဆန်းပိုင်းတွင် အ ဆမတန် မြင့်တက်လာနေခြင်း ဖြစ်သည်။

ယခုကဲ့သို့ မြန်မာငွေ ဈေးနှုန်း စံချိန်တင်ကျဆင်းနေမှုကြောင့် ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်သူများနှင့် ထိုင်းမှာ ကုန်စည်တင်သွင်းသူများအ တွက် အထိနာမည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီး သွင်း ကုန်လုပ်ငန်းအများစု ရပ်တန့်သွားနိုင်သည့်အခြေအနေမျိုးအထိရှိနေကြောင်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*