ရုရှား-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွား‌ရေး ကော်မရှင်အစည်းအဝေးတွင် လက်တွေ့ကျသောကဏ္ဍများထည့်သွင်းဆွေးနွေးရန် အတည်ပြု

ရုရှား-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွား‌ရေး ကော်မရှင်အစည်းအဝေးတွင် လက်တွေ့ကျသောကဏ္ဍများထည့်သွင်းဆွေးနွေးရန် အတည်ပြု
August 4, 2022 Popular Journal

ရုရှား-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွား‌ရေး ကော်မရှင်အစည်းအဝေးတွင် လက်တွေ့ကျသောကဏ္ဍများထည့်သွင်းဆွေးနွေးရန် အတည်ပြု

ယခုနှစ်ဝက်တွင် ပြုလုပ်ရန်ရှိသည့် ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့်စီးပွားရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကော်မရှင်၏ တတိယအကြိမ်မြောက်အစည်းအဝေးတွင် လက်တွေ့ကျသောနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွားရေးကဏ္ဍများကိုဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ သြဂုတ် ၃ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသော ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့် နစကဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံအပြီး ယင်းသို့အပြန်အလှန်ကတိကဝတ်ပြုခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။

ထို့အပြင် နှစ်နိုင်ငံ၏ နိုင်ငံရေး၊ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု၊ကာကွယ်ရေးနှင့် လုံခြုံရေး နယ်ပယ်တွင် အပြန်အလှန်ဆက်ဆံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများဖလှယ်ရေး အပါအဝင် ရုရှား-မြန်မာ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟုရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်က‌ ဖော်ပြသည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတိုးမြှင့်သည့်အနေဖြင့် ရုရှားနိုင်ငံတွင် မြန်မာကောင်စစ်ဝန်ရုံးနှစ်ရုံးဖွင့်လှစ်ရန်နှင့်မြန်မာနိုင်ငံတွင်လည်း ကောင်စစ်ဝန်ရုံးများဖွင့်လှစ်ရန် ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ယင်းအပြင် ရုရှားနှင့်မြန်မာနိုင်ငံပထဝီဝင်နိုင်ငံရေးအခြေအနေများကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတကာအသိုင်းအဝိုင်း၏ တန်းတူညီမျှမှု၊ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရှိ စံချိန်စံညွှန်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေမူများကို လေးစားလိုက်နာကာညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

အလားတူ ဆာဂေးလားရော့ဗ်နှင့်နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်တို့လည်းတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၎င်းတို့နှစ်ဦးဆွေးနွေးမှုတွင် ဒေသတွင်းနှင့်ကမ္ဘာ့ပြဿနာများအပြင် နိုင်ငံတကာနယ်ပယ်တွင် ညှိနှိုင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်အဆင်သင့်ရှိကြောင်းလည်း ဆွေးနွေးခဲ့ကြသည့်အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနများကြားဆွေးနွေးပွဲများ ပိုမိုအရှိန်အဟုန်မြှင့်တင်ရန်အတွက် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနများနှင့် RSM ၂၀၂၂-၂၀၂၄ အတွက်လည်း ညှိနှိုင်းရေးအစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်၏ ယခု မြန်မာနိုင်ငံခရီးစဥ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် မျောက်ကျောက်ရောဂါရှာဖွေရန်အတွက် ရုရှားမှပေးအပ်သည့် ရောဂါစမ်းသပ်သည့် ပစ္စည်းအစုံ ၅၀၀ ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရုရှား- မြန်မာသံတမန်ဆက်ဆံရေးသည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် (၇၅) နှစ်ပြည့်မြောက်မည် ဖြစ်သည်။

Source- Ministry of Foreign Affairs of the Russian Federation

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*