ALP ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ရက္ခိုင့်တပ်တော် (AA) ဖမ်းဆီး

ALP ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ရက္ခိုင့်တပ်တော် (AA) ဖမ်းဆီး
August 3, 2022 Popular Journal

ALP ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ရက္ခိုင့်တပ်တော် (AA) ဖမ်းဆီး

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ဩ ဂုတ်လ (၂) ရက် ညပိုင်းက AA က ဖမ်းဆီးသွားကြောင်း သိရသည်။

ဩဂုတ်လ (၂) ရက် ညနေ (၆) နာရီခန့်တွင် AA တပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ဆွေ မျိုးတော်စပ်သူ (၈) တန်းကျောင်းသား မောင်စိုးမင်းနိုင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်အမျိုးသားစည်း လုံးညီညွတ်ရေးကို ထိပါးစေပြီး ရခိုင့်တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားတွင် လုံးဝမဖြစ်သင့်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါ တီက ဩဂုတ်လ (၃) ရက် ညနေပိုင်းတွင် ထုတ်ပြန်ထား သည်။

” AA နဲ့ ကျွန်တော်တို့ ALP ပါတီနဲ့ ကြားမှာ ပြဿနာ တစ် စုံတရာမရှိပါဘူး။ အဲဒီလိုအခြေနေမျိုးမှာ ကျွန်တော်တို့ဖက်က ဗဟိုအလုပ်မှုဆောင် တစ်ဦးလည်း ဖြစ်တယ်၊ ဒဗိုလ်မှူးကြီး တစ်ဦးလည်း ဖြစ်တဲ့ ခေါင်းဆောင်တစ်ဦးကို သူတို့ဖက်က ဖမ်းသွားတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စလို့ပဲ မြင်တယ်” ဟု ALP ပါတီ အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်က ပြောသည်။

ALP/ALA နှင့် ULA/AA တို့သည် လူမျိုးတစ်မျိုးတည်းဖြစ်ပြီး ပန်းတိုင်တစ်ခုတည်းသို့  ချီတက်နေသည့် တော် လှန်ရေး အဖွဲ့အစည်းများဖြစ်ကာ လက်ရှိ နိုင်ငံရေးအ ကျပ်အတည်း ကာလတွင် ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် တိုင်းရင်းသားမဟာမိတ် အသိုင်းအဝိုင်းနှင့် နိုင်ငံ တကာအသိုင်းအဝိုင်းကြားတွင် ရခိုင်လူမျိုး၏ ဂုဏ်သိ က္ခာကို ကျဆင်းစေကြောင်း ALP ပါတီက ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြသည်။

လက်ရှိတွင် ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်လင်းနှင့် မောင်စိုးမင်းနိုင်တို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးဘဲ AA ခေါင်းဆောင်းများထံ ဆက်သွယ်နေကြောင်း ALP ပါတီ အထွေထွေ အတွင်းရေးမှူးက ပြောသည်။

” အဖမ်းခံထားရတဲ့ သူတွေနဲ့ အဆက်အသွယ်တော့ မရသေးဘူး။ ဘယ်မှာရှိလဲ ဘာညာဆိုကိုလည်း ကျွန်တော်တို့ မသိရသေးဘူး။ AA ခေါင်းဆောင်တွေကိုလည်း ဆက်သွယ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ လောလော ဆယ် တော့ အဆက်အသွယ် မရသေးဘူး” ဟု ခိုင်ကျော်ခိုင်က ပြောသည်။

AA အနေဖြင့် ယခင်ကလည်း ရခိုင်ပြည် လွတ်မြောက် ရေးပါတီမှ ခေါင်းဆောင်အချို့နှင့် ရဲဘော်များကို ဖမ်း ဆီးမှုများ လုပ်ဆောင်ခဲ့ဖူးပြီး ယခုအချိန်ထိ ပြန်လွှတ် ပေးခြင်း မရှိသေးကြောင်းလည်း ALP က ထုတ်ပြန်ထား သည်။

ALP ပါတီသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦး ဆောင်သည့်  နစက ၊ တပ်မတော် ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ဆောင်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

Photo- ALP စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန FB Page

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*