မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်ကာ အခြေ ခံပြည်သူများအတွက် ဆန်များ စတင်ရောင်းချ

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်ကာ အခြေ ခံပြည်သူများအတွက် ဆန်များ စတင်ရောင်းချ
August 3, 2022 Popular Journal

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်ကာ အခြေ ခံပြည်သူများအတွက် ဆန်များ စတင်ရောင်းချ

စားသုံးသူ ပြည်သူများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးဆောင်ပြီး ဆန် (၁) အိတ် ၃၅၀၀၀ ကျပ်မှ စ၍ ရောင်းချပေးသွားမည့် အစီအစဉ်ကို ယနေ့ နံနက်ပိုင်းမှ စတင်နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ ဆန်ရောင်းချခြင်း အစီအစဉ်ကို ယနေ့ ဩဂုတ် လ (၃) ရက်မှ စတင်ကာ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၃)နာရီအတွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန်ရောင်းချမည့် အစီအစဉ်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအ သင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း) နှင့် ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တို့ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

ယခုရောင်းချပေးမည့် အစီအစဉ်တွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ကြားပျံ၊ ရက် (၉၀) စသည့် ဆန်အမျိုးအစားများ ပါဝင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် (၁) အိတ်လျင် (၃၅၀၀၀) ကျပ်မှ (၇၇၀၀၀) ကျပ်အထိ အ စားစားရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ရောင်းချပေးသွားမည့် ဈေးနှုန်းများမှာ ရက် (၉၀) ဆန် (၁) အိတ်လျင် (၃၅၀၀၀) ကျပ်မှ (၃၇၀၀၀) ကျပ်၊ ကြားပျံဆန် (၁) အိတ်လျင် (၅၅၀၀၀) ကျပ်မှ (၆၀၀၀၀) ကျပ်၊ ဧရာဝတီ ပေါ်ဆန်း (၁) အိတ်လျင် (၅၂၀၀၀) ကျပ်မှ (၅၅ ၀၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း (၁) အိတ်လျင် (၇၅၀၀၀) ကျပ်မှ (၇၇၀၀၀) ကျပ်ဖြင့် ရောင်း ချပေးသွားမည် ဖြစ် ကြောင်း သိရသည်။

လက်ရှိဈေးကွက်အတွင်း တန်းမြင့်ဆန်အဖြစ် သတ်မှတ်ထားသည့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျင် ၉၀၀၀၀ ဝန်း ကျင်အထိ ပေါက်ဈေးရှိနေပြီး အခြားဆန်အမျိုးအစားများမှာလည်း ယခင်လဆန်းပိုင်းကနှင့်နှိုင်းယှဉ်ပါက (၁) အိတ်လျင် (၅၀၀၀) ကျပ်မှ (၁၀၀၀၀) ဝန်းကျင်အထိ ဈေး နှုန်းမြင့်တက်မှုများ ရှိခဲ့ကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

ယခု ဆန်ရောင်းချမည့်အစီအစဉ်မှာ အခြေခံ ပြည်သူလူ ထုသို့ ရောင်းချပေးမည့် အစီအစဉ်ဖြစ်ပြီး တစ်‌အိမ် ထောင်လျင် ဆန် (၁) အိတ်နှုန်းသာ ရောင်းချပေးသွားမည်ဖြစ်ကာ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)တည်ရှိရာ ၊ ဝါးတန်းဆိပ်ကမ်းနယ်မြေတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*