ပန်းတနော်မြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းတွင် ကွန်တိန်နာကားနှင့်ထော်လာဂျီတိုက်၍ အမျိုးသား ၄ ဦးသေဆုံး

0
95

ပန်းတနော်မြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းတွင် ကွန်တိန်နာကားနှင့်ထော်လာဂျီတိုက်၍ အမျိုးသား ၄ ဦးသေဆုံး

ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်၊မင်းဆယ်အုပ်စု၊လှိုင်းတာကျေးရွာအနီးရှိ ရန်ကုန်-ပုသိမ်သွားကားလမ်း၏ မိုင်တိုင်အမှတ်-၅၃/၃ နှင့် ၅၃/၄ ကြားတွင် သြဂုတ် ၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယင်းနေ့ည ၇ နာရီ ၁၀ မိနစ်ခန့်က ကွန်တိန်နာကားနှင့်အမျိုးသား ၉ ဦးလိုက်ပါလာသည့် ထော်လာဂျီတို့တိုက်မိကြောင်း သတင်းအရ ပန်းတနော်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ထော်လာဂျီပေါ်၌ လိုက်ပါလာသူများအနက် အမျိုးသား ၄ ဦးမှာထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကာ ကျန်အမျိုးသား ၅ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။


ထို့ကြောင့် သေဆုံးသူများ၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား ပန်းတနော်မြို့ နယ် နာရေးကူညီရေးမှုအသင်းနှင့်သစ္စာရှင်လူမှုကူညီရေးအသင်းကားတို့ဖြင့် ပန်းတနော်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ကူညီကယ်ဆယ်ရေးပြီးတဲ့အချိန်က ည ၈ နာရီခွဲလောက်မှပြီးသွားတယ် ကြာချိန် ၁ နာရီခွဲလောက်တော့ရှိခဲ့တာပေါ့”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here