Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeNewsLocal Newsစားအုန်းဆီ စျေးကစားရန် မသမာသည့်...

စားအုန်းဆီ စျေးကစားရန် မသမာသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်သူများအား အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုဥပဒေဖြင့် အရေးယူမည်

စားအုန်းဆီ စျေးကစားရန် မသမာသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်သူများအား အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုဥပဒေဖြင့် အရေးယူမည်

ပြည်တွင်းစျေးကွက်အတွင်း စာအုန်းဆီစျေးအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်းအပါအဝင် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့် လုပ် ဆောင်ချက်များပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန ၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

ယခု ရက်သတ္တပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင်စျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်မှုများအရ ယနေ့ သြဂုတ် ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်အထိုင်စျေးနှုန်းမှာ တစ်ပိသာလျှင် ၃၅၂၅ ကျပ်အဖြစ် သတ်မှတ်ထားရှိသည်။

သို့သော်စျေးကွက်အတွင်းတွင် လက်လီစျေးစားအုန်းဆီတစ်ပိသာလျှင် ၈၈၀၀ကျပ်ဖြင့် ရောင်းချနေပြီး၊ တစ်ဆယ်သားလျှင် ကျပ် ၉၀၀ ဖြင့်ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။ “ကျွန်မတို့က အကြော်ရောင်းတာဆိုတော့ နေ့တိုင်းဆီဝယ်ရတယ်။ အခုစျေးတွေတက်နေတော့ တစ်နေ့စာ တစ်နေ့ပဲ ဝယ်ဖြစ်တယ်၊ ပိသာလိုက်ဝယ်ရင် ၈၈၀၀ပေးရပြီး တစ်ဆယ်သားချင်းဝယ်ရင် ၉၀၀ ပေးရတယ်” ဟု တွံတေးမြို့နယ်မှ အကြော်ရောင်းချသူတစ်ဦးမှ ပြောပါတယ်။

“ကျွန်မတို့က စားအုန်းဆီစျေးနှုန်းတွေကမောက်ကမဖြစ်လို့ တင်ကိုမထားဘူး။ ဆိုင်တော်တော်များများလည်းတင်မရောင်းကြဘူး။ အခုဆိုင်မှာတင်ရောင်းတာဆိုလို့ ဗူးဆီခေါ်တာပေါ့။ အမေထွားတို့ ၊ ရန်ကုန်ပဲဆီသန့်တို့ ဒါတွေဘဲရောင်းရတယ်။ ဘယ်လောက်လီတာဆိုဘယ်စျေးသတ်မှတ်ထားပြီးသားဖြစ်တဲ့အတွက် စကားလည်းပြောစရာမလိုဘူး။”ဟု ရပ်ကွက်စျေးအတွင်း ကုန်စုံဆိုင်ရောင်းချသူတစ်ဦးက ဆိုသည်။

အများပြည်သူများ သက်သာချောင်ချိရေးအတွက် လက် ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်း(MEODA)နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းတို့ ပူးပေါင်းစီစဥ်မှုဖြင့် စားဆီတစ်ပိသာလျှင် ၃၈၀၀ကျပ်ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်းဖြစ်တည်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှာနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့်FOB စျေးနှုန်းများကို နေ့စဥ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျ စရိတ်၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက် ချက်၍ ပြည်တွင်းစျေးကွက်အတွင်းရောင်း ဝယ် ဖောက် ကားရမည့် အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို ထုတ် ပြန်ပေးလျက်ရှိကြောင်းသိရသည်။

Photo – မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ဖုန်းပြောဆိုစဥ် မလေးရှား၏ စိုးရိမ်မကင်းဖြစ်မှုများကို အန်ဝါက ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် အစွမ်းကုန်ချုပ်တည်းကြရန်၊ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ ည ၁၀ နာရီမှစ၍ အင်အားသုံးခြင်း သို့မဟုတ် လက်နက်ကိုင်တပ်များကို စုစည်းချထားခြင်းများအပါအဝင် ပဋိပက္ခကို ပိုမိုဆိုးရွားစေမည့်...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071