Sunday, June 15, 2025

အစ္စရေး-အီရန် အပြန်အလှန်တို-က်ခို-က်၊ လေကာစနစ်များအသက်သွင်း

    သမိုင်းတလျှောက် နှစ်နိုင်ငံ အပြင်းထန်ဆုံး တို-က်ရို-က်ထိပ်တို-က်တွေ့မှုတွင် ရန်ဘက်နှစ်နိုင်ငံသည် အပြန်အလှန်ပြင်းထန်စွာ အပြန်အလှန်တို-က်ခို-က်နေပြီး စနေနေ့တွင် အီရန်က ၎င်း၏ နယ်မြေများစွာရှိ လေကြောင်းကာကွယ်ရေးစနစ်များကို အသက်သွင်းခဲ့သည်။...

အိန္ဒိယမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ 

     အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာရာခန်ပြည်နယ်တွင် တနင်္ဂနွေနေ့က လူခြောက်ဦး လိုက်ပါသွားသော ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့သည်ဟု အေအင်န်အိုင် သတင်းဌာနက သတင်းထုတ်ပြန်သည်။        ရဟတ်ယာဉ်သည် ပြည်နယ်၏ Gaurikund ဧရိယာတွင်...

မနက်ဖြန် ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ကစားမည့် ယူ-၁၉...

အာဆီယံ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဥ်အတွင်း ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။ ထိုင်းအသင်းသည်...

အမြန်လမ်းတွင် ကုန်တင်ကားနှစ်စီးတို-က် (၁)ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ယနေ့ ဇွန် ၁၅ ရက်နံနက် ၅ နာရီခန့်က ကုန်တင်ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ်...
HomeNewsLocal Newsပြည်ထောင်စု ရေရှည်တည်တံ့စေရန် ရွေးကောက်ပွဲ...

ပြည်ထောင်စု ရေရှည်တည်တံ့စေရန် ရွေးကောက်ပွဲ စနစ်ကို ပြောင်းလဲဖို့ လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား

ပြည်ထောင်စု ရေရှည်တည်တံ့စေရန် ရွေးကောက်ပွဲ စနစ်ကို ပြောင်းလဲဖို့ လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား

ပြည်ထောင်စု ရေရှည်တည်တံ့ရေး၊ နိုင်ငံတော်အဓွန့်ရှည်ကြာရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချု ပ်ငြိမ်းစေရေးတို့အတွက် ရွေးကောက်ပွဲ စနစ်ကို ပြု ပြင်ပြောင်းလဲရန် လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဩဂုတ်လ (၁) ရက် နံနက်ပိုင်းက ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲမှ ဖြစ်ပါမယ်။ လက်ရှိအသုံးပြုနေတဲ့ နိုင်သူအကုန်ယူ(FPTP)စနစ်အ ပြင် အချိုးကျကိုယ်စားပြု စနစ်(PR-Proportional Representation)ကို ထည့်သွင်းဆောင်ရွက်ဖို့လိုကြောင်း တွေ့ရပါတယ်။ ဒီလိုပြင်ဆင်ရာမှာ အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြင်ဆင်ရမှာဖြစ်သလို နိုင်ငံရေးပါတီတွေ အနေနဲ့ကလည်း ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အဲ့လိုပြင်ဆင်နိုင်ရန် လုံလောက်တဲ့ အချိန်ရယူသွားရမှာပဲဖြစ်တယ်။ကျွန်တော် တို့ပြည်ထောင်စု ရေရှည်တည်တံ့ဖို့၊ နိုင်ငံတော်အဓွန့်ရှည်ကြာဖို့၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ် ငြိမ်းသွားဖို့ ဒီစနစ်ကို အကောင်အထည်ဖော် ရပါမယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့အစိုးရအဖွဲ့ တာဝန်ယူခဲ့သည့် ၁၈ လတာ ကာလအတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ယနေ့ ဩဂုတ်လ (၁) ရက် နံ နက် (၈) နာရီက ပြည်သူလူထုထံ တင်ပြသည့် မိန့်ခွန်းကို နိုင်ငံပိုင် မီဒီယာမှတဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပြောကြားရာတွင် နိုင်ငံတော် တည်တံ့ခိုင်မြဲရန်နှင့် နိုင်ငံသားအားလုံး ဒီမိုကရေစီအခွင့်အရေးကို တန်းတူညီမျှ ခံစားနိုင်ရန်အတွက် အချက် (၂)ချက်ကို ပြုပြင်ရန် လိုအပ်ပြီး အဆိုပါ အချက်(၂) ချက်မှာ နိုင်ငံရေးအရပြု ပြင်ဆောင်ရွက်ခြင်းနှင့် တိုင်းရင်းသားရေးအရ ပြုပြင် ဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းအချက် (၂) ချက်သည် သီးခြားစီဟု ထင်ရသော် လည်း တစ်ခုနှင့် တစ်ခုခွဲမရအောင် ဆက်စပ်လျက် ရှိကြောင်းလည်း ၎င်းက ပြောသည်။

ထို့အပြင် မြန်မာ နိုင်ငံတွင် ပါတီစုံဒီမိုကရေစီ စနစ် စတင်ကတည်းက အထွေထွေရွေးကောက်ပွဲ (၃) ကြိမ်ကျင်းပခဲ့သော်လည်း နယ်မြေမတည်ငြိမ်သည့် တိုင်းရင်းသား ဒေ သများတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့်အတွက် အဆိုပါ ဒေသမှ တိုင်းရင်းသားများအနေဖြင့် ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးရကြောင်း သိရသည်။

လွှတ်တော်အသီးသီးတွင် တိုင်းရင်းသားနှင့်လူထုလူတန်း စား အလွှာအသီးသီးကို ကိုယ်စားပြုသူများပါဝင်လာနိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်တွင် လက်ရှိအသုံးပြုနေတဲ့ နိုင်သူအကုန်ယူ(FPTP)စနစ်အပြင် အချိုးကျ ကိုယ် စားပြု စနစ်(PR-Proportional Representation)ကို ကျင့် သုံးရန် လိုအပ်ကြောင်းလည်း နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း (၃၃၀) မြို့နယ်ရှိသည့်အ နက် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် (၃၂၅) မြို့နယ်၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် (၃၂၃) မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် (၃၁၅) မြို့နယ် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စရေး-အီရန် အပြန်အလှန်တို-က်ခို-က်၊ လေကာစနစ်များအသက်သွင်း

    သမိုင်းတလျှောက် နှစ်နိုင်ငံ အပြင်းထန်ဆုံး တို-က်ရို-က်ထိပ်တို-က်တွေ့မှုတွင် ရန်ဘက်နှစ်နိုင်ငံသည် အပြန်အလှန်ပြင်းထန်စွာ အပြန်အလှန်တို-က်ခို-က်နေပြီး စနေနေ့တွင် အီရန်က ၎င်း၏ နယ်မြေများစွာရှိ လေကြောင်းကာကွယ်ရေးစနစ်များကို အသက်သွင်းခဲ့သည်။ အစ္စရေးကလည်း ဒုံးကျည်များကိုသုံး၍ အစုအပြုံလိုက် ပ-စ်ခတ်တို-က်ခို-က်လာနိုင်သည့်အတွက် လုံခြုံဘေးကင်းရာနေရာများတွင် ခိုလှုံကြရန် နိုင်ငံသားများကို တိုက်တွန်းခဲ့သည်။          အယာတိုလာအစိုးရ၏ ပစ်မှတ်မှန်သမျှကို တို-က်ခို-က်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကတိပြုလိုက်သကဲ့သို့ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်ကလည်း နောက်ထပ်တို-က်ခို-က်မှုများသည် ပိုပြင်းထန်အားကောင်းသော တုန့်ပြန်မှုဖြစ်လိမ့်မည်ဟု သတိပေးခဲ့အပြီးတွင် နှစ်ဖက်တို-က်ခို-က်မှုများ ထပ်မံပေါ်ထွက်လာခဲ့သည်။       တင်းမာမှု၏အရှိန်ကို လျှော့ချကြရန် တောင်းဆိုမှုများ ကျယ်ပြန့်လာသော်လည်း အမေရိကနှင့်...

အိန္ဒိယမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ 

     အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာရာခန်ပြည်နယ်တွင် တနင်္ဂနွေနေ့က လူခြောက်ဦး လိုက်ပါသွားသော ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့သည်ဟု အေအင်န်အိုင် သတင်းဌာနက သတင်းထုတ်ပြန်သည်။        ရဟတ်ယာဉ်သည် ပြည်နယ်၏ Gaurikund ဧရိယာတွင် ပျေ-ာက်ဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ အေအင်န်အိုင်က ဖော်ပြခဲ့သည်။       ပြည်နယ် သဘာဝဘေးတုန့်ပြန်ရေးတပ်ဖွဲ့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် အခြား ကယ်ဆယ်ရေးအသင်းအဖွဲ့များသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသည်ဟု ဥတ္တရာခန်ပြည်နယ် ဝန်ကြီးချုပ် ပူရှ်ကာဆင်းဒါမီက X ပေါ် ပို့စ်တင် ပြောဆိုခဲ့သည်။        ရာသီဥတု ဆိုးဝါးမှုကြောင့် ရဟတ်ယာဉ်သည် လမ်းပျေ-ာက်သွားခဲ့သည်ဟု တာဝန်ရှိသူများကို ကိုးကား၍ အိန္ဒိယတူဒေးသတင်းဌာနက ဖော်ပြခဲ့သည်။ Ref:...

မနက်ဖြန် ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ကစားမည့် ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်းအသင်း လေ့ကျင့်ပြင်ဆင်

အာဆီယံ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဥ်အတွင်း ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။ ထိုင်းအသင်းသည် မြန်မာအသင်းအတွက် ပြိုင်ဘက်ကောင်းအသင်း တစ်သင်းဖြစ်သည့်အတွက် ဂရုစိုက်ပြင်ဆင်ရမည့် အခြေအနေဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းအနေဖြင့် နှစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်ကာထိုင်းအသင်းဖြင့် ထိပ်တို-က်တွေ့ဆုံကြခြင်းဖြစ်သည်။ ထိုင်း-မြန်မာ ဆီမီးဖိုင်နယ်ပွဲစဥ်ကို မနက်ဖြန် ဇွန်လ ၁၆ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန်၌ အိမ်ရှင် ဗီယက်နမ်နှင့် အင်ဒိုနီးရှားအသင်း၊ ညနေ ၆...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071