Wednesday, May 28, 2025

အိမ်မဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတို-က်၍ နေအိမ်(၄)လုံးပြိုကျပျ-က်စီး

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် ယနေ့ မေ ၂၈ ရက်နေ့လည် ၁ နာရီကျော်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အိမ်မဲမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး...

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်ဖို့ ထရမ့်...

ယူကရိန်းအခြေအနေနဲ့ ပတ်သက်ပြီး ရုရှားအပေါ် ကန့်သတ်ချက်အသစ်တွေ ထပ်ပြီးတိုးမြှင့်ချမှတ်ဦးမလားဆိုတာကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အနေနဲ့ ဆုံးဖြတ်ရသေးဘူးလို့ အမေရိကန်အရာရှိတွေကို ကိုးကားပြီး Politico သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူတို့ရဲ့...

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး...

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး (၂)ဆင့်ချေးငွေမှ လယ်ယာသုံး စက်ကိရိယာ အမျိုးမျိုးကို ဝယ်ယူနိုင်ရန် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွက် ငွေကျပ် (၂၄) ဘီလီယံထုတ်ချေးရန်လျာထားကြောင်း...

မန္တလေးမြို့က cowboy music bar...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ CowBoy Music Bar တွင် ယနေ့ မေလ (၂၈) ရက် နံနက်ပိုင်းက မီးလေ-ာင်မှုဖြစ်ပွားခဲ့ပြီး မန်နေဂျာအပါအဝင်...
HomeInternationalတရုတ်ကထိုင်ဝမ်အားကျူးကျော်ပါက ဥရောပနည်းတူ ဆွစ်ဇာလန်ကလည်းအရေးယူပိတ်ဆို့မည်

တရုတ်ကထိုင်ဝမ်အားကျူးကျော်ပါက ဥရောပနည်းတူ ဆွစ်ဇာလန်ကလည်းအရေးယူပိတ်ဆို့မည်

တရုတ်ကထိုင်ဝမ်အားကျူးကျော်ပါက ဥရောပနည်းတူ ဆွစ်ဇာလန်ကလည်းအရေးယူပိတ်ဆို့မည်

ဇူးရစ်ခ်ျ၊ဇူလိုင် ၃၀

ထိုင်ဝမ်ကိုကျူးကျော်လာလျှင် ဥရောပသမဂ္ဂက တရုတ်နိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုမှန်သမျှကို ထောက်ခံမည်ဟု ဆွစ်ဇာလန်အေဂျင်စီအကြီးအကဲကသတင်းစာ‌ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်ပြည်မ၏ အချုပ်အခြာအာဏာကို လက်ခံရန် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်‌ မြှောက်ခံအစိုးရအား ဖိအားပေးသည့်အနေဖြင့် ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်စစ်တပ်က စစ်ရေးကိုအရှိန်မြှင့်လုပ်ဆောင်နေသည်။

ထိုင်ဝမ်အစိုးရကမူ ကျွန်းရှိလူ ၂၃ သန်းကသာ ၎င်းတို့၏အနာဂတ်ကို ဆုံးဖြတ်နိုင်ပြီး ငြိမ်းချမ်းရေးကို လိုလား‌သော်လည်း တိုက်ခိုက်ခံရပါက မိမိနိုင်ငံအားကာကွယ်သွားမည်ဟု ထိုင်ဝမ်အစိုးရက ပြောကြားခဲ့သည်။

ဆွစ်ဇာလန်သည် တရုတ်နိုင်ငံအပေါ် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများအတိုင်း ချမှတ်ပါမည်လားဟု Neue Zuercher Zeitung သတင်းစာ၏ မေးမြန်းမှုကို စီးပွားရေး အတွင်းဝန်ချုပ်ရုံး (SECO)ညွှန်ကြားရေးမှူး Marie – Gabrielle Ineichen – Fleisch က “ဒီလိုဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်လို့ယုံကြည်ပါတယ်”ဟုဆိုသည်။

“ဒါ‌ပေမဲ့ တရုတ်နဲ့အီးယူဟာ စီးပွားရေးအရဆက်ဆံရေးက ပိုအရေးကြီးတဲ့အတွက် တရုတ်ကိုပိတ်ဆို့အရေးယူမှုက (ရုရှားကို ဒဏ်ခတ်အရေးယူတာထက်) ပိုပြီးထိ‌ရောက်မှုပြင်းထန်ပါလိမ့်မယ်။ဒါကြောင့် အီးယူ၊အမေရိက၊ဆွစ်ဇာလန်တို့ဟာ ရုရှားနဲ့တုန်းကထက် တရုတ်နဲ့ပိုမိုကောင်းမွန်တဲ့ ဆွေးနွေးမှု‌တွေရှိလာနိုင်ပါတယ်။တကယ်ပိတ်ဆို့တဲ့အဆင့်ထိမရောက်ဖို့လည်း မျှော်လင့်ပါတယ်” ဟု၎င်းကဆိုသည်။

Ineichen – Fleisch သည် ဖေဖော်ဝါရီလက ရုရှား၏ယူကရိန်းကို ဝင်ရောက်မှုနှင့်ပတ်သက်၍ ရုရှားတစ်ဦးချင်းနှင့် ကုမ္ပဏီများအား EU ၏ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ချိန်က ဆွစ်ဇာလန်၏ရပ်တည်မှုကို ကာကွယ်ခဲ့သည်။

မော်စကို၏ အထက်တန်းလွှာများအတွက် ရေပန်းစားသော နေရာတစ်ခုဖြစ်သည့် ဆွစ်ဇာလန်တွင် ဒဏ်ခတ်ပိတ်ဆို့ထားသော ရုရှားနိုင်ငံသား ရာပေါင်းများစွာ၏ ပိုင်ဆိုင်မှုများအားထုတ်ယူခြင်းကိုအမြန်ဆုံပိတ်ဆို့ရန်လည်း ဖိအားများတိုးလာခဲ့သည်။

ယခုလအထိ ဆွစ်ဇာလန်နိုင်ငံသည် ဆွဇ်ဖရန့်ငွေ ၆ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ) တန်ဖိုးရှိ ရုရှားဘဏ္ဍာရေးပိုင်ဆိုင်မှုများနှင့်ပိုင်ဆိုင်မှု ၁၅ ခုကိုထုတ်ယူခွင့်အားပိတ်ပင်ထားပြီး Ineichen – Fleisch က ဤကိန်းဂဏန်းသည် များစွာပြောင်းလဲဖွယ်မရှိကြောင်းပြောကြားခဲ့သည်။

“ကျွန်မတို့ SECO မှာ မတွေ့ရသေးတဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရသူတွေရဲ့ ပိုင်ဆိုင်မှုတွေ အများကြီးရှိတယ်လို့‌တော့မတွေ့မိဘူး” ဟုလည်း ၎င်းကဆိုသည်။

Source – Reuters/yb

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်မဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတို-က်၍ နေအိမ်(၄)လုံးပြိုကျပျ-က်စီး

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် ယနေ့ မေ ၂၈ ရက်နေ့လည် ၁ နာရီကျော်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အိမ်မဲမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတို-က်ခတ်မှုကြောင့် နေအိမ်(၄)လုံးပြိုကျပျ-က်စီးကာ နေအိမ်(၃)လုံးအမိုးလန်ခဲ့သဖြင့် အိမ်မဲမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီရွှေ့ပြောင်းပေးမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်ဖို့ ထရမ့် မဆုံးဖြတ်ရသေး

ယူကရိန်းအခြေအနေနဲ့ ပတ်သက်ပြီး ရုရှားအပေါ် ကန့်သတ်ချက်အသစ်တွေ ထပ်ပြီးတိုးမြှင့်ချမှတ်ဦးမလားဆိုတာကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အနေနဲ့ ဆုံးဖြတ်ရသေးဘူးလို့ အမေရိကန်အရာရှိတွေကို ကိုးကားပြီး Politico သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူတို့ရဲ့ ပြောကြားချက်အရ အမေရိကန်ဖက်က ထပ်တိုးစီးပွားရေးပိတ်ဆို့မှုတွေနဲ့ ခြိမ်းခြောက်လိုက်ရင်၊ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ရုရှားကတွန့်ဆုတ်နေနိုင်တယ်လို့ ထရမ့်က ထင်မြင်နေတယ်လို့ ဆိုပါတယ်။ ဒီအရင် သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Wall Street Journal က ဖော်ပြခဲ့ရာမှာတော့ အမေရိကန်သမ္မတဟာ ဒီသီတင်းပတ်အတွင်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ပြုလုပ်ဖို့ စဉ်းစားနေပြီး ငြိမ်းချမ်းရေးအတွက် နောက်ဆုံးတွန်းအားပေးမှု...

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး (၂)ဆင့်ချေးငွေ ငွေကျပ် (၂၄) ဘီလီယံထုတ်ချေးရန်လျာထား

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး (၂)ဆင့်ချေးငွေမှ လယ်ယာသုံး စက်ကိရိယာ အမျိုးမျိုးကို ဝယ်ယူနိုင်ရန် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွက် ငွေကျပ် (၂၄) ဘီလီယံထုတ်ချေးရန်လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး (၂)ဆင့်ချေးငွေမှ လယ်ယာသုံး စက်ကိရိယာအမျိုးမျိုးကို ဝယ်ယူနိုင်ရန် တောင်သူတစ်ဦးလျှင် အများဆုံးငွေကျပ်သိန်း (၁,၂၀၀)ထိ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ချေးငွေထုတ်ပေးသည့် ၂၀၁၇ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ ငွေကျပ် (၂၄၇ ဒသမ ၄၄၈) ဘီလီယံ ကျော် ထုတ်ချေးပြီးဖြစ်ကြောင်းလည်း သိရသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ်ငန်းသုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071