Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeInternationalလျှပ်စစ်ကား ထုတ်လုပ်ရန်တိုယိုတာက အင်ဒိုနီးရှားတွင်...

လျှပ်စစ်ကား ထုတ်လုပ်ရန်တိုယိုတာက အင်ဒိုနီးရှားတွင် ဒေါ်လာ ၁.၈ ဘီလီယံ ရင်းနှီးမြုပ်နှံမည်

လျှပ်စစ်ကား ထုတ်လုပ်ရန်တိုယိုတာက အင်ဒိုနီးရှားတွင် ဒေါ်လာ ၁.၈ ဘီလီယံ ရင်းနှီးမြုပ်နှံမည်

ဂျကာတာ၊ ဇူလိုင် ၂၇ ရက်

ဂျပန် မော်တော်ကားထုတ်လုပ်ရေး ကော်ပိုရေးရှင်း တိုယိုတာက လျှပ်စစ်ကားများ ထုတ်လုပ်ရန်အတွက် လာမည့်ငါးနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ၂၁ ဒသမ ၁ ထရီလီယံ ရူပီရာ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း အင်ဒိုနီးရှား စီးပွားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၇ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်ရာတွင် အရေးပါသော နီကယ်သတ္တုရိုင်းများ ပေါကြွယ်သည့်အတွက် လျှပ်စစ်ကား ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းတွင် ကမ္ဘာ့ အချက်အချာ နေရာတစ်ခုဖြစ်လာရန် ရည်မှန်းထားသည်။

အခြားကမ္ဘာ့ကုမ္ပဏီကြီးများဖြစ်သော တောင်ကိုရီးယား၏ ဟွန်ဒိုင်း မော်တော်အုပ်စုနှင့် LG အုပ်စု၏ ဌာနတစ်ခုဖြစ်သည့် LG အင်နာဂျီဆလူးရှင်းတို့သည် အင်ဒိုနီးရှား၏ နီကယ်ထုတ်လုပ်ရေး နယ်ပယ်တွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကြေငြာထားပြီးဖြစ်သည်။ 

အင်ဒိုနီးရှားစီးပွားရေးဝန်ကြီး အဲလန်ဂါဟာတာတိုက တိုယိုတာသည် ၂ဝ၁၉ ခုနှစ်မှစ၍ နိုင်ငံအတွင်း ရူပီယာ ၁၄ ထရီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူဦးရေ သန်း ၂၇၀ ရှိသော အင်ဒိုနီးရှားသည် လောင်စာဆီသုံး မော်တော်ယာဉ်များကို အစားထိုးရန်အတွက် ၂၀၅၀ ခုနှစ်မှစ၍ လျှပ်စစ်ကားများနှင့် လျှပ်စစ် မော်တော်ဆိုင်ကယ်များသာ ရောင်းချရန် ရည်မှန်းထားကြောင်း ဝန်ကြီးတစ်ဦးကပြောကြားခဲ့သည်။

တိုယိုတာသည် နောက်လေးနှစ်အတွင်း ၎င်း၏ စက်ရုံများတွင် လောင်စာဆီသုံး အင်ဂျင်နှင့် ဘတ်ထရီနှစ်မျိုးစလုံးပါဝင်မည့် ဟိုက်ဘရစ် လျှပ်စစ်ကား အမျိုးအစား အမျိုးမျိုးကို ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“အခုလိုထပ်ပြီး‌ တော့ရင်းနှီးမြှုပ်နှံတာက အင်ဒိုနီးရှားအစိုးရကို ကျွန်တော်တို့က လျှပ်စစ်ကား‌ေတွအတွက် ရင်းနှီးမြှုပ်နှံရာမှာ ဘယ်လောက်ထိ အလေးထားလဲဆိုတာ နားလည်ဖို့ မျှော်လင့်ပါတယ်” ဟု တိုယိုတာဒုဥက္ကဌ ဟာရာဝါကာက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

အစည်းအဝေးအတွင်း ဆွေးနွေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု အသေးစိတ်ကို ပြောကြားရန်မူတိုယိုတာကငြင်းဆိုခဲ့သည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ဖုန်းပြောဆိုစဥ် မလေးရှား၏ စိုးရိမ်မကင်းဖြစ်မှုများကို အန်ဝါက ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် အစွမ်းကုန်ချုပ်တည်းကြရန်၊ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ ည ၁၀ နာရီမှစ၍ အင်အားသုံးခြင်း သို့မဟုတ် လက်နက်ကိုင်တပ်များကို စုစည်းချထားခြင်းများအပါအဝင် ပဋိပက္ခကို ပိုမိုဆိုးရွားစေမည့်...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071