ပြောင်းလဲချိန်တန်ပြီဆိုတာ နိုင်ငံရေး တစ်မျိုးတည်းကို ပြောင်းလဲနေလို့မရပါဘူး

0
94

tabin-2-copy

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး၊ မကွေးတိုင်းဒေသကြီး၊ သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ၏ ဒုတိယအကြိမ်မြောက် သက်ကြီးသဘင် ပညာရှင်များ ပူဇော်ကန်တော့ပွဲနှင့် ဂိလာနသဘင်ပညာရှင်များ ထောက်ပံ့ လှူဒါန်း ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့တော် ခန်းမတွင် ပြုလုပ်ခဲ့သည်။ ယခုနှစ်တွင် အသက် ၇ဝ နှစ် အထက် သက်ကြီး ၁၁၈ ဦးကို တစ်ဦး လျှင် ငွေကျပ် ၃သောင်းနှင့် ဆန်၊ ဆီ၊ ဆေးဝါးများကိုပါ လှူဒါန်းခဲ့ပြီး စုစုပေါင်းလှူဒါန်း ငွေမှာ ကျပ်သိန်း ၆ဝ ဖြစ်ပါသည်။ အဆိုပါအခမ်း အနားသို့ မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်မှ အမှုဆောင်များနှင့် သဘင် ပညာရှင် များတက်ရောက် ခဲ့ကြသည်။ မကွေးတိုင်း ဒေသကြီး၏ သက်ကြီးသဘင် ပညာရှင်များ ပူဇော်ကန်တော့ပွဲ အတွက် မြန်မာနိုင်ငံသဘင် ပညာရှင် များ အစည်းအရုံး (ဗဟို) မှ အလှူငွေကျပ် ၁ဝ သိန်းနှင့် သဘင်လူမှုကူညီ စောင့်ရှောက်ရေး ကော်မတီ (ဗဟို) မှ ၃ သိန်းကျပ် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

tabin-1-copy

သက်ကြီးပူဇော်ပွဲနှင့် ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံးဥက္ကဋ္ဌ ကိုမင်းခန့်ကိုက

“ကျွန်တော်တို့အားလုံး ကြွေးကြော်နေတဲ့ ပြောင်းလဲချိန်တန်ပြီဆိုတာ နိုင်ငံရေး တစ်မျိုးတည်းကို ပြောင်းလဲနေလို့မရပါဘူး။ လူမှုလူတန်းစား နယ်ပယ် အသီး သီးက၊ အလွှာပေါင်းစုံက မိမိတို့ပတ်ဝန်းကျင် အောက်ခြေထိ ပြောင်းလဲကြရမှာပါ။ အဲဒီလိုပါပဲ၊ ကျွန်တော်တို့ သဘင်ပညာရှင်တွေကိုလည်း အောက်ခြေ မြို့နယ် ကစပြီး တိုင်းဗဟိုအထိ  အဆင့်ဆင့်ကနေ မိမိတို့ပညာရှင်တွေ လူငယ်မျိုးဆက်သစ်တွေကို အတွေးအခေါ်ကစပြီး ပြောင်းလဲပစ်နိုင်ဖို့ ကျွန်တော်တို့အခုလို အခမ်း အနားကြီးတွေကနေ မက်ဆေ့ခ်ျပေး ချင်တာပါ” ဟု ပြောပြခဲ့သည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here