BA.4 နှင့် BA.5 သည် ရောဂါပြင်းထန်မှုနှင့်သေ ဆုံးမှုနည်းသော်လည်း ကူးစက်မှုနှုန်းမြင့်မား၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊မျိုးရိုးဗီဇသစ်ရှာဖွေခြင်းလုပ်ငန်းများအား အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်ရန်လို

0
224

BA.4 နှင့် BA.5 သည် ရောဂါပြင်းထန်မှုနှင့်သေ ဆုံးမှုနည်းသော်လည်း ကူးစက်မှုနှုန်းမြင့်မား၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊မျိုးရိုးဗီဇသစ်ရှာဖွေခြင်းလုပ်ငန်းများအား အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်ရန်လို

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်သည့် ကိုဗစ်(၁၉)ရောဂါ၊မျောက်ကျောက်ရောဂါတို့နှင့်ပတ်သက်၍ ဇူလိုင် ၂၆ ရက်ကပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်(၁၉)ရောဂါလှိုင်းကို လက်ရှိမှာထိန်းချုပ်ထားနိုင်တဲ့ အနေအထားရှိပေမယ့် ကိုဗစ်(၁၉)မျိုးရိုးဗီဇပြောင်းရောဂါပိုးဖြစ်တဲ့ BA.4 နဲ့ BA.5 ကူးစက်မှုတွေဟာ ကမ္ဘာ့နိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မြင့်တက်နေတာကို တွေ့ရပါတယ်”ဟု ပြည် ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြော သည်။

အဆိုပါ BA.4 နှင့် BA.5 သည် ရောဂါပြင်းထန်မှုနှင့်သေဆုံးမှုနည်းသော်လည်း ကူးစက်မှုနှုန်းမြင့်မားသည်ကို တွေ့ရှိရသဖြင့် ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ၊မျိုးရိုးဗီဇသစ်ရှာဖွေခြင်းလုပ် ငန်းများအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောသည်။

“လက်ရှိအချိန်မှာ ပြည်ပနိုင်ငံတွေက ပြန်ဝင်လာသူတွေမှာ ရောဂါပိုးတွေ့နှုန်းမြင့်တက်လာတာကြောင့် ကိုဗစ်(၁၉)ရောဂါစစ်ဆေးခြင်းနဲ့ ပတ် သက်တဲ့ လုပ်ငန်းလမ်းညွှန်တွေကို ပြင်ဆင်ပြု လုပ်ပြီး ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို အ ရှိန်အဟုန်မြှင့်တင်ဖို့လိုအပ်ပါတယ်”ဟု ပြည် ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြော သည်။

အလားတူ တစ်ပြိုင်နက်တည်းတွင် ပြည်သူလူထု ၏ လူမှုစီးပွားဘဝမထိခိုက်စေရန် ထည့်သွင်းစဉ်း စားရမည်ဖြစ်ကာ ရာသီတုပ်ကွေးရောဂါနှင့်မျောက်ကျောက်ရောဂါကာကွယ်ရေးနည်းလမ်း များသည် ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်သဘောသဘာဝတူညီသည်ဟုပြော သည်။

ထို့ကြောင့် တစ်ဦးချင်းလိုက်နာရမည့် ရောဂါကာ ကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန်အရေးကြီးကာ မျောက်ကျောက်ရောဂါသည် ယခင်က ဖြစ်ပွားလေ့မရှိသည့်နိုင်ငံများ၌ပါ ရောဂါပျံ့နှံ့လာသဖြင့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေအဖြစ် ဇူလိုင် ၂၃ ရက်တွင် ကမ္ဘာ့ကျန်း မာရေးအဖွဲ့မှထုတ်ပြန်ခဲ့သည်ဟု ပြောသည်။

သို့ရာတွင် ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေဆန်းစစ်ချက်အရ မြန်မာနိုင်ငံတွင် လတ်တလောရောဂါ ကူးစက်ဖြစ်ပွားသူ မတွေ့ရှိရသေးသဖြင့် အုပ်စု (၁)တွင်ပါဝင်လျက်ရှိကာ ပြည်ပနိုင်ငံများမှတဆင့် ရောဂါကူးစက်ဝင်ရောက်မှုမရှိစေရန် ကြို တင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနဲ့ကူးလူးဆက်ဆံမှုများ ပြားတဲ့ နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ထိုင်း၊စင်ကာပူနိုင် ငံတွေမှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူတွေ တွေ့ရှိတာကြောင့် မျောက်ကျောက်ရောဂါကာကွယ်ထိန်းချုပ်ရေးကို နှီးနွယ်ဌာနတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ကြောင့် မျောက်ကျောက်ရောဂါအတွက် ကာ ကွယ်ဆေးရရှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊အာဆီယံအဖွဲ့တို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here