Friday, June 13, 2025

မစိုးရိမ် ကျောင်းတိုက်ရှိ သံဃာတော်များကို ကိုဗစ်...

မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ရှိ သံဃာတော်များကို ယနေ့ ဇွန်လ (၁၃)ရက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခဲ့ကြောဂ်း သိရသည်။ လက်တ‌လောတွင် ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားသူများကို...

အုပ်စုနောက်ဆုံးပွဲစဉ် တီမောအသင်းကို (၇)နှစ်ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့သည့်...

အာဆီယံ ယူ - ၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်ကို ယနေ့ ဇွန်လ(၁၃) ရက်၌ တီမော - မြန်မာ...

အစ္စရေး၏ တိုက်ခိုက်မှုအပြီး လေကြောင်းခရီးစဉ်များ လမ်းကြောင်းပြောင်းနေရကာ...

အစ္စရေးက အီရန်နိုင်ငံရှိ ပစ်မှတ်များကို စတင်တိုက်ခိုက်လိုက်ပြီးနောက် လေကြောင်းလိုင်းများသည် သောကြာနေ့အစောပိုင်းတွင် အစ္စရေး၊ အီရန်နှင့် အီရတ်နိုင်ငံ ဝေဟင်ပိုင်နက်များကို ရှောင်ရှားခဲ့ကြသည်ဟု Flightradar24 အချက်အလက်များက...

အီရန်နှင့် အစ္စရေးရောက်နိုင်ငံသားများကို တရုတ် သတိပေး

အစ္စရေးနှင့် အီရန်နိုင်ငံတို့တွင် ရှုပ်ထွေးပြီး ပြင်းထန်သော လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် ယင်းနိုင်ငံများတွင် ရောက်ရှိနေသည့် ၎င်းတို့နိုင်ငံသားများကို တရုတ်က သောကြာနေ့တွင် အကြံပြု သတိ‌ပေးချက်များကိုထုတ်ပြန်ခဲ့ပြီး...
HomeNewsLocal Newsဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် ဥပ‌ဒေဖြင့်ပြဌာန်းသည့်...

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် ဥပ‌ဒေဖြင့်ပြဌာန်းသည့် မသင်မနေရအခြေခံပညာများအား သင်ကြားရမည်ဟု နစက ဥက္ကဋ္ဌပြော

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် ဥပ‌ဒေဖြင့်ပြဌာန်းသည့် မသင်မနေရအခြေခံပညာများအား သင်ကြားရမည်ဟု နစက ဥက္ကဋ္ဌပြော

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၆ အရ“နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသည့် ပညာရေးဆိုင်ရာမူဝါဒများနဲ့အညီ (က)ပညာသင်ကြားပိုင်ခွင့်ရှိသည် (ခ)ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်”ကို ပြဋ္ဌာန်းထားပြီးဖြစ်သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။


ဇူလိုင် ၂၃ ရက်ကပြုလုပ်သည့် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(ကြည်း၊ရေ၊လေ)စစ်သည်များ၊စစ်မှုထမ်းဆဲ၊စစ်မှုထမ်း ဟောင်း မိသားစုဝင်သားသမီးများ၊စစ်သည်အ စားခန့်အရပ်သားဝန်းထမ်းများ၏ သားသမီးများနှင့်ဘက်စုံပညာထူးချွန်လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။


ထိုသို့ ပြဋ္ဌာန်းထားပြီးဖြစ်ရာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင် မြင်သူများအပေါ်အခြေခံ၍ မြန်မာနိုင်ငံ၏ ပညာ ရေးအခြေအနေအား လေ့လာဆန်းစစ်ကြည့်ရာ ယနေ့ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသူများသည် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် သူငယ် တန်း စတင်တက်ရောက်ခဲ့ပြီး ၁၁၈၇၃၉၂ ဦးရှိသည်ဟု ပြောသည်။


အဆိုပါ တက်ရောက်ခဲ့သူများမှ မူလတန်းအောင် မြင်၍ အလယ်တန်းအဆင့် ပဉ္စမတန်းသို့တက်ရောက်နိုင်သူ ၈၀၈၈၇၈ ဦးသာ အတန်းကူး ပြောင်းခဲ့သည်ကို တွေ့ရှိရသည်ဟု ပြောသည်။


ထို့ပြင် အလယ်တန်းအဆင့်မှအထက်တန်းအဆင့် နဝမတန်းသို့တက်ရောက်နိုင်သူ ၅၈၅၁၈၂ ဦး၊နဝ မတန်းမှတက္ကသိုလ်ဝင်တန်းတက်ရောက်နိုင်သူသည် ၂၃၂၁၄၈ ဦးရှိသည်ကိုလည်း တွေ့ရှိရသည်ဟု ပြောသည်။

“၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေတဲ့အခါမှာ ကျောင်းတွင်း၊ပြင်ပဖြေဆိုအင်အားက စုစုပေါင်း ၂၈၁၇၅၁ ယောက်ရှိပြီး အောင်မြင်သူ ၁၃၂၀၇၇ ယောက်ရှိတဲ့အတွက် အောင်မြင်မှု ရာခိုင်နှုန်း ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းဖြစ်တာကိုတွေ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။


ထို့ကြောင့် အတန်းကူးပြောင်းနိုင်မှုမရှိဘဲ လျော့ နည်းသွားသည့်အင်အားမှာ မူလတန်းတွင် ၃၁ ဒ သမ ၈၈ ရာခိုင်နှုန်းနှင့်အလယ်တန်းတွင် ၂၇ ဒသ မ ၆၅ ရာခိုင်နှုန်းရှိပြီး ၁၀ နှစ်ကာလအတွင်း၌ ပ ညာရေးအခြေအနေသည် မူလတန်းအဆင့်၊အ လယ်တန်းအဆင့်အားကျော်လွန်၍ အထက်တန်းအဆင့်၊တက္ကသိုလ်တက်ရောက်နိုင်သည့် အဆင့်ရှိသူ အလွန်နည်းပါးနေသည်ကို တွေ့ရှိရသည်ဟု ပြောသည်။

“အဲဒီလို ဆယ်စုနှစ်များစွာဆိုရင် နိုင်ငံအတွက်လို အပ်တဲ့ ပညာတတ်အင်အားများစွာ လိုအပ်ချက်ရှိနေတာကို သုံးသပ်တွေ့ရှိရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မစိုးရိမ် ကျောင်းတိုက်ရှိ သံဃာတော်များကို ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး

မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ရှိ သံဃာတော်များကို ယနေ့ ဇွန်လ (၁၃)ရက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခဲ့ကြောဂ်း သိရသည်။ လက်တ‌လောတွင် ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားသူများကို စစ်ဆေးတွေ့ရှိထားသဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဌာနများတွင် ထိုးနှံပေးလျက်ရှိသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ ဇွန်လ (၉)ရက် ညပိုင်းထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့သည့် လူနာသစ် (၃၁) ဦးတွေ့ထားသည်။ မေလကစ၍ ပြည်တွင်း၌ ကိုဗစ်ကူးစက်မှု အနည်းငယ်မြင့်တက်လာသော်လည်း ပြင်းထန်လူနာနှင့် အထူးကုသပေးရသည့် လူနာမရှိသည့်အတွက် စိုးရိမ်ဖွယ်ရာ မရှိသေးသည့် အကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ...

အုပ်စုနောက်ဆုံးပွဲစဉ် တီမောအသင်းကို (၇)နှစ်ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့သည့် မြန်မာအမျိုးသမီး ယူ – ၁၉ အသင်း

အာဆီယံ ယူ - ၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်ကို ယနေ့ ဇွန်လ(၁၃) ရက်၌ တီမော - မြန်မာ လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက တီမောအသင်းကို (၇) ဂိုးပြတ်ဖြင့် အနိုင်ရယူခဲ့သည်။ ယနေ့ ပထမပွဲချိန်အတွင်း သွင်းဂိုး (၅) ဂိုးအထိ ဦးဆောင်သွင်းယူနိုင်ခဲ့ပြီးနောက် ဒုတိယပိုင်းပွဲချိန်အတွင်းနောက်ထပ် သွင်းဂိုး (၂) ဂိုးထပ်မံသွင်းယူခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအဖွင့် ပွဲစဉ်အတွင်း ဗီယက်နမ်အသင်းအား (၂) ဂိုးပြတ်ဖြင့် ရှူံးနိမ့်ထားသလို အုပ်စုအဆင့် ဒုတိယပွဲစဉ်၌...

အစ္စရေး၏ တိုက်ခိုက်မှုအပြီး လေကြောင်းခရီးစဉ်များ လမ်းကြောင်းပြောင်းနေရကာ ဝေဟင်ပိုင်နက် ပိတ်ပင်ခြင်းများ ဖြစ်ပေါ်

အစ္စရေးက အီရန်နိုင်ငံရှိ ပစ်မှတ်များကို စတင်တိုက်ခိုက်လိုက်ပြီးနောက် လေကြောင်းလိုင်းများသည် သောကြာနေ့အစောပိုင်းတွင် အစ္စရေး၊ အီရန်နှင့် အီရတ်နိုင်ငံ ဝေဟင်ပိုင်နက်များကို ရှောင်ရှားခဲ့ကြသည်ဟု Flightradar24 အချက်အလက်များက ဖော်ပြခဲ့ပြီး ခရီးသည်တင်လေကြောင်းလိုင်းများသည် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ ဘေးကင်းရေးအလို့ငှာ လမ်းကြောင်းပြောင်းခြင်းနှင့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ကတိုက်ကရိုက်လုပ်ဆောင်နေကြကြောင်း သိရသည်။ ကမ္ဘာတစ်ဝှမ်း တိုးပွားလာသော ပဋိပက္ခဇုန်များကြောင့် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုများနှင့် အမြတ်အစွန်းရရှိမှုအပိုင်းတွင် ပိုမိုဝန်ပိလာပြီး ဘေးကင်းလုံခြုံမှုအပိုင်းတွင်လည်း ပို၍စိုးရိမ်စရာဖြစ်လာသည်။ လေကြောင်းအန္တရာယ် အတိုင်ပင်ခံလုပ်ငန်း Osprey Flight Solution ၏ အဆိုအရ ၂၀၀၁ ခုနှစ်မှစကာ ကူးသန်းရောင်းဝယ်ရေးလေယာဉ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071