Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalအမေရိကန်နှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်ဌာနကအာရှနိုင်ငံများအား...

အမေရိကန်နှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်ဌာနကအာရှနိုင်ငံများအား စွမ်းအင် ကုန်ကြမ်း ထုတ်လုပ်ပို့​ဆောင်​ရေး မျိုးစုံရှိဖို့တိုက်တွန်း

အမေရိကန်နှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်ဌာနကအာရှနိုင်ငံများအား စွမ်းအင် ကုန်ကြမ်း ထုတ်လုပ်ပို့​ဆောင်​ရေး မျိုးစုံရှိဖို့တိုက်တွန်း

ဆစ်ဒနီ၊ ဇူလိုင် ၁၂ ရက်

အမေရိကန်နှင့် နိုင်ငံတကာ စွမ်းအင်အေဂျင်စီတို့က အာရှနိုင်ငံများအား တရုတ်နှင့် ရုရှား နိုင်ငံများ၏ စွမ်းအင်နှင့် အရေးပါသော တွင်းထွက်ပစ္စည်းများကိုသာ မမှီခိုရန် တိုက်တွန်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာ စွမ်းအင်ဌာန (IEA) အမှုဆောင်ဒါရိုက်တာ ဖာတီ ဘီရိုနှင့် အမေရိကန် စွမ်းအင်ဝန်ကြီး ဂျန်နီဖာ ဂရန်ဟောမ်  တို့က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများမှ ဖြစ်ပေါ်လာသော လက်ရှိစွမ်းအင်အကျပ်အတည်းကြောင့် အင်ဒို-ပစိဖိတ်နိုင်ငံများအား ရုပ်ကြွင်းလောင်စာဆီမှ အခြားစွမ်းအင်များဆီသို့ ပြောင်းလဲအသုံးပြုဖို့ပိုအာရုံစိုက်စေလိုကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် ထိုသို့ပြောင်းလဲရန်အတွက် အာရှနိုင်ငံများသည် တရုတ်၏ နေရောင်ခြည်စွမ်းအင်သုံး နည်းပညာနှင့် ရုရှား၊ ကွန်ဂိုဒီမိုကရကန်တစ် သမ္မတနိုင်ငံကဲ့သို့သော နိုင်ငံများ၏ အရေးပါသော ဓာတ်သတ္တု တွင်းထွက်ပစ္စည်းများအပေါ် မှီခိုအားထားခြင်းမှ ရုန်းထွက်ရန် လိုအပ်မည် ဖြစ်သည်။  ၎င်းဓာတ်သတ္တု တွင်းထွက်များသည် လျှပ်စစ်ကားများနှင့် ဘက်ထရီများထုတ်လုပ်ရာတွင် လိုအပ်သည့်အရာများဖြစ်သည်။

အဆိုပါဆွေးနွေးပွဲကို ဩစတြေးလျအစိုးရနှင့် IEA တို့က ပူးတွဲကျင်းပလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ယခုလက်ရှိ ကမ္ဘာလုံးဆိုင်ရာ နေရောင်ခြည်သုံးနည်းပညာအတွက် လိုအပ်သော ကုန်ကြမ်းထောက်ပံ့မှု ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ၂၀၂၅ ခုနှစ်တွင် ၉၅ ရာခိုင်နှုန်းအထိ တိုး၍ ပိုင်ဆိုင်လာမည်ဖြစ်ကြောင်း ဘီရိုက ပြောကြားခဲ့သည်။

၎င်းနှင့် ဂရန်ဟောမ် တို့က ရုရှားမှ လောင်စာစွမ်းအင်ထောက်ပံ့မှု ဆုံးရှုံးခြင်းကို သင်ခန်းစာယူ၍ နည်းပညာ သို့မဟုတ် လောင်စာတစ်ခုအတွက် နိုင်ငံတစ်နိုင်ငံအပေါ်ကိုသာ မှီခိုနေခြင်းကို ရှောင်ရှားသင့်ကြောင်း ပြောကြားခဲ့သည်။

ဂရန်ဟောမ် နှင့် သြစတြေးလျစွမ်းအင်ဝန်ကြီး ခရစ် ဘိုဝမ် တို့သည် နှစ်နိုင်ငံအကြား စွမ်းအင်သုတေသနလုပ်ငန်းတွင် အတူတကွလုပ်ဆောင်ရန်အပါအဝင် ဟိုက်ဒရိုဂျင်ထုတ်လုပ်ရန်အတွက် ရေရှည်စွမ်းအင် သိုလှောင်မှုနှင့် အီလတ်ထရိုလိုင်ဇာ ပစ္စည်းများ၏ ကုန်ကျစရိတ်များကို လျှော့ချရန် သဘောတူညီချက်တစ်ရပ်ကို အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071