Thursday, May 14, 2026

ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်၍ ပြည်သူများ ယုံကြည်အားကိုးအသုံးပြုနိုင်ရန်...

Public Transportation များအနက် ရထားပို့ဆောင်ရေးစနစ်သည် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သဖြင့် ပြည်သူများ ယုံကြည်စိတ်ချစွာ အပြည့်အဝအားကိုး အသုံးပြုနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...

အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့သည် မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင်...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ်...

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ်...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ...

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်...
HomeNewsLocal NewsMNA‌ လေကြောင်းလိုင်းမှ ကိုရီးယားနိုင်ငံသို့...

MNA‌ လေကြောင်းလိုင်းမှ ကိုရီးယားနိုင်ငံသို့ ( ရန်ကုန်-အင်ချွန်း- ရန်ကုန်ခရီးစဥ် ) ဇူလိုင် ၂၂ ရက်မှစတင်ပြေးဆွဲသွားမည်

MNA‌ လေကြောင်းလိုင်းမှ ကိုရီးယားနိုင်ငံသို့ ( ရန်ကုန်-အင်ချွန်း- ရန်ကုန်ခရီးစဥ် ) ဇူလိုင် ၂၂ ရက်မှစတင်ပြေးဆွဲသွားမည်

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ကိုရီးယားနိုင်ငံသို့ ရန်ကုန်- အင်ချွန်း- ရန်ကုန် ခရီးစဥ်ကို လာမည့်ဇူလိုင် ၂၂ ရက်နေ့မှစတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။

လေကြောင်းလိုင်းပြေးဆွဲရာတွင် နှစ်ပတ်လျှင် တစ်ကြိမ် သောကြာနေ့တိုင်းပြေးဆွဲပေးသွားမည်ဖြစ်ပြီး Boeing 737_800 NG လေယာဉ်ဖြင့် ပျံသန်းသွားမည်ဖြစ်သည်။

ရန်ကုန်-အင်ချွန်း ခရီးစဥ်ကို ဇူလိုင်လ၂၂ ရက်တွင် ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်းလွဲ ၁၁မိနစ်၃၀အချိန်တွင် စတင် ထွက်ခွာမည်ဖြစ်ပြီး ၁၉နာရီ ၂၅မိနစ် အချိန်တွင်ဆိုက်ရောက်မည်ဖြစ်သည်ဟု အဆိုပါလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်အား နေ့စဉ်၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်အား အပတ်စဉ် အင်္ဂါနေ့တွင် လည်းကောင်း၊ ရန်ကုန်-ဘန်ကောက်- ရန်ကုန် ခရီးစဉ်အား နေ့စဉ်ပျံသန်းလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်၍ ပြည်သူများ ယုံကြည်အားကိုးအသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

Public Transportation များအနက် ရထားပို့ဆောင်ရေးစနစ်သည် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သဖြင့် ပြည်သူများ ယုံကြည်စိတ်ချစွာ အပြည့်အဝအားကိုး အသုံးပြုနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ မေ ၁၄ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် လောင်စာဆီအခက်အခဲများကြောင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လေယာဉ်၊ မော်တော်ယာဉ်၊ ရေယာဉ်နှင့် ရထားပို့ဆောင်ရေးစနစ်များအနက် ရထားပို့ဆောင်ရေးသည် ခရီးသည်နှင့် ကုန်ပစ္စည်းများကို...

အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် ထိပ်သီးအစည်းအဝေးအတွက် မြန်မာ-ရုရှား ပူးပေါင်းဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့သည် မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံမှုသည် မြန်မာ-ရုရှား...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ် မျှော်လင့်ချက် မြင့်တက်နေဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပြော

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို အီရန်နှင့် ယူအေအီးတို့အကြား တင်းမာမှုများ ရှိနေသည့် BRICS အဖွဲ့၏ နှစ်ရက်ကြာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နူးဒေလီမြို့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက ကမ္ဘာ့အစီအစဉ်ရဲ့ အဓိကအချက်အချာ ဖြစ်နေဆဲပါ။ မကြာသေးခင်က ပဋိပက္ခတွေဟာ ဆွေးနွေးညှိနှိုင်းမှုနဲ့ သံတမန်ရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်”...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071