Sunday, June 15, 2025

မအူပင်မြို့သို့ဆေးခန်းလာပြသည့်ကားကို အိမ်စီးကားကဝင်တို-က်(၂)ဦး‌ေ-သဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့သို့ဆေးခန်းလာပြသည့်ကားအား အိမ်စီးကားကဝင်တို-က်မိခဲ့မှု ဇွန် ၁၄ ရက်ညဦးပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ပန်းတနော်မြို့မှ မအူပင်မြို့သို့ ဆေးခန်းလာပြသည့် KIA အမျိုးအစားကားသည် မိုးအနည်းငယ်ရွာသွန်းနေချိန်၌...

ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၂၄၄)...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများပျ-က်စီးသွားခဲ့သည့်ဒေသများတွင်နေထိုင်သော ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည်ဖြစ်၍ ပြန်လည်လေ့ကျင့်သင် ကြားမှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည့် ဒေသများအနက် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှ...

ပြိုကျပျက်စီးနေသည့် စေတီ၊ ပုထိုးတော်များပြုပြင်ရန် အလှူတော်ငွေကျပ်သိန်း(၅၀၀)လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ပြိုကျပျ-က်စီးနေသော ဘုရား၊ စေတီ၊ ပုထိုးတော်များအားပြန်လည်ပြုပြင်ရာ၌အ သုံးပြုရန် သီတဂူဆရာတော်ကြီးထံသို့ အလှူတော်ငွေကျပ်သိန်း(၅၀၀)အားလာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ပြင်ဦးလွင်မြို့၊ ဗြဟ္မာဝိဟာရီကျောင်းတိုက်၏ ဦးစီးပဓာနနယက...

အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းတစ်ခုလုံး၏ (၄၅)...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းသည် လုပ်ငန်းတစ်ခုလုံး၏ (၄၅) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း)...
HomeNewsLocal Newsဆန်အားပြည်တွင်းစားသုံးမှုဖူလုံကာ မွေးမြူရေးအစားအစာလိုအပ်ချက်များနှင့်ချိန်ညှိ၍ ပိုလျှံ...

ဆန်အားပြည်တွင်းစားသုံးမှုဖူလုံကာ မွေးမြူရေးအစားအစာလိုအပ်ချက်များနှင့်ချိန်ညှိ၍ ပိုလျှံ သည်များကိုသာ ပြည်ပတင်ပို့နိုင်ရန်ဆောင်ရွက်ရမည်ဟု စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးပြော

ဆန်အားပြည်တွင်းစားသုံးမှုဖူလုံကာ မွေးမြူရေးအစားအစာလိုအပ်ချက်များနှင့်ချိန်ညှိ၍ ပိုလျှံ သည်များကိုသာ ပြည်ပတင်ပို့နိုင်ရန်ဆောင်ရွက်ရမည်ဟု စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးပြော

မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်များအားပြည်ပတင်ပို့မှုလုပ်ငန်းစဥ်များ ဆက်လက်ဖွံဖြိုးတိုး တက်ရေးနှင့်ပတ်သက်၍ ဇူလိုင် ၆ ရက်က နေ ပြည်တော်၌ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းဝေး၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းမှပြောကြားခဲ့ခြင်းဖြစ်သည်။

ဆန်စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့ ရောင်းချသည်အထိ လုပ်ငန်းစဉ်တစ်လျှောက်တွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေသူများအားလုံးသာ် ကဏ္ဍတစ်ခုနှင့်တစ်ခုချိတ်ဆက်ဆောင်ရွက်သွားရမည်ဟုပြောသည်။

“ဆန်ကို ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်တွင်း မွေးမြူရေးအစားအစာလိုအပ်ချက်တွေနဲ့ ချိန်ညှိပြီးတော့ ပိုလျှံတာတွေကို ပြည်ပတင်ပို့နိုင်ဖို့ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

အလားတူ လက်ရှိကာလ၌ ကုန်သွယ်မှုပုံစံများ ပြောင်းလဲလာ၍ ကုန်စည်အရည်အသွေးသတ် မှတ်ချက်၊ဝယ်ယူမှုပုံစံအသစ်များ၊တင်ပို့ရောင်း ချမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် ကဏ္ဍအလိုက် စိန်ခေါ်မှုများကြုံတွေ့လာရမည်ဟုပြောသည်။

“ဒါ့ကြောင့် လိုအပ်တာတွေကို ညှိနှိုင်းပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားပါမယ်”ဟု ပြည်ထောင် စုဝန်ကြီးကပြောသည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့်အစည်းအဝေးသို့တက်ရောက် လာကြသူများက ပို့ကုန်လိုင်စင် လျှောက်ထားမှုများအပါအဝင် နိုင်ငံတော်မှကူညီဆောင်ရွက်ပေးစေလိုသည်ကိစ္စများအား တင်ပြဆွေးနွေးခဲ့ကြသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့သို့ဆေးခန်းလာပြသည့်ကားကို အိမ်စီးကားကဝင်တို-က်(၂)ဦး‌ေ-သဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့သို့ဆေးခန်းလာပြသည့်ကားအား အိမ်စီးကားကဝင်တို-က်မိခဲ့မှု ဇွန် ၁၄ ရက်ညဦးပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ပန်းတနော်မြို့မှ မအူပင်မြို့သို့ ဆေးခန်းလာပြသည့် KIA အမျိုးအစားကားသည် မိုးအနည်းငယ်ရွာသွန်းနေချိန်၌ မအူပင်မြို့၊ စျေးလမ်းနှင့် မင်းလမ်းထိပ်အရောက် အိမ်စီးကားတစ်စီးက ဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် KIA အမျိုးအစားကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား၊ အမျိုးသမီး (၂)ဦးမှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား၊ အမျိုးသမီးအချို့တွင်လည်း ထိခို-က်ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက မအူပင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၂၄၄) ဦးရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများပျ-က်စီးသွားခဲ့သည့်ဒေသများတွင်နေထိုင်သော ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည်ဖြစ်၍ ပြန်လည်လေ့ကျင့်သင် ကြားမှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည့် ဒေသများအနက် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၂၄၄)ဦးလည်း ပြန်လည်ဖြေဆိုသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ဖြေဆိုရမည့် စာစစ်ဌာနအား တာဝန်ရှိသူများမှ ယနေ့ ဇွန် ၁၅ ရက်နံနက်ပိုင်းက စစ်ဆေးခဲ့ကြသည်။ တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမည့် စာသင်ခန်းများပြင်ဆင်ဆောင်ရွက်ထားမှု၊ ကျောင်းတွင်း/ကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်လျက်ရှိမှု၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ အကြံပြုဆွေး နွေးမှုများပြုလုပ်ခဲ့ကြသည်။

ပြိုကျပျက်စီးနေသည့် စေတီ၊ ပုထိုးတော်များပြုပြင်ရန် အလှူတော်ငွေကျပ်သိန်း(၅၀၀)လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ပြိုကျပျ-က်စီးနေသော ဘုရား၊ စေတီ၊ ပုထိုးတော်များအားပြန်လည်ပြုပြင်ရာ၌အ သုံးပြုရန် သီတဂူဆရာတော်ကြီးထံသို့ အလှူတော်ငွေကျပ်သိန်း(၅၀၀)အားလာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ပြင်ဦးလွင်မြို့၊ ဗြဟ္မာဝိဟာရီကျောင်းတိုက်၏ ဦးစီးပဓာနနယက ကမ္ဘာ့သာသနာပြု သီလရှင်ဆရာကြီး ဒေါ်ဒီပင်္ကရာထေရီမှ အလှူတော်ငွေကျပ်သိန်း (၅၀၀)အား ယနေ့ ဇွန် ၁၅ ရက်က လာရောက်လှူ ဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အလှူငွေအား သီတဂူဆရာတော်ကြီးမှလက်ခံရယူတော်မူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်တော်မူခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071