Thursday, May 22, 2025

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...

ငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa...

မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် မိုးကုတ်ကျောက်များကို ယနေ့ မေ(၂၂)ရက်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း...

အကျပ်အတည်းကြားမှတိုးတက်လာသောမြန်မာကိုမလေးကချီးကျူး

ပူထရာဂျယာ၊ မေ ၂၂ ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ် က မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို...
HomeNewsLocal Newsလူသားချင်စာနာမှုအကူအညီများ လိုအပ်နေသူထံအမြန်ရောက်ရေး လုပ်ဆောင်ဖို့...

လူသားချင်စာနာမှုအကူအညီများ လိုအပ်နေသူထံအမြန်ရောက်ရေး လုပ်ဆောင်ဖို့ အာဆီယံအထူး ကိုယ်စားလှယ် နစကကိုတိုက်တွန်း

လူသားချင်စာနာမှုအကူအညီများ လိုအပ်နေသူထံအမြန်ရောက်ရေး လုပ်ဆောင်ဖို့ အာဆီယံအထူး ကိုယ်စားလှယ် နစကကိုတိုက်တွန်း

မြန်မာနိုင်ငံသို့ ပေးမည့်  အာဆီယံ၏ လူသားချင်းစာနာမှု အကူညီများ ဘက်လိုက်မှုကင်းကင်းဖြင့် အမှန်တကယ်လိုအပ်နေသူများထံ အမြန်ဆုံးရောက်ရှိရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် နစက တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် အာဆီယံ အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို ဒုတိအကြိမ် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု အာဆီယံ ကိုယ်စားလှယ်ဘက်က ထုတ်ပြန်ထားသည်။

မစ္စတာ ပရပ်ဆွန်ခွန်းသည် ၎င်း၏ ခရီးစဉ်အတွင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ မြန်မာအလုပ်အဖွဲ့နှင့်လည်း တွေ့ဆုံခဲ့‌ေကြာင်း သိရသည်။ 

ယင်းသို့ တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုအ ကူအညီများ လုံခြုံဘေးကင်းစွာနှင့် ဘက်မလိုက်သောနည်းလမ်းဖြင့် အချိန်နှင့်တပြေးညီ ရောက်ရှိနိုင်ရန် အရှိန် အဟုန်မြှင့်ဆောင်ရွက်ရေးသည် ဆွေးနွေးမှုများအတွက် အဓိက ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ အထူးပြု အေဂျင်စီများနှင့် နိုင်ငံတကာ NGO အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို မည်ကဲ့သို့ ချိတ်ဆက်ဆောင်ရွက်နိုင်မည်ကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့အပြင် အထူးသံတမန်သည် ကမ္ဘောဒီးယား နိုင်ငံရှိ  ကျန်းမာရေးဆိုင်ရာ စေတနာ့ဝန်ထမ်းများကို မြန်မာနိုင်ငံသို့ စေလွှတ်ကာ တပ်မတော်က ခွင့်ပြုသည့် ဒေသများတွင် ကာကွယ်ဆေးများ ကူညီဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ ပြုပြင်ရန် လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၂၀၀၀)ဝန်းကျင် ကူညီပံ့ပိုးမည်

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀) ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Missiom(TSBM)အဖွဲ့ ထံမှ သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိကျေးရွာစာသင်ကျောင်းအချို့ ပညာသင်ကြားရေးစတင်နိုင်ရန် ကျပ်သိန်း (၂၅၀)အသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့ နှင့်ပတ်သက်သော surface rupture များ ပေါ်ပေါက်ခြင်း ၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာ...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံချက်ကို လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၁) နှင့် ချာနာဆွန်ကရမ်ရဲစခန်းတို့က ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံချက်သည် ဘန်ကောက်၏ အဓိကခရီးသွားခရိုင်များတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားဥပဒေများကို ချိုးဖောက်သည်ဟု သံသယရှိသော စီးပွားရေးလုပ်ငန်းများနှင့် ဈေးရောင်းသူများ အထူးသဖြင့် လူကု-န်ကူးမှုများနှင့် ပြည်ပအလုပ်သမားများကို ခေါင်းပုံဖြ-တ်သည့် လုပ်ရပ်များအပေါ် တာဝန်ရှိသူများက...

ငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် လက်ဝတ်ရတနာနှင့် မိုးကုတ်ကျောက်များ ထပ်မံတွေ့ရှိ

မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် မိုးကုတ်ကျောက်များကို ယနေ့ မေ(၂၂)ရက်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလေ-ာင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(B)အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလေ-ာင်းထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သည်။ ထိုသို့ရှာဖွေစဉ် (B)အဆောင်၊ G(8) အခန်းမှ တွေ့ရှိသော မြန်မာငွေ (၂၆၃၂၈၀၀၀)ကျပ်၊ ရွှေလက်ကောက် (၂၀)ကွင်း၊ ရွှေလက်စွပ်(၂၄)ကွင်း၊ရွှေဆွဲကြိုး (၉)ကုံး၊ ရွှေနားကပ် (၁၆)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071