Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeInternationalထိုင်းလေဆိပ်တွင်တောရိုင်းတိရစ္ဆာန်ကုန်ကူးမှုဖြင့် အမျိုးသမီးနှစ်ဦးအားဖမ်းဆီး

ထိုင်းလေဆိပ်တွင်တောရိုင်းတိရစ္ဆာန်ကုန်ကူးမှုဖြင့် အမျိုးသမီးနှစ်ဦးအားဖမ်းဆီး

ထိုင်းလေဆိပ်တွင်တောရိုင်းတိရစ္ဆာန်ကုန်ကူးမှုဖြင့် အမျိုးသမီးနှစ်ဦးအားဖမ်းဆီး

ဘန်​ကောက်၊ဇွန် ၂၉

ထိုင်းလေဆိပ်တွင် အိန္ဒိယအမျိုးသမီးနှစ်ဦး၏ ခရီးဆောင်အိတ်များအတွင်းမှ ဖြူ၊သင်းခွေချပ်၊လိပ်၊ပုတ်သင်ညိုနှင့်မြွေ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။အဆိုပါအမျိုးသမီးနှစ်ဦးသည် အိန္ဒိယသို့ထွက်ခွာမည့် ခရီးသည်များဖြစ်သည်။

ထိုင်းနိုင်ငံဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ်တွင် အိန္ဒိယအမျိုးသမီးနှစ်ဦး လေဆိပ်လုံခြုံရေးကို ဖြတ်စဉ် ၎င်းတို့၏ခရီးဆောင်အိတ်အတွင်း မသင်္ကာဖွယ်ရာပစ္စည်းအချို့ကို စစ်ဆေးတွေ့ရှိပြီးနောက် ယခုလိုအဖမ်းခံရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ အမျိုးသားဥယျာဥ်၊တောရိုင်းတိရစ္ဆာန်နှင့်အပင်ထိန်းသိမ်းရေးဌာနကတနင်္လာနေ့ တွင်ထုတ်ပြန်လိုက်သည်။

“ဖမ်းဆီးရမိမူတွင်ဖြူနှစ်ကောင်၊ သင်းခွေချပ်နှစ်ကောင်၊ လိပ် ၃၅ ကောင်၊ ပုတ်သင်ညိုအ​ကောင် ၅၀နှင့် မြွေ ၂၀ အပါအဝင် စုစုပေါင်း တိရစ္ဆာန် ၁၀၉ ကောင်ကို ရှာဖွေတွေ့ရှိခဲ့သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါအမျိုးသမီးနှစ်ဦးကို ထိုင်းနိုင်ငံ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးဥပဒေ၊၂၀၁၅ ခုနှစ်ကပြဌာန်းခဲ့သည့် တိရစ္ဆာန်ကူးစက်ရောဂါအက်ဥပဒေ နှင့် အကောက်ခွန်အက်ဥပဒေတို့ဖြင့် တရားစွဲဆိုဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

၂၀၂၂ခုနှစ် မတ်လတွင်တောရိုင်းတိရစ္ဆာန်နှင့် အပင်များ ရောင်းဝယ်ဖောက်ကားမှု စောင့်ကြည့်ရေးအဖွဲ့က အိန္ဒိယနိုင်ငံ၏ လေဆိပ်များမှတစ်ဆင့် တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပြီး ယင်းပြဿနာသည် လက်နက်၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုပြီးနောက်ကမ္ဘာတစ်ဝှမ်းတွင် စတုတ္ထမြောက်အကြီးဆုံးတရားမ၀င်ကုန်သွယ်မှုဖြစ်သည်။

ထိုင်းနိုင်ငံရှိ အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဌာန၏ အစောပိုင်းထုတ်ပြန်ချက်တစ်ခုတွင် ထိုသို့ဖမ်းဆီးရမိရာမှ အသက်ရှင်ကျန်ရစ်သော တိရစ္ဆာန်များကို နိုင်ငံတစ်ဝှမ်းရှိ တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးစခန်းများ (သို့) မွေးမြူရေးစခန်းများသို့ ပို့ဆောင်မည်ဖြစ်ကြောင်းသိရသည်။

Source – ABC News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071