Wednesday, December 17, 2025

နေပြည်တော်တွင် စည်ပင်အခွန်အခများကို Digital Payment...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံလျက်ရှိသည့် ပစ္စည်းခွန်အပါအဝင် အဆောက်အဦး စစ်ဆေးခနှင့် ရေဖိုးရေခများကို Bank များ၏ Digital Payment များဖြင့် ပေးဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ပေးဆောင်နိုင်ရန်အတွက်...

ဘရူနိုင်းသံအမတ်ကြီးကို နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ...

နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး H.E. Haji Mohamad...

ရွေးကောက်ပွဲပျက်ပြားစေရန် ကျုးလွန်သူများကို အရေးယူဆောင်ရွက်မှု (၁၄၀)...

ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ပြော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျုးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်နေပြီး ဒီဇင်ဘာ(၁၅)ရက်နေ့အထိ...

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လို

ကချင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရန် မေခ၊မလိခ မြစ်နှစ်ခုမှ ပေါင်းစည်းပေးသည့် ဧရာဝတီမြစ်၏ အရင်းအမြစ်များက သဘာဝတရားကြီးမားစွာဖန်တီးပေးထားသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေးအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊...
HomeNewsLocal Newsလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာ တွင်...

လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာ တွင် အာဆီယံပဋိညာဉ်စာတမ်းပါအခြေခံမူဘောင်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်

လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာ တွင် အာဆီယံပဋိညာဉ်စာတမ်းပါအခြေခံမူဘောင်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်

အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးသို့ မြန်မာနိုင်ငံ ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်၊ရင်းနှီမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန် ကြီးဦးသန်းအောင်ကျော် တက်ရောက်၍ ဆွေး နွေးပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးအား ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့၌ ဇွန် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျင်းပခဲ့ခြင်းဖြစ်ကာ ပူးတွဲသဘာပတိများအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊နိုင်ငံခြားရေးနှင့်နိုင်ငံတ ကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒု-ဝန် ကြီး H.E. Dr. Chem Widhya နှင့်မလေးရှားနိုင်ငံအဆင့်မြင့်ကိုယ်စားလှယ် H.E Dato’ Zainuddin Yahya တို့က ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းနိုင်ရန် အဆိုပြုချက်များအား ပေးပို့ထားပြီးဖြစ်သည်ဟု ဒု-ဝန်ကြီးကပြော သည်။

အဆိုပြုချက်များအား အာဆီယံပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်၊အခြေခံမူများနှင့်အညီ လက်ရှိအာဆီယံအသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုနှင့်ကာလလယ်သုံးသပ်ချက်များအားအခြေခံ၍ ဆက်လက်ဆောင်ရွက်သင့်သည့်အ ချက်များ ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့်စီးပွားရေးအ ခြေအနေတိုးတက်ပြောင်းလဲမှု အနာဂတ်၌ကြုံ တွေ့လာနိုင်သည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း‌ မှုတို့အား ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ ကမ္ဘာ့ကပ်ရောဂါတွေနှင့်သက်ဆိုင်သည့် အသစ်ပေါ်ထွန်းလာနိုင်ဖွယ်ရာကိစ္စများ၊ပြင်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက် ရာတွင် ပိုမိုစည်းလုံးပြီး အားလုံးပါဝင်သည့် တုံ့ ပြန်နိုင်မှုအားကောင်းသော အဖွဲ့အစည်းအဖြစ်အာဆီယံ၏အချက်အချာကျမှုနှင့်ဦးဆောင်မှု မြှင့်တင်နိုင်မည့် အချက်များကို အလေးထား ဆောင်ရွက်ရန်လိုအပ်သည်ဟု ဆွေးနွေးပြောကြားသည်။

“အဓိကအရေးကြီးတဲ့အခြေခံမူမှာ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ အာဆီယံပဋိ ညာဉ်စာတမ်းပါ အခြေခံမူဘောင်နဲ့အညီဆောင် ရွက်ဖို့ လိုအပ်ပါတယ်”ဟု မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်၊ရင်းနှီမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးသန်းအောင်ကျော် ကအကြံပြုဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံအသိုက် အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာအထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေး အစီရင်ခံစာအား လမ်းညွှန်မှုပေးခြင်း၊အာဆီယံအသိုက်အဝန်း ၂၀၂၅ အ လွန် မျှော်မှန်းချက်ရေးဆွဲရေးအတွက် သက်ဆိုင်သူအားလုံး(Stakeholders)နှင့် ဆွေးနွေးမည့်အစီအစဉ်တို့အား ဆွေးနွေးခဲ့ကြသည်။

အလားတူ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေး အ သိုက်အဝန်းမဏ္ဍိုင်၊စီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်နှင့်လူမှုရေးနှင့်ယဉ်ကျေးမှုအသိုက်အဝန်း မဏ္ဍိုင်တို့မှ အာဆီယံအသိုက်အဝန်း ၂၀၂၅ အ လွန် မျှော်မှန်းချက်၌ထည့်သွင်းမည့် အဓိကအ ချက်များ(Core Elements)နှင့်အာဆီယံအဖွဲ့အ စည်းခိုင်မာစေခြင်းနှင့်စွမ်းဆောင်ရည်အား ကောင်းစေရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ အ ကြံပြုချက်စာတမ်းနှင့်အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှပြုစုထားသည့် သဘောတရားစာတမ်းတို့အား ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်တွင် စည်ပင်အခွန်အခများကို Digital Payment များဖြင့် ပေးဆောင်နိုင်ပြီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံလျက်ရှိသည့် ပစ္စည်းခွန်အပါအဝင် အဆောက်အဦး စစ်ဆေးခနှင့် ရေဖိုးရေခများကို Bank များ၏ Digital Payment များဖြင့် ပေးဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ပေးဆောင်နိုင်ရန်အတွက် အစိုးရအနေဖြင့် အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာတစ်ရပ်ချမှတ်ကာ မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ တိုးတက်လာစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ Digital Payment ငွေပေးချေမှုစနစ်သည် ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝတွင် ငွေပေးချေမှုများကို လုံခြုံစိတ်ချ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချရန်၊ ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊ mobile သုံးစွဲမှုများ တိုးတက်လာသည်နှင့်အမျှ အခြေခံလူတန်းစားများအထိ ဒစ်ဂျစ်တယ်ပေးချေမှုနည်းလမ်းများကို...

ဘရူနိုင်းသံအမတ်ကြီးကို နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ လက်ခံတွေ့ဆုံ

နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး H.E. Haji Mohamad Sarif Pudin bin Matserudin ကို နေပြည်တော်၌ ယမန်နေ့ က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ နိုင်ငံခြားဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်စေရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးရေး၊ ကုန်သွယ်ရေး ရင်းနှီးမြှပ်နှံမှုနှင့် အလုပ်သမားကဏ္ဍ အပါအဝင်...

ရွေးကောက်ပွဲပျက်ပြားစေရန် ကျုးလွန်သူများကို အရေးယူဆောင်ရွက်မှု (၁၄၀) ရှိပြီး တရားခံ (၂၂၉) ဦး အရေးယူထား

ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ပြော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျုးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်နေပြီး ဒီဇင်ဘာ(၁၅)ရက်နေ့အထိ အမှု(၁၄၀) ရှိပြီး စုစုပေါင်း တရားခံ (၂၂၉)ဦးကို အရေးယူးထားကြောင်း ယမန်နေ့က ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှ သိရသည်။ ပြည်ထောင်စုနယ်မြေ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တာဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တရားခံ အမျိုးသား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071