Saturday, June 14, 2025

MNL League Cup 2025...

MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်ခဲ့ပြီဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန် (၁၄)ရက် နံနက်ပိုင်း၌ Glory Goal...

ကျိုက်ထိုမြို့မှ ကိုဗစ်ကူးစက်ခံရသူ အမျိုးသားလူနာ ဆေးရုံဆင်းခွင့်ပြု

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ကိုဗစ်ရောဂါ ကူးစက်ခံထားရသော အမျိုးသားလူနာမှာ ကျန်းနာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရသည်။ အသက် (၂၅) နှစ်အရွယ် အဆိုပါအမျိုသားမှာ...

အာဇာနည်နေ့အတွက် အထူးပြခန်း ပြုလုပ်နိုင်ရန် ဗိုလ်ချုပ်ပြတို-က်ကို...

(၇၈)နှစ်မြောက် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ်အထူးပြခန်း ပြသရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်)ကို ယာယီပိတ်ထားမည် ဖြစ်သည်။ ဇွန်လ(၁၇)ရက်မှ...

တိုင်းနှင့်ပြည်နယ်အနှံ့၌ ဇွန် ၁၃ ရက်...

အားကောင်းသော အပူပိုင်းမုန်တိုင်း“ဝူတစ်”မှ ပြ-တ်ထွက်လာသောတိမ်တို-က်များ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်တို့ကြောင့် ဇွန် ၁၃...
HomeNewsLocal Newsရန်ကုန်မြို့ရှိ ပြည်သူ့အဌားအိမ်ယာများအား MCEF...

ရန်ကုန်မြို့ရှိ ပြည်သူ့အဌားအိမ်ယာများအား MCEF နှင့် MLCA အသင်းချုပ်များမှတည် ဆောက်နေ

ရန်ကုန်မြို့ရှိ ပြည်သူ့အဌားအိမ်ယာများအား MCEF နှင့် MLCA အသင်းချုပ်များမှတည် ဆောက်နေ

ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးဦးစီးကော်မတီ၏ ၁၂ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအ စည်းအဝေး၌ ပြည်သူ့အငှားအိမ်ရာတည် ဆောက်ရေးဦးစီးကော်မတီအဖွဲ့ဝင်၊ရန်ကုန်တိုင်းပြည်သူ့အငှားအိမ်ရာစီမံကိန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့အငှားအိမ်ရာစီမံကိန်း အကောင်အထည် ဖော်ရာမှာ စီမံကိန်းကြီးကြပ်ရေးအဖွဲ့တွေက ကြီး ကြပ်ဆောင်ရွက်ပေးသလို ကျွန်တော်ကိုယ်တိုင်လည်းလုပ်ငန်းခွင်ကို သွားရောက်တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကဆိုသည်။

ထို့ပြင် ပြည်သူ့အငှားအိမ်ရာစီမံကိန်း(ရန်ကုန်) အား မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှတိုက် ၂၀ လုံးနှင့်မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းချုပ် (MLCA)မှ တိုက် ၂၀ လုံးတို့ကို ဆောက်လုပ်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ဇူလိုင်လကုန်၌ပြီးစီးမည်ဟုပြောသည်။

“အသင်းတစ်ခုစီက တိုက် ၉၇ လုံးစီဆောက်ရမှာဖြစ်တဲ့အတွက် ကျန်တဲ့တိုက် ၇၇ လုံးစီကိုလည်း၂၀၂၃ ခုနှစ်မတ်လကုန်မှာပြီးစီးဖို့တွန်းအားပေးဆောင်ရွက်နေပါတယ် ဒါ့အပြင် Infrastructure လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ခွင့်ပြုဖို့ကိစ္စကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးကြစေလိုပါတယ်”ဟု မြို့တော်ဝန်ဦးဗိုလ်ဌေးကပြော သည်။

အလားတူ အခြေခံအဆောက်အအုံလုပ်ငန်းများအနက် ရေပေးဝေရေး ၈ လက်မ ပိုက်လိုင်းသည် စီမံကိန်းဝင်းအတွင်းသို့ သွယ်တန်းပြီးဖြစ်၍ လို အပ်ပါက အသုံးပြုနိုင်မည်ဖြစ်ကာ အိမ်ရာအ တွက် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ၊ Bus Terminal အတွက် ၅ ဧကလျာထားပြီးဖြစ်၍ YRTC နှင့်ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ပြီး အိမ် ရာဝင်းများအတွက် Commercial Area အဖြစ် မြေနေရာ ၁ ဒသမ ၅ ဧကပေါ်တွင် City Mart ဖွင့်လှစ်နိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပေးသွားမည်ဟုသိရသည်။

မန္တလေးမြို့တွင် ပြည်သူ့အဌားအိမ်ယာစီမံကိန်းအား MDA အသင်းမှတည်ဆောက်နေခြင်းဖြစ်ကာ စီမံကိန်း Infrastructure လုပ်ငန်းများအား MDA အသင်းမှ ဆက်လက်ဆောင်ရွက်ခွင့်ပြုရမည်ဖြစ်ပြီး ဆောက်လုပ်ရေးသုံးပစ္စည်းများ အ လွယ်တကူ ဝယ်ယူ၍မရရှိနိုင်သဖြင့် စာချုပ်သက်တမ်းအား ဒုတိယအကြိမ်အဖြစ် ရန်ကုန်မြို့တွင် ၉ လ၊နေပြည်တော်တွင် ၁ လ၊မန္တလေးမြို့တွင် ၃ လအထိ တိုးမြှင့်ပေးထားမည်ဖြစ်သည်။

ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း ၁၀၀၀၀ စီမံ ကိန်းပထမဆင့်အဖြစ် နေပြည်တော်တွင် တိုက် ၂၈ လုံး၊အခန်းပေါင်း ၄၄၈ ခန်း၊ ရန်ကုန်မြို့တွင် တိုက် ၁၉၄ လုံး၊အခန်းပေါင်း ၃၁၀၄ ခန်း၊မန္တလေးမြို့တွင် တိုက် ၉၁ လုံး၊ အခန်းပေါင်း ၁၄၅၆ ခန်း (စုစုပေါင်း တိုက် ၃၁၃ လုံး၊အခန်းပေါင်း ၅၀၀၈ ခန်း)အား အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

ထိုသို့ ဆောက်လုပ်လျက်ရှိရာ နေပြည်တော်၌ အဆောက်အဦးလုပ်ငန်း ၉၄ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၆၅ ရာခိုင်နှုန်း၊ရန်ကုန်မြို့တွင် အဆောက်အဦးလုပ်ငန်း ၅၆ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၃၄ ရာခိုင်နှုန်း၊မန္တလေးမြို့တွင် အဆောက်အဦးလုပ်ငန်း ၈၈ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၈၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ့အဌားအိမ်ယာစီမံကိန်းများအား နိုင်ငံ့ဝန် ထမ်းများ၊အငြိမ်းစားဝန်ထမ်းများ၊ဝင်ငွေနည်း ပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်၊နေပြည်တော်နှင့်မန္တလေးမြို့တို့၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ် မတိုင်မီ ခြေစမ်းပွဲကစားခဲ့ကြသည့် YUFC နှင့် Glory Goal အသင်း

MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်ခဲ့ပြီဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန် (၁၄)ရက် နံနက်ပိုင်း၌ Glory Goal အသင်းနှင့် ခြေစမ်းကစားရာ (၅) ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်း၏ MNL League Cup 2025 ကွာတားဖိုင်နယ်ပွဲစဉ်ကို လာမည့် ဇွန်လ (၁၉) ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အုပ်စု (ဂ) အသင်းမှ ဒုတိယရရှိသည့်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။ ယနေ့ ခြေစမ်းပွဲစဉ်အတွင်း အနိုင်ဂိုးများကို မျိုးဆက်ပိုင်၊...

ကျိုက်ထိုမြို့မှ ကိုဗစ်ကူးစက်ခံရသူ အမျိုးသားလူနာ ဆေးရုံဆင်းခွင့်ပြု

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ကိုဗစ်ရောဂါ ကူးစက်ခံထားရသော အမျိုးသားလူနာမှာ ကျန်းနာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရသည်။ အသက် (၂၅) နှစ်အရွယ် အဆိုပါအမျိုသားမှာ ဇွန်လ (၉) ရက်က အလုပ်လုပ်ကိုင်ရန် ဆေးစစ်ခဲ့ရမှတဆင့် ကူးစက်ခဲ့ထားရသည်ကို သိရှိခဲ့ရခြင်းဖြစ်ပြီး (၅) ရက်အကြာ စောင့်ကြည့်လူနာအဖြစ် ဆေးကုသပေးရာမှ ဇွန်လ (၁၃)ရက်တွင် ဆေးရုံဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးချက်အရ ဇွန်လ (၉) ရက် ညပိုင်းအထိ ကိုဗစ်ပိုးတွေ့ရှိသူ လူနာသစ် (၃၁) ဦးတွေ့ထားကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ထိရောက်စွာကာကွယ်ပေးနိုင်သောကြောင့်...

အာဇာနည်နေ့အတွက် အထူးပြခန်း ပြုလုပ်နိုင်ရန် ဗိုလ်ချုပ်ပြတို-က်ကို ယာယီပိ-တ်ထားမည်

(၇၈)နှစ်မြောက် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ်အထူးပြခန်း ပြသရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်)ကို ယာယီပိတ်ထားမည် ဖြစ်သည်။ ဇွန်လ(၁၇)ရက်မှ ဇူလိုင်(၁၈)ရက်အထိ ခေတ္တပိ-တ်ထားမည်ဖြစ်ကာ ဇူလိုင်လ(၁၉) ရက်၊ အာဇာနည်နေ့တွင် အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် အခမဲ့ဖွင့်လှစ်ပေးထားမည်ဟု သိရသည်။ ဗိုလ်ချုပ်အောင်ဆန်း ပြတို-က်သည် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော နေအိမ်ကို ပြတို-က်အဖြစ် ခင်းကျင်းပြသထားခြင်းဖြစ်ပြီး အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် တည်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယင်းအိမ်တွင် ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071