Tuesday, June 10, 2025

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...
HomeNewsLocal Newsနိုင်ငံရေးရည်မှန်းချက်နှစ်ချက်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းဖြစ်ဟု...

နိုင်ငံရေးရည်မှန်းချက်နှစ်ချက်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံရေးရည်မှန်းချက်နှစ်ချက်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌမှ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖိတ်ခေါ်ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ နစက အစည်း အဝေး(၅/၂၀၂၂)တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်က ကျွန်တော် ထာဝရငြိမ်းချမ်း ရေးကို အထောက်အကူရနိုင်ဖို့အတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုလုပ်ခဲ့တယ် အဲ့ဒီကြားထဲမှာပဲ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ထဲမှာရော၊လက် မှတ်ထိုးပြီးသားအဖွဲ့ထဲမှာရော အစည်းအဝေးကို အကြောင်းအမျိုးမျိုးကြောင့် မတက်ဘူးလို့ သ ဘောထားထုတ်ပြန်ထားတဲ့အဖွဲ့တွေရှိတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မည်သည့်ပြောကြားမှုမှမရှိဘဲ ငြိမ်နေသည့်အဖွဲ့လည်းရှိကာ အဆိုပါ အဖွဲ့များထဲမှ အချို့မှာလည်း နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲအား တက်ရောက်ဆွေးနွေးချင်ကြသည်ဟု ပြော သည်။

“တစ်ကယ်ဆွေးနွေးတဲ့အခါမှာ သူတို့ထင်ထားသ လိုမဟုတ်ဘူး မဟုတ်တဲ့အခါကျတော့ ဒါဆိုရင်တော့ သူတို့သွားပြီးဆွေးနွေးလိုက်ရင် အကျိုးရှိမယ်ဆိုတဲ့ အမြင်မျိုးပေါ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိပါတယ် တစ်ဖွဲ့ဆိုရင် ကျွန်တော့်ကိုကြားထဲမှာ ဆက်သွယ် ပါတယ် ဒါ့ကြောင့် ကျွန်တော်တို့တိုင်ပင်ပြီး သူတို့လာနိုင်အောင် ကြေညာချက်တစ်စောင်ထပ်ပြီး ထုတ်ပေးလိုက်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

ထို့ပြင် ငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်း၌ ပါတီစုံဒီမိုကရေစီစနစ်ခိုင်ခိုင်မာမာကျင့်သုံးရေး၊ဒီမိုကရေစီနှိင့်ဖက်ဒရယ်စနစ်အား အခြေခံသည့်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် ရည်မှန်းချက်နှစ်ခုနှင့် မျှော်မှန်းချက်နှစ်ခုရှိသည်ဟု ပြောသည်။

“ကျွန်တော်တို့က ဒီအပေါ်မှာခိုင်ခိုင်မာမာရပ် တည်ထားတဲ့အတွက် ဒီအပေါ်မှာအခြေခံပြီး ဘယ်လိုသဘောထားကွဲလွဲတဲ့ အဖွဲ့အစည်းမဆို ဆွေးနွေးလို့ရပါတယ် အထူးသဖြင့် လက်နက် ကိုင်တိုက်ခိုက်နေတဲ့အဖွဲ့တွေပေါ့”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အား အ ခြေခံ၍ ပေါင်းစပ်ထားသည့် ပြည်ထောင်စုသို့သွားရာတွင် တူညီသည့် ဒီမိုကရေစီအခွင့်အရေးပေးထားကာ ဖက်ဒရယ်စနစ်တွင်လည်း အုပ်ချုပ်ရေးနှင့်ပတ်သက်သည့် လုပ်ပိုင်ခွင့်အား မျှဝေခွင့်ပြုခြင်းဖြစ်သည်ဟု ပြောသည်။

“ကမ္ဘာမှာရှိတဲ့ ဖက်ဒရယ်နိုင်ငံတွေ တစ်နိုင်ငံနဲ့တစ် နိုင်ငံနဲ့မတူကြဘူး ဒါကြောင့် ကျွန်တော်တို့ကမြန် မာနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကိုပဲ သွားမယ် အားလုံးကတော့ တူညီတဲ့အခွင့်အရေးရ ရမယ် ကျွန်တော်က ဒီလိုခံယူပြီးတော့ ပြောခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

> Daw Thet Wai:
🖼 Photo

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်ပြော

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း "ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071