Wednesday, May 28, 2025

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏...

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ...

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက်...

ကင်ညာ နိုင်ငံသား (၇)ဦးအား ထိုင်းနိုင်ငံအခြေစိုက်...

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းလိ-မ်လ-ည်မှုလုပ်ငန်းများမှ ထိန်းသိမ်းထားသည့် ကင်ညာနိုင်ငံသား (၇)ဦးအား ယနေ့မေလ (၂၈)ရက်တွင် ထိုင်းနိုင်ငံအခြေစိုက် ကင်ညာသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...
HomeNewsLocal Newsမန္တလေးတွင် KBZ ဘဏ်ခွဲ...

မန္တလေးတွင် KBZ ဘဏ်ခွဲ (၉) ဓားပြအတိုက်ခံရ၍ ငွေသိန်း ၄၀၀ ပါသွား

မန္တလေးတွင် KBZ ဘဏ်ခွဲ (၉) ဓားပြအတိုက်ခံရ၍ ငွေသိန်း ၄၀၀ ပါသွား

မန္တလေးမြို့ ၊ ချမ်းအေးသာဇံမြို့နယ် အတွင်းရှိ ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၉) ၌ ငွေကျပ် သိန်း ၄၀၀ ဓားပြတိုက်ခံရသည့်ဖြစ်စဉ် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ဘဏ်ခွဲ (၉ )သို့ ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က အမျိုး သားနှစ်ဦး KBZ Pay ဖွင့်မည်ဟုဆိုကာရောက်ရှိလာသည့် အတွက် ဝန်ဆောင်မှုပေးနေစဉ် သေနတ် ကိုင်ဆောင်ထားသူ (၂) ထပ်မံရောက်ရှိလာကာ ငွေကျပ် သိန်း ၄၀၀ ကို ယူ ဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။

” ဟုတ်တယ်ဟ။ ဖြစ်တာလည်း ကြည့်ဦး ၊ ရဲစခန်းနားက ဘဏ်ကို ဝင်တိုက်တာ ။ ကောင်တာပေါ်က အထုပ်ဆိုတာကလည်း ကျောက်ခဲကြီး ထည့်ထားတာ။အခုတော့ အဲကိ စ္စနဲ့ တစ်မြို့လုံး နီးပါး စစ်နေပြီ ” ဟု အခင်းဖြစ်ရာ ရပ် ကွက်တွင်နေထိုင်သူ တစ်ဦးက ရီရီမောမောဖြင့် ပြော သည်။

ဓားပြတိုက်ခံရသည့် ဘဏ်ခွဲသည် ချမ်းအေးသာဇံမြို့ နယ်၊ (၂၆) လမ်း၊ (၆၂)လမ်းနှင့် (၆၃) လမ်းကြားတွင် တည်ရှိပြီး အမှတ်(၃) ရဲစခန်းနီးတွင် တည်ရှိကြောင်း သိရသည်။

သေနတ်ကိုင်ဆောင်ထားသူတစ်ဦးမှ ဘဏ်ဝန်ထမ်းများအား သေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ်ကောင်တာမှ ငွေကျပ် သိန်း ၄၀၀ ခန့်အား အိတ်ဖြင့်ထည့်၍ ယူဆောင်သွားခဲ့ခြင်းဖြစ်ပြီး ဘဏ်ကောင်တာပေါ်တွင် ကျောက်ခဲထည့်ထားသည့် အမဲရောင် အိတ်အား ဗုံးဟုယူဆစေရန် ရဲသို့တိုင်ကြားပါက ဖောက်ခွဲပစ်မည်ဟု ပြောဆိုကာ တင်ထားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဘဏ်ဓားပြတိုက်မှု ဖြစ်စဉ်နှင့် ပတ် သက်၍ မန္တလေး တစ်မြို့လုံး နီးပါးရှိ လမ်းများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေး ရှာဖွေမှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

Photo – CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏ တယ်လီဖုန်းဖြင့်နောက်ဆုံး‌ပြောဆိုစဉ် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို သဘောတူညီခဲ့ကြောင်းကိုလည်း သူက အတည်ပြုပြောကြားခဲ့သည်။ "အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်ပြီးညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟုလည်း၎င်းက ပြောကြားခဲ့သည်။ မေလ ၁၉ ရက် နေ့က တယ်လီဖုန်းဖြင့်ပြောဆိုရာ၌ ရုရှားသမ္မတပူတင်နှင့်အ‌မေရိကန်သမ္မတတို့သည် နှစ်ဖက်လုံးမှလူကိုးဦးပါဝင်သည့် အကျဉ်းသားလဲလှယ်ရေးကိုပါ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။ ရုရှားနှင့်အမေရိကတို့သည် အဘူဒါဘီတွင် ဧပြီလ ၁၀ ရက်‌နေ့က ၎င်းတို့၏ နောက်ဆုံးအကျဉ်းသား လဲလှယ်မှုကို ပြုလုပ်ခဲ့ကြသည်။ အာရပ်စော်ဘွားများပြည်ထောင်စုမှ ကူညီဆောင်ရွက်ပေးသည့်အဆိုပါလဲလှယ်မှုတွင်...

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကိစ္စသည် ဆွေးနွေးမည့်အစီအစဉ်တစ်ရပ်ဖြစ်ဖွယ်ရှိသည်။ မက်ခရွန်သည် ဒေသတွင်းခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ဒုတိယမြောက်ခရီးစဉ်အဖြစ် ရောက်ရှိခြင်းဖြစ်ပြီး ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်များကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။ သူသည်ကြာသပတေးနေ့တွင် စင်ကာပူနိုင်ငံကို ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ နှစ်နိုင်ငံအနေဖြင့် လက်ရှိမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆွေးနွေးမည့် နယ်ပယ်များနှင့်ပတ်သက်၍...

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက် ၅ နာရီခွဲခန့်က ထိတွေ့ပ-စ်ခ-တ်မှုဖြစ်ခဲ့ကြောင်း ဆူရန်နာရီ အထူးတပ်ဖွဲ့က သတင်းပို့ခဲ့သည်ဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်ထိုင်း ဆူဗာရီးက ပြောကြားခဲ့သည်။ အခင်းမဖြစ်ပွားမီက ကမ္ဘောဒီးယားစစ်သားများသည် ယခင်သဘောတူညီချက်ကို ချိုးဖောက်ကာ အငြင်းပွားနယ်စပ် ဧရိယာကို ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။ ထိုင်းစစ်သားများက ယခင်ကအတိုင်း ၎င်းတို့ဆီ သွားရောက်ကာ အကျိုးအကြောင်းပြောဆိုရန်ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ကမ္ဘောဒီးယားစစ်သားများက နားလည်မှုလွဲခဲ့ပုံရကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071