Saturday, June 14, 2025

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR)...

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ...

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ...

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော...

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့်...

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsဖားကန့်တွင် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ရေကြီးရေလျှံဆက်လက်ဖြစ်ပွား၊...

ဖားကန့်တွင် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ရေကြီးရေလျှံဆက်လက်ဖြစ်ပွား၊ ဒေသခံပြည်သူ ၂၀၀၀ ခန့် အရေးပေါ်အကူအညီလိုအပ်နေသေး

ဖားကန့်တွင် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ရေကြီးရေလျှံဆက်လက်ဖြစ်ပွား၊ ဒေသခံပြည်သူ ၂၀၀၀ ခန့် အရေးပေါ်အကူအညီလိုအပ်နေသေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယမန်နေ့ ဇွန် ၁၅ ရက်အထိ မိုးဆက်တိုက်ရွာသွန်းနေရာရေကြီးရေလျှံဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူ ၂၀၀၀ခန့် အစားအသောက်များအရေးပေါ်အကူအညီလိုအပ်နေသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။

အဆိုပါ ရေကြီးရေလျှံဖြစ်ပွားမှုသည့် ပြီးခဲ့သော ဇွန် ၁၁ ရက်၌ ဥရုချောင်း ရေကြီးရာမှ မြို့ပေါ်ရပ်ကွက်များရေနစ်မြှပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇွန် ၁၁ရက်မှစတင်၍ ရေကြီးရေလျှံဖြစ်ပွားခဲ့သော ဖားကန်မြို့ပေါ် ရပ်ကွက်များသည် ဇွန် ၁၃ ရက်တွင် ရေအနည်းငယ်ပြန်လည်ကျဆင်းခဲ့သော်လည်း နောက်ရက်တွင်မိုးဆက်တိုက်ဆက်လက်ရွာသွန်းခဲ့ခြင်းကြောင့် ရေဘေးဆက်လက်သင့်နေကြခြင်းဖြစ်သည်။

ရေကကျလိုက် တက်လိုက်ဆိုတော့လေ တချို့ရေအရမ်းမဝင်တဲ့ အိမ်တွေကျတော့ ရေနည်းနည်းကျသွားတဲ့ခါ ပြန်နေကြတာကိုတွေ့ရတယ်။ အကူအညီကတော့ပြောမှာ မဟုတ်တော့ဘူး။ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်း ကူညီပေးကြပါလို့ပဲ ပြောချင်ပါတယ် ဟု ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောကြားထားသည်။

ဖားကန့်မြို့ ရပ်ကွက်များ၏ လူနေအိမ်များသည် လမ်းထက်နိမ့်နေသောကြောင့် နေအိမ်အတွင်း ရေဝင်ရောက်မှု ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥရုချောင်းရေကြီးလာသဖြင့် ဇွန်လ ၆ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံစံပြကျေးရွာနှင့် ဆိုင်းတောင်ကျေးရွာကို ဆက်သွယ်ထားသော တံတားမျောပါသွားခဲ့သည်။

ဖားကန့်မြို့နယ် ဆယ်ဇင်ကျေးရွာတွင်လည်း ဇွန်လ ၁၂ ရက်နေ့က စတင်ပြီး အိမ်ခြေ ၁၀၀ ကျော် ရေဘေးဒဏ် ခံခဲ့ရသည်။

ဖားကန့်မြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ဥရုချောင်းရေကြီးသဖြင့် ဖားကန်မြို့မ ကျောက်ဝိုင်း၊ ဌက်ပျော်တော၊ မရှီကထောင်စသည့်ရပ်ကွက်များနှင့် လုံးခင်းကျေးရွာအုပ်စုတွင် ရေဘေးဒဏ်ခံနေရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့ တရုတ်လှူဒါန်း

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ တို့တွင် နေပြည်တော်နှင့် မန္တလေးမြို့၌ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါစားနပ်ရိက္ခာများသည် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးကာ တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မတ်လ...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ ဖြစ်ပြီ

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက ကြိုဆိုသည်” ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် ဥက္ကဌဖြစ်သည့် တောင်အမေရိကနိုင်ငံ ဘရာဇီးက ပြောကြားခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်များနှင့်အတူ နိုင်ငံတကာအစီအစဉ်အတွက် ပိုမိုပါဝင် ကိုယ်စားပြုရန် ကတိကဝတ်ပြုကြောင်း ၎င်း၏ South-South ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် အဖွဲ့၏ အကျိုးစီးပွားနှင့် ပေါင်းစည်းမှုကို အားဖြည့်ပေးပါကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ ယာယီပြ-တ်တောက်

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသော သုံးစွဲသူများသည် ဝန်ဆောင်မှုပြ-တ်တောက်သည့်အခြေအနေများနှင့် ရင်ဆိုင်ရနိုင်သည်။ နိုင်ငံ၏ အကြီးဆုံး ငွေရေးကြေးရေးအဖွဲ့အစည်းသုံးခုဖြစ်သည့် Krungthai Bank Government Savings Bank(GSB)၊ Siam Commercial Bank(SCB) တို့သည် လာမည့်ရက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်စနစ်ထိန်းသိမ်းမှုလုပ်ဆောင်မည်ဟု ကြေညာခဲ့သောကြောင့် ထိုင်းနိုင်ငံတစ်ဝန်း လူသန်းနှင့်ချီကို သက်ရောက်စေသည့် ဘဏ်လုပ်ငန်းပြ-တ်တောက်မှုဖြစ်ပေါ်နေသည်။ စီစဉ်ထားသော ဖြ-တ်တောက်မှုများကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071