Saturday, December 13, 2025

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...
HomeNewsFootballမြန်မာနေရှင်နယ်လိဂ် ၂၀၂၂ အမှတ်ပေးလိဂ်ပြိုင်...

မြန်မာနေရှင်နယ်လိဂ် ၂၀၂၂ အမှတ်ပေးလိဂ်ပြိုင် ပွဲအား ဇွန် ၂၅ ရက်မှစတင်ကာပြန်လည်ကျင်းပသွားမည်

မြန်မာနေရှင်နယ်လိဂ် ၂၀၂၂ အမှတ်ပေးလိဂ်ပြိုင် ပွဲအား ဇွန် ၂၅ ရက်မှစတင်ကာပြန်လည်ကျင်းပသွားမည်

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ယာယီရပ်နားထားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ၂၀၂၂ အမှတ်ပေးလိဂ်ပြိုင်ပွဲများအား ဇွန် ၂၅ ရက်မှစတင်ကာ နိုဝင်ဘာ ၆ ရက်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေး(၂/၂၀၂၂)မှ သိရသည်။

ထို့ပြင် မြန်မာနေရှင်နယ်လိဂ်(၂) ၂၀၂၂ အမှတ်ပေးလိဂ်ပြိုင်ပွဲအား ဩဂုတ်ပထမပတ်မှ နိုဝင်ဘာဒုတိယပတ်အထိ၊ ၂၀၂၂ Myanmar Women League ပြိုင်ပွဲအား ယခုနှစ်ထဲ၌ ပြန်လည်ကျင်းပရန် စီစဉ်သွားမည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးအား ဇွန် ၉ ရက်ကပြုလုပ်ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် MNL ကလပ်အသင်းပိုင်ရှင်/ဥက္ကဋ္ဌများတက်ရောက်၍ ပြိုင်ပွဲများပြန်လည်ကျင်းပရန် သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကာ အာရှကလပ်အသင်းပြိုင်ပွဲများတွင် မြန်မာကလပ်အသင်းများပုံမှန် ပြန်လည်ယှဉ်ပြိုင်နိုင်ရန်လည်း အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် လိဂ်တာဝန်ရှိသူများအနေဖြင့် တတ် နိုင်သမျှစပွန်ဆာများများရရှိရန် ကြိုးစားဆောင် ရွက်သွားပြီး ကျစ်ကျစ်လစ်လစ်ဖြင့် လိဂ်ပြိုင်ပွဲများအား အောင်မြင်စွာကျင်းပနိုင်ရန် ပိုမိုအားထည့်ကြိုးစားကာ စနစ်တကျစီမံဆောင်ရွက်သွားရေး၊ဘတ်ဂျက်အား ပိုမိုစိစစ်ခြိုးခြံချွေတာပြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် စီမံဆောင်ရွက်သွားရေးတို့အား ဆွေးနွေးခဲ့ကြသည်။

အလားတူ လိဂ်ပြိုင်ပွဲများမှာ ကာလအတန်ကြာ ရပ်နားထားရ၍ ကစားသမားများ၊နည်းပြအဖွဲ့များအပါအဝင် ဒိုင်လူကြီးများ၊ဘောလုံးနှင့်ဆက် နွယ်သည့် ဘောလုံးလောကသားများ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့်အခြေအနေများအား အတိုင်းအတာတခုထိပြေလည်စေရန်၊က လပ်အသင်းများနှင့်လိဂ်တာဝန်ရှိသူများမှ တတ်နိုင်သမျှစောင့်ရှောက်ပံ့ပိုးသွားရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ လိဂ်ကလပ်အသင်းများ ACL/ AFC Cup ပြိုင်ပွဲများ ပုံမှန်ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လိဂ်အနေဖြင့်သင့်တင့်သည့် ရံပုံငွေတခုပံ့ပိုးထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားရေး၊ကလပ်အသင်းများလေ့ကျင့်မှုပြုလုပ်နိုင်ရေးအတွက် တတ်နိုင်သမျှစီစဉ်ညှိနှိုင်းဆောင်ရွက်ပေးရေး၊လိဂ်ပြိုင်ပွဲမှလက်ရွေးစင်အသင်းများအတွက် အားထားရသည့် ကစားသမားကောင်းများ ပေါ်ထွက်လာစေရေးတို့အတွက် တာဝန်ရှိသူအားလုံးမှ ပိုမိုအားထည့်ကြိုးစားဆောင်ရွက်သွားရေးတို့အား အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

Photo-MNL

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆောင်ရွက်သည့်လွိုင်ကော်စက်မှုဇုန် ကတ္တရာလမ်း ၈ လမ်း၊ စုစုပေါင်းအရှည် ၁၁၀၂၇ ပေဖောက်လုပ်ပြီးစီးနေပြီးဖြစ်ပြီး  ဇုန်အတွင်းရှိ ရွှေလွိင်ကော် အဆင့်မြင့်ပရိဘောဂစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။ လုပ်ငန်းများ ယခုထက် ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ကုန်ကြမ်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး လုပ်ငန်းရှင်များ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071