Saturday, December 13, 2025

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့်...

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ...

မြေနိမ့်ဒေသစိုက် ရိုဘတ်စတာကော်ဖီ စိုက်ပျိုးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြေနိမ့်ဒေသစိုက် ရိုဘတ်စတာ (Robusta) ကော်ဖီပင်များကို စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။ မြေနိမ့်ဒေသစိုက်...
HomeNewsLocal Newsမဲဆန္ဒရှင်ပြည်သူများကလက်ခံသည့် လွတ်လပ် ၍...

မဲဆန္ဒရှင်ပြည်သူများကလက်ခံသည့် လွတ်လပ် ၍ တရားမျှတသောရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကာ နိုင်ငံရေးပါတီဝင် မဟုတ်သူများ၊အတွေ့အကြုံရှိသူများဖြင့် UEC အားဖွဲ့စည်းထား

မဲဆန္ဒရှင်ပြည်သူများကလက်ခံသည့် လွတ်လပ် ၍ တရားမျှတသောရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကာ နိုင်ငံရေးပါတီဝင် မဟုတ်သူများ၊အတွေ့အကြုံရှိသူများဖြင့် UEC အားဖွဲ့စည်းထား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးမှ အမေရိကန်နိုင်ငံ၊ဂျွန်ဟော့ကင်းစ်တက္က သိုလ် အရှေ့တောင်အာရှလေ့လာရေးဌာန၊ဂုဏ် ထူးဆောင်ပါမောက္ခ ကာဒီဂျက်ဆန်အား ဇွန် ၁၀ ရက်နံနက်ပိုင်းက လက်ခံတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် ဂုဏ်ထူးဆောင်ပါမောက္ခ ကာဒီဂျက်ဆန်က UEC အနေဖြင့် နစက ၏ရှေ့လုပ် ငန်းစဉ် ၅ ရပ်နှင့်အညီဆောင်ရွက်နေမှု၊ဆက် လက်ဆောင်ရွက်မည့်အခြေအနေ၊ရွေးကောက်ပွဲကျင်းပနိုင်ရန်ဆောင်ရွက်နေမှုနှင့်သိရှိလိုသည့် အချက်များအား မေးမြန်းခဲ့သည်။

“မြန်မာနိုင်ငံနဲ့သင့်လျော်တဲ့ အချိုးကျကိုယ်စားပြုစနစ်ပြောင်းလဲကျင့်သုံးနိုင်ရေးကို သဘောတူညီခဲ့ပြီး သက်ဆိုင်ရာဥပဒေ၊နည်းဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေပါတယ် မဲဆန္ဒရှင်စာရင်းတွေ ပြည့်စုံမှန်ကန်ဖို့အတွက် အလေးထားပြီးမြေပြင်လူဦးရေစာရင်းတွေကို တိုက်ဆိုင်စစ်ဆေးတာ စီစစ်တာနဲ့ပြုစုတာတွေလုပ်နေပါတယ်”ဟု UEC ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် လွတ်လပ်ပြီးတရားမျှတသည့် ရွေး ကောက်ပွဲများကျင်းပပေးနိုင်ရန် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ ဝန်ထမ်းများအား လေ့ကျင့်သင်တန်းပေးခြင်း၊ပြုစုပျိုးထောင်ခြင်းများဆောင်ရွက်လျက်ရှိကာ ရွေးကောက်ပွဲများ ကျင်းပရာတွင်လည်း ပြည်တွင်း၊ပြည်ပမှလေ့ လာသူများအား ဖိတ်ခေါ် သွားမည်ဟုပြောသည်။

အလားတူ ကော်မရှင်အနေဖြင့် နိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများ၊ဝင်ရောက်ယှဉ်ပြိုင်ကြသူများ၊ မဲဆန္ဒရှင်ပြည်သူများကလက်ခံသည့် လွတ်လပ် ၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ဆောင်ရွက်ပေးမည်ဟုပြောသည်။

“တပ်မတော်အနေဖြင့်နဲ့ အခြေအနေအရ နိုင်ငံတော်အာဏာကိုထိန်းသိမ်းခဲ့ရပေမယ့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့အညီ ဆောင်ရွက်နိုင်ဖို့ နိုင်ငံရေးပါတီဝင်မဟုတ်သူတွေ အတွေ့အကြုံရှိသူတွေနဲ့ UEC ကိုဖွဲ့စည်းပေးခဲ့ပါတယ် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ဖို့ကို ဦးတည်ဆောင်ရွက်ခဲ့ပြီး UEC ရဲ့အဓိကတာဝန်ကလည်း ရွေးကောက်ပွဲကျင်းပပေးဖို့ဖြစ်ပါတယ်”ဟု UEC ဥက္ကဋ္ဌကပြောသည်။

အလားတူ ရွေးကောက်ပွဲကျင်းပပေးနိုင်ရန် နိုင်ငံတော်တည်ငြိမ်အေးချမ်းရန်လိုအပ်ကာ ကော်မရှင်အနေဖြင့်လည်း ဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဖြစ်ရန် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးမည်ဟု ပြောသည်။

ထို့အတူ ဂုဏ်ထူးဆောင်ပါမောက္ခကာဒီဂျက်ဆန်က ကော်မရှင်၏ပြင်ဆင်ဆောင်ရွက်နေမှု၊လုပ် ဆောင်နေမှုများအား သိရှိရသဖြင့် အထင်ကြီးလေးစားကာ မိမိအနေဖြင့်နိုင်ငံတကာမှ သိရှိအောင် ပြန်လည်သတင်းစကားပါးပေးမည်ဖြစ်ပြီး လိုအပ်သည့်အကူအညီများရှိပါက ကူညီပေးမည်ဟု ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား အလုပ်ရုံဆွေးနွေးပွဲ၏ အကြံပြုချက်များအရ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပမည်

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေးဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး ၊ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ် အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်သို့ တက်ရောက်

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲအစည်းအသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့နောက် ဖိုရမ်အခမ်းအနားကို ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု “စဉ်ဆက်မပြတ်သော အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်များပေါင်းစည်းခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Mr.Serdar Berdimuhamedov က အဖွင့်မိန့်ခွန်းပြောကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့်...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအားစစ်ဆေးပြီးနောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့်ချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်မ တော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)မှ အ ကောင်းဆုံးဗိုလ်လောင်းဆုရ ဗိုလ်လောင်းဆွေဇင်ဖြိုးဝေအား အကောင်းဆုံးဗိုလ်လောင်းဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထိုသို့ ချီးမြှင့်ပေးအပ်ပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ငြိမ်းချမ်းရေးနှင့်ဆိုင်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071