Thursday, August 14, 2025

ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ်(၃၄၀)ဘီလီယံကျော်သုံးစွဲထား

မန္တလေးငလျင်ကြီးကြောင့် အစိုးရကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍ ဆုံးရှုံးမှု ကျပ်ငွေဘီလီယံ (၈၀၀၀) နီးပါးထိ ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှေးဦးပြန် လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ်...

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့်...

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA)...

လာမည့် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်း၊(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့၌ ဖြစ်ပေါ် နေသော လေဖိ အားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ယင်း လေဖိအားနည်းရပ်ဝန်းသည်...
HomeInternationalအမေရိကန်နိုင်ငံတွင် ဂက်စ်ဈေးပျှမ်းမျှ ၅...

အမေရိကန်နိုင်ငံတွင် ဂက်စ်ဈေးပျှမ်းမျှ ၅ ဒေါ်လာခန့်​ရောက်ရှိ

အမေရိကန်နိုင်ငံတွင် ဂက်စ်ဈေးပျှမ်းမျှ ၅ ဒေါ်လာခန့်​ရောက်ရှိ

အမေရိကန်တစ်နိုင်ငံလုံးတွင် ဂက်စ်တစ်ဂါလန်၏ ပျမ်းမျှစျေးနှုန်းသည် ကြာသပတေးနေ့တွင် ၅ ဒေါ်လာကျော်လွန်သွားခဲ့သည်။ထိုပမာဏသည် ပြီးခဲ့​သောလက တရှိန်ထိုးတက်ခဲ့သော ပမာဏကိုပင်ကျော်လွန်နေပြီး လူထုကထိတ်လန့်​နေသည်။

အမေရိကန်ပြည်သူများ၏ နေ့စဉ်ကုန်ကျစရိတ်အတွက် စိုးရိမ်စရာအခြေနေဖြစ်လာသဖြင့် ပြည်သူ့​ရေးရာစီမံခန့်ခွဲ​နေသည့် အာဏာပိုင်များအတွက် သတိပေး‌ ​ခေါင်း​လောင်းဖြစ်​နေဟု GasBuddy ၏ဖော်ပြချက်အရသိရှိရသည်။

အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်ပေါင်း ၅၀ ရှိသည့်အနက် ဂက်စ်ဈေးများသည် ဒေသအလိုက်သိသိသာသာကွာဟမှုများရှိနေသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၄.၄၀ ဒေါ်လာအထက်တွင်ရှိနေသော်လည်း အနောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းတွင် ဈေးအကြီးဆုံးပေးဝယ်နေရကာ အရှေ့တောင်ပိုင်းတွင်တော့ ဈေးသက်သာနေ‌သိဟု AAA ကဆိုသည်။(AAA – American Automobile Association)

အမြင့်ဆုံးဈေးပေးဝယ်နေရသည့် ကယ်လီဖိုးနီးယားပြည်နယ်၏ဂက်စ်ဈေးသည် တစ်ဂါလန်လျှင် ပျှမ်းမျှ ၆.၄၄ ဒေါ်လာဖြစ်နေသဖြင့် သုံးစွဲသူပြည်သူများအတွက် အထိတ်တလန့်ဖြစ်စရာဖြစ်လာသည်ဟု AAA ၏ဒေတာများကပြသနေသည်။

ကျွမ်းကျင်သူတစ်ဦး၏ ပြောကြားချက်အရ နွေရာသီခရီးထွက်မှုများပေါ်အရင်းခံကာ ယခုကဲ့သို့ဈေးမြင့်တက်မှုများဖြစ်လာကြောင်းသိရှိရသည်။ဂက်စ်ဝယ်လိုအားများလာချိန်တွင် ရုရှား – ယူကရိန်းအရေးနှင့်တိုက်ဆိုင်ပြီး ​ရေနံစိမ်း ပြတ်လပ်မှုဖြစ်နေသည့်အချိန်လည်းဖြစ်​နေပြန်သည်။

ရုရှား – ယူကရိန်းစစ်ပွဲကြောင့်ရုရှားနိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းအများအပြားထွက်ခွာသွားကြခြင်းကလည်း ဈေးကွက်တွင်းဂက်စ် ပြတ်လပ်မှု၏ အကြောင်းရင်းတစ်ခုဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် လောင်စာနှင့်စား‌သောက်ကုန်ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အရာများ၏ဈေးကွက်ကိုကောင်းစွာမထိန်းချုပ်နိုင်‌ခြင်းအပေါ်လည်း ဝေဖန်ခံရမှုများရှိနေသည်။

ဘိုဒင်၏၏စီးပွားရေးပြန်လည်ဦးမော့လာရန်ကိုင်တွယ်မှုကို အမေရိကန်နိုင်ငံသား ၃၇ ရာခိုင်နှုန်းလောက်ကသာ ထောက်ခံအားပေးကြသည်ဟု ABC/Ipsos poll အရသိရသည်။

လွှတ်တော်ရှိ ရီပက်ဘလီကန်‌ခေါင်းဆောင်များကလည်း အမေရိကန်၏ရေနံနှင့်ဂက်စ်ဈေးမြင့်တက်မှုများအပေါ် ဘိုင်ဒင်၏စီမံခန့်ခွဲမှုအားပြစ်တင်ဝေဖန်ခဲ့ပြီး မနှစ်က Keystone XL ပိုက်လိုင်းကိုပိတ်ရန်ဆုံးဖြတ်ခြင်းကိုလည်း ဝေဖန်ခဲ့ကြသည်။

ထိပ်တန်းဆီတင်ပို့သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျသို့ ပြီးခဲ့သည့်အပတ်က သမ္မတဘိုင်ဒင်သွားရောက်ခဲ့သည့်ခရီးစဉ်သည် အမေရိကန် ဓါ်​တ်​ငွေ့ဝယ်ယူသူများ‌အတွက်မျှော်လင့်ချက်တစ်ခုအဖြစ်​တော့ရှိ​နေသည်။

Source – abcnews

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ်(၃၄၀)ဘီလီယံကျော်သုံးစွဲထား

မန္တလေးငလျင်ကြီးကြောင့် အစိုးရကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍ ဆုံးရှုံးမှု ကျပ်ငွေဘီလီယံ (၈၀၀၀) နီးပါးထိ ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှေးဦးပြန် လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ် (၃၄၀)ဘီလီယံကျော်သုံးစွဲပြီးဖြစ်သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အသိပေးခဲ့သည်။ မန္တလေးငလျင်ကြီးစတင်ဖြစ်ပွားသည့်နေ့မှစ၍ ၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၁ ရက်အထိ အမျိုးသားသ ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငလျင်ဒဏ်သင့်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့မှုအတွက် ငွေကျပ်(၄၂ ဒသမ ၀၉၄)ဘီလီယံကျော်၊ သေဆုံးသူများ၏ မိသားစုများအားထောက်ပံ့မှုအ တွက် ငွေကျပ်(၄ ဒသမ ၇၃၃)ဘီလီယံကျော်၊ ဒဏ် ရာရသူများအတွက် ငွေကျပ်(၀ ဒသမ...

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင် ပြည်နယ်၊ မြဝတီမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့ရှိ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်(Money Changer)ရကုမ္ပဏီများအားတွေ့ဆုံခဲ့သည်။ Money Changer လိုင်စင်ရကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီ မံခန့်ခွဲမှုစည်းမျဥ်းနှင့် ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်၊ စည်းကမ်းလိုက် နာမှုမရှိသည့် ကုမ္ပဏီများအနေဖြင့်အရေးယူခံရနိုင်မည်ဖြစ်၍ ထုတ်ပြန်ထားသည့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခြင်းဆိုင်ရာညွှန်ကြားချက် ၅/၂၀၂၄ အတိုင်း လိုက်နာဆောင်ရွက်ရန် ပြောသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာဥပဒေ စည်းမျဥ်းညွှန်ကြားချက်များကိုလိုက်နာရန်၊ နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်မှုရှိစေရေးအတွက်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် ရူပဗေဒ အိုလံပစ်ပြိုင်ပွဲကို မွန်ဘိုင်းတွင် ဖွင့်လှစ်

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA) ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယနိုင်ငံသည် နည်းပညာကို ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း အိန္ဒိယအစိုးရ၏ အဓိကသိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အာဂျေးကူးမားဆွဒ်(Ajay Kumar Sood)က ပြောကြားခဲ့သည်။ “ပြိုင်ပွဲဝင်တွေဟာ အိုင်ဒီယာအသစ်တွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ကြွယ်ဝတဲ့ အတွေးအမြင်တွေနဲ့ သူတို့နိုင်ငံကို ပြန်သွားသင့်ပါတယ်” ဟု ပါမောက္ခ ဆွဒ်က အိုလံပစ်ပြိုင်ပွဲကို “သိပ္ပံအားကစား” အဖြစ် ရည်ညွှန်းပြောကြားခဲ့သည်။ Tata Institute...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071