Thursday, April 30, 2026

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး...

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀)...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ်...
HomeCelebrities' Newsဘရန်ဒီလေး ဆုံးသွားတဲ့အတွက် ဝမ်းနည်းရတဲ့အကြောင်းပြောပြလာခဲ့တဲ့...

ဘရန်ဒီလေး ဆုံးသွားတဲ့အတွက် ဝမ်းနည်းရတဲ့အကြောင်းပြောပြလာခဲ့တဲ့ ဝေလာရီ

ဘရန်ဒီလေး ဆုံးသွားတဲ့အတွက် ဝမ်းနည်းရတဲ့အကြောင်းပြောပြလာခဲ့တဲ့ ဝေလာရီ

ဝေလာရီအရမ်းချစ်ရတဲ့ တိလေး ဘရန်ဒီလေး အနေနဲ့ ဇွန်လ ၆ ရက်နေ့မှာဆုံးပါးသွားခဲ့တာဖြစ်ပြီးအခုလိုဆုံးပါးသွားရတဲ့အတွက် ရင်ကွဲမတတ်ဝမ်းနည်းရကြောင်း ဝေလာရီကပြောပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီးဝေလာရီက

” မီးလေးရယ် မမရင်တွေကွဲပါပြီ အရမ်းကို သိတတ်လိမ္မာလွန်းတဲ့ ကလေးလေး … တစ်ခါမှ ဂျီမကျဖူးဘူး … တစ်ခါမှ မမတို့ကို ဒုက္ခမပေးဖူးတဲ့ ကလေးလေး …

ဟိုးသေးသေးလေး ၄၅ ရက်သားထဲက မမလိုင်းပေါ်မှာတွေ့ပြီး မီးလေးကို မြင်မြင်ချင်း ချစ်လွန်းလို့ တကူးတက ပြေးဝယ်ပြီး တယုတယ မွေးခဲ့တာနော် … မမနဲ့ စားအတူ အိပ်လည်း တူတူ မမနဲ့ တကုတင်ထဲ အိပ်တဲ့ မီးလေး … မမက မီးလေးကို အရမ်းချစ်တယ်နော် … ရုတ်တရက်ကြီး မမဖြေမဆည်နိုင်ဘူး မီးလေးရယ် …
မီးလေးကို မမ မိသားစုပြီးရင် အချစ်ဆုံး … မီးလေးက မမတို့ မိသားစုဝင်ပဲနော် … အငယ်ဆုံးလေး

အပြင်ကပြန်လာရင် ကြိုရတာအမော … အခန်းထဲကို တောက်တောက်တောက်တောက်နဲ့ ဝင်လာတဲ့ ခြေသံလေး မကြားရတော့ဘူးပေါ့နော် … ရှုးရှုးတို့ အီအီးတို့ဆိုလည်း သူ့အိမ်သာလေးနဲ့ သူသွားတာ … ဒီလောက်လိမ္မာတာ
မီးလေးရဲ့ ခေါင်းအစ ခြေအဆုံး နားရွက်လေးကအစ အပြုအမူလေးတွေအရမ်းချစ်ဖို့ကောင်းတာ … ဒီအရွယ်ထိ မမ နဲ့ တစ်အိပ်ယာတည်း အိပ်တာ … ခရီးတွေသွားတောင် မရမက ခေါ်တာ … မမက မီးလေးကို အရမ်းချစ်တာပါနော် မီးလေးရယ် …

မမအသည်းတွေကွဲပြီ မီးလေးရယ် …
မီးလေး ကောင်းရာဘုံဘဝမှာ အေးချမ်းစွာနေပါတော့နော် မမ ထာဝရ လွမ်းနေရတော့မှာ
မီးလေးကို မမအသက်လောက်ထိ ချစ်တယ်နော် ” လို့သူမလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဝမ်းနည်းစွာရေးသားထားတာဖြစ်ပါတယ်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု မြင်ကွင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး လွတ်ငြိမ်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀) ရက် နံနက်ပိုင်းက လွတ်ပေးခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၃၀) ရက်ရက်စွဲပါ အမိန့် အမှတ် (၅၁/၂၀၂၆)၊ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နှစ်စဉ်မပျက် ကျင်းပကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ကောလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူး ကျော်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ဝန် ထမ်းများ၊ ဒေသခံပြည်သူများက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071