ဖခင်ဖြစ်သူစိုင်းထီးဆိုင်ရေးထားသောသီချင်းများကို cover song အနေနဲ့ ပြန်ဆိုခွင့်မပြုကြောင်းပြောခဲ့တဲ့ဆိုင်စံ

အဆိုတော်စိုင်းထီးဆိုင်ရဲ့အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ သီချင်းများကို တဆင့်ပြန်လည် cover song အနေနဲ့ ပြန်ဆိုခြင်းများအားခွင့်မပြုကြောင်း အဆိုတော်စိုင်းထီးဆိုင်ရဲ့ သမီးဖြစ်သူ ဆိုင်စံက ပြောပါတယ်။
အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး အဆိုတော် စိုင်းထီးဆိုင်ရဲ့သမီးဖြစ်သူ ဆိုင်စံက
” ကျွန်မရဲ့အဖေ တေးသံရှင် စိုင်းထီးဆိုင် ရေးသားခဲ့သောတေးသီချင်းများကို cover song အနေဖြင့် သီဆိုခွင့်ပြုမှာမဟုတ်ပါကြောင်း (ပရိတ်သတ်များမှ အပျော်သဘော ဂစ်တာဖြင့်ဖြစ်စေ piano ဖြင့်ဖြစ်စေ ကိုယ်တိုင်တီးဆိုပြီး facebookတင်ခြင်းမှလွဲ၍ ခွင့်မပြုပါ)
Studioတွင် တီးခတ်အသံသွင်း MV, Lyric Video များပြုလုပ်ပြီး Facebook , You Tube,နှင့် အခြား social mediaများတွင် ခွင့်မတောင်းပဲ အသုံးပြုသီဆိုခွင့် တင်ခွင့်မရှိပါဘူး။
တင်ထားပြီးသားရှိနေခဲ့ရင်လဲ ပြန်လည်ဖြုတ်ချပေးပါရှင် ဆက်လက်တွေ့ရှိနေရမယ်ဆိုရင် တရားဥပဒေအရအရေးယူမှာဖြစ်ပါတယ်
တေးသံရှင်စိုင်းထီးဆိုင်မိသားစု
မှတ်ချက်။ ။ အဖေရေးထားသော သီချင်းများကိုသာ သီးသန့်ရည်ရွယ်ခြင်းဖြစ်ပါသည်။
ဆရာစိုင်းခမ်းလိတ်နှင့် အခြားတေးရေးဆရာများရေးသားသောသီချင်းများကို ရည်ရွယ်ခြင်းမဟုတ်ပါ ” လို့သူမလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။
အဆိုတော်စိုင်းထီးဆိုင် အနေနဲ့ သီချင်းပေါင်းများစွာသီဆိုခဲ့သူဖြစ်ပြီးပရိသတ်တွေအနေနဲ့လည်းအမြဲတမ်းသတိရအောက်မေ့နေတာပဲဖြစ်ပါတယ်။


