ဒဂုံမြောက်ပိုင်းတွင် KBZ ဘဏ်ငွေသိမ်းကားပေါ်မှ ငွေကျပ်သိန်း ၃၀၀၀ လုယက်ခဲ့သူ ၆ ဦးအားဖမ်းဆီးရမိ

ဒဂုံမြောက်ပိုင်းတွင် KBZ ဘဏ်ငွေသိမ်းကားပေါ်မှ ငွေကျပ်သိန်း ၃၀၀၀ လုယက်ခဲ့သူ ၆ ဦးအားဖမ်းဆီးရမိ
May 22, 2022 Popular Journal

ဒဂုံမြောက်ပိုင်းတွင် KBZ ဘဏ်ငွေသိမ်းကားပေါ်မှ ငွေကျပ်သိန်း ၃၀၀၀ လုယက်ခဲ့သူ ၆ ဦးအားဖမ်းဆီးရမိ

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊အမှတ် ၃၂ ရပ်ကွက်၊ပင်လုံလမ်းနှင့်နဝဒေးလမ်းထောင့်ရှိ KBZ ဘဏ်ခွဲ(၁)ရှေ့တွင် မေ ၁၃ ရက်မွန်းလွဲ ၂ နာရီ ၅၀ မိနစ်က KBZ ဘဏ်ငွေသိမ်းကားပေါ်မှ ငွေကျပ်သိန်း ၃၀၀၀ အားလုယက်ခဲ့သူ ၆ ဦးအားဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်တွင် ငွေသိမ်းကားသည် အဆိုပါ ဘဏ်ခွဲရှေ့၌ ကားအားရပ်၍ နောက်တံခါးဖွင့်စဥ် နောက် မှလိုက်ပါလာသည့် Probox ကားပေါ်မှအမျိုးသား ၃ ဦးဆင်းလာကာ ဘဏ်ဝန်ထမ်း ၁ ဦးအားဓားဖြင့်ခြိမ်းခြောက်၍ ဘဏ်ငွေသိမ်းကားပေါ်ရှိ ပီနံအိတ် ၄ လုံးဖြင့်ထည့်ထားသည့် ငွေကျပ်သိန်း ၃၀၀၀ အားလုယက်ယူဆောင်သွားခဲ့သည်။

ဖြစ်စဥ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်လှစ်၍ လုံခြုံရေးအဖွဲ့ဝင်များနှင့်ပူး ပေါင်းကာ ဖမ်းဆီးရမိရေးအတွက် အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာစုံစမ်းစစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် အခင်းဖြစ်စဥ်ကအသုံးပြုခဲ့သည့် Probox ကားပိုင်ရှင်အား ခေါ်ယူစစ်ဆေးခဲ့ရာကားအား ခရမ်းမြို့နယ်၊အမှတ် ၃ ရပ်ကွက်၊ ၃ လမ်း၊အမှတ် ၂၁၁ နေ ဝေလင်းထွန်း(ခ)ကိုထွန်း(၃၀)နှစ်မှ ဌားရမ်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် မေ ၁၈ ရက်တွင် ဝေလင်းထွန်းအား သင်္ဃန်းကျွန်းမြို့ နယ်၊လေးထောင့်ကန်လမ်းရှိ “The Lord” စား သောက်ဆိုင်အနီး၌ ဖမ်းဆီးရမိခဲ့သည်။

ဝေလင်းထွန်း၏ ထွက်ဆိုချက်အရ ပြစ်မှုကျူး လွန်ရာတွင် ပါဝင်ခဲ့ကြသည့် ဇင်ကိုကိုဦး(ခ)ဇင်ကို(၂၇)နှစ်၊ထွဋ်ခေါင်မင်း(ခ)ထက်လင်းကျော် (၂၃)နှစ်၊ဇွဲပြည့်စုံမှူး(ခ)ဇွဲကြီး(၂၇)နှစ်၊သိန်းဇော်ဦး(ခ)သားငယ်(၂၄)နှစ်နှင့်နှင်းဝေဝေဖူး(ခ)ဖူးဖူး (၂၇)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူများနှင့်အတူ သက်သေခံ ပစ္စည်းများဖြစ်သည့် ငွေကျပ် ၂၂၁၀ သိန်း၊လု ယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် Probox ကား၊လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် 82W-40613 Honda PCX ဆိုင်ကယ် ၁ စီး၊ ရွှေဆွဲကြိုး ၁ ကုံး၊ Xiaomi အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ Vivo အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးနှင့် Redmi Note 11 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်း သိမ်း ဆည်းရမိခဲ့သည်။

ထို့ကြောင့် KBZ ဘဏ်ငွေသိမ်းကားအား လုယက် မှုကျူးလွန်ခဲ့သူ ၆ ဦးအား ဥပဒေအရထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*