မွေးနေ့အထိမ်းအမှတ်အနေနဲ့ လိုအပ်နေတဲ့နေရာလေးတွေမှာအလှူငွေများ လှူဒါန်း ခဲ့တဲ့
အဆိုတော်မေခလာ

အဆိုတော် မေခလာကတော့ မေလ ၂ ရက်နေ့မှာ ကျရောက်တဲ့သူမရဲ့မွေးနေ့အထိမ်းအမှတ်အလှူအဖြစ် သက်န်းကျွန်းကြီးပုလဲမြို့သစ် ပညာမြေ ဘုန်းတော်ကြီးစာသင်ကျောင်းနဲ့ ပဲခူးမြို့ရှိ ရင်ခွင်မဲ့သူများဆုံစည်းရာ ဘက်စုံလူငယ် ဖွံဖြိုးရေးကျောင်းမှာ အလှူငွေများလှူဒါန်းခဲ့တာဖြစ်ပါတယ်။
အခုလိုလှူဖြစ်တာနဲ့ ပတ်သက်ပြီး အဆိုတော်မေခလာက” ချစ်ငယ်နဲ့အတူ ပရိသတ်ကြီးရဲ့အလှူပါ
ချစ်ငယ်ရဲ့မွေးနေ့ အမှတ်တရအဖြစ်
သက်န်းကျွန်းကြီးပုလဲမြို့သစ် ပညာမြေ ဘုန်းတော်ကြီးစာသင်ကျောင်း မိဘမဲ့ခလေးများအတွက် လှူဒါန်းငွေ ၅ သိန်းပဲခူးမြို့ရှိ ရင်ခွင်မဲ့သူများဆုံစည်းရာ ဘက်စုံလူငယ် ဖွံဖြိုးရေးကျောင်းအတွက် မိုးကြိုးလွှဲတပ်ဆင်ရန် လှူဒါန်း ငွေ ၃ သိန်းသွားရောက်လှူဒါန်းခဲ့ပါတယ်။
လိုအပ်တဲ့နေရာမှာ လှူဒါန်းခြင်းကအမှန်ကုသိုလ် မြတ်လှပါတယ်အများကြီး လှူချင်ပေမဲ့ ဒီနှစ်မှာတော့နိုင်သလောက် ပဲ လှူ နိုင်ခဲ့ပါတယ် ” လို့ပြောပါတယ်။
အခုလက်ရှိမှာ အဆိုတော်မေခလာနဲ့ အဆိုတော်ဖြိုးမြတ်အောင်တို့အတူဆိုထားတဲ့ ” နည်းနည်းတော့များနေပြီ “ဆိုတဲ့ MTV ေလးက
မကြာခင်မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။

