ယခင်အစိုးရ၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဟောင်းဦးနိုင်ငံလင်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

0
60

ယခင်အစိုးရ၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဟောင်းဦးနိုင်ငံလင်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

ယခင်အစိုးရ၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဟောင်းဦးနိုင်ငံလင်းအား အင်းစိန်အကျဥ်းထောင်တွင်းအထူးတရားရုံးမှ ဧပြီ ၂၈ ရက်(ယ နေ့)နံနက်ပိုင်းက ထောင်ဒဏ် ၁၅ နှစ်အမိန့်ချမှတ်ခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။

ဦးနိုင်ငံလင်းသည် ၎င်းတရားရင်ဆိုင်ခဲ့ရသည့် အ ဂတိအမှု ၅ မှုအတွက် တစ်မှုလျင်ထောင်ဒဏ် ၃ နှစ်စီဖြင့် ထောင်ဒဏ် ၁၅ နှစ်အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးနိုင်ငံလင်းသည် မြန်မာနိုင်ငံ၌နိုင်ငံရေးဖြစ်စဥ်များစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါ ရီ ၁ ရက်နေ့မှစတင်ကာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ၂၀၂၁ ခုနှစ်၊ဇွန်လတွင် အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရား စွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

“ဖမ်းဆီးထိမ်းသိန်းခံရပြီ ၁ နှစ်ကျော်ကြာတဲ့အ ချိန်မှာ အခုလိုအမိန့်ချခံခဲ့ရတာပါ အခုချလိုက်တဲ့အမိန့်ထဲမှာ ချုပ်ရက်တွေကိုလျော့ပေး မပေးက တော့သေချာမသိဘူး”ဟုရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here