နေပြည်တော် ရေဆင်းအခြေစိုက်တက္ကသိုလ်(၂)ခု ဖွင့်လှစ်မည့်ရက်ကြေညာ

0
78

နေပြည်တော် ရေဆင်းအခြေစိုက်တက္ကသိုလ်(၂)ခု ဖွင့်လှစ်မည့်ရက်ကြေညာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း တို့ ဖွင့်လှစ်သွားမည့်ရက်အား ကြေညာလိုက်ပြီဖြစ်သည်။

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး တက်ရောက်ခွင့်ရရှိသူများ ပထမနှစ်သင်တန်း (ပထမနှစ်ဝက်)၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက်ရောက်ဆဲ ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်းများအားလုံးကို ၁၂-၅-၂၀၂၂ ရက် (ကြာသပတေးနေ့) မှစ၍ စတင်ဖွင့်လှစ်မည်ဖြစ်သည်ဟုသိရသည်။

၂၀၂၂-၂၀၁၃ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူများစာရင်းကိုလည်း မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ www.uvsyezin.edu.mm တွင် ထုတ်ပြန် ထားမည်ဟု အဆိုပါ တက္ကသိုလ်ကကြေညာထားသည်ကိုတွေ့ရသည်။

အလားတူ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ကလည်း ဘွဲ့ကြိုသင်တန်းများနှင့် မဟာသိပ္ပံဘွဲ့လွန်သင်တန်းဖွင့်လှစ်ကြောင်းကြေညာထားမှုတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘွဲ့ကြိုပထမနှစ်သင်တန်း၊ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်သူများ၏ ၂၀၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုပထမ နှစ်သင်တန်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် ပဉ္စမနှစ် သင်တန်းများ (ဘွဲ့ကြိုသင်တန်းများအားလုံး) နှင့် မဟာသိပ္ပံဘွဲ့လွန်သင်တန်းကို၁၂-၅-၂၀၂၂ ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here