Wednesday, August 20, 2025

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင်...

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယမန်နေ့...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်ပတ်သက်ပြီး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ယမန်နေ့ ဩဂုတ်(၁၉)ရက်က တွေ့ဆုံဆွေး‌နွေးခဲ့ကြောင်း သိရသည်၊ မြန်မာ-ထိုင်း...

မုံရွာမြို့ ခုတင် (၅၀၀) ဆံ့...

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ အခမဲ့မျက်စိကုသပေးမည်ဖြစ်ကြောင်းသိရသည်။ အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊...

မွန်ပြည်နယ်မှာ ရုံးချုပ်တည်ရှိသည် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အသုံးပြုမည့်ပါတီအလံ...

မွန်ပြည်နယ်၊ သထုံမြို့တွင် ပါတီရုံးချုပ်တည်ရှိသည့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင်ခွင့်ပြုရန် ဩဂုတ်(၁၂)ရက်က လျှောက်ထားခဲ့ကြောင်း သိရသည်။ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် အသုံးပြုမည့် အလံနှင့်တံဆိပ်တို့ကိုလည်း...
HomeNewsLocal Newsတစ်နှစ်လျှင် လက်ဘက်အချိုခြောက် ၅၃၈တန်...

တစ်နှစ်လျှင် လက်ဘက်အချိုခြောက် ၅၃၈တန် ထုတ်လုပ်နိုင်မည့် လက်ဖက် အချိုခြောက်နှင့် သစ်သီး အခြောက်ခံစက်ရုံ(နောင်တရား) ဖွင့်လှစ်

တစ်နှစ်လျှင် လက်ဘက်အချိုခြောက် ၅၃၈တန် ထုတ်လုပ်နိုင်မည့် လက်ဖက် အချိုခြောက်နှင့် သစ်သီး အခြောက်ခံစက်ရုံ(နောင်တရား) ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နောင်တရားမြို့တွင်တစ်နှစ်လျှင် လက်ဘက်အချိုခြောက် ၅၃၈တန် ထုတ်လုပ်နိုင်မည့် လက်ဖက် အချိုခြောက်နှင့် သစ်သီး အ ခြောက်ခံစက်ရုံ(နောင်တရား)ကို ဧပြီလ၈ရက်နေ့ကစတင် ဖွင့်လှစ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်မှာရှိသည့် နောင်တရားမြို့အတွင်း ယခုကဲ့သို့ လက်ဖက်ခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံကြီး တည်ဆောက်ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း (နောင်တရား) ဒေသ၊ ပင်လောင်း ဒေသနှင့် အနီးဝန်းကျင်ဒေသများတွင် ထွက်ရှိသည့် သစ်သီးများကို အခြောက်ခံပြီး အသီးအခြောက်ပြုလုပ်ကာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်အတွင်း အဆင့်မြင့်ထုတ်ကုန် အဖြစ် ထုတ်လုပ်ရောင်းချပြီး ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပြီး ဝင်ငွေတိုးပွား စေရန်ဖြစ် ကြောင်း၊ ပင်လောင်း- နောင်တရားဒေသများသည် ပတ်ဝန်းကျင်ရှိ ရွာငံ၊ ပင်းတယမြို့များထက် စိုက်ဧကများသော်လည်း အကျိုးမြတ်ရရှိမှုနည်းသဖြင့် လက်ဖက်ခြံလုပ်ငန်းများနှင့် အသီးခြံလုပ်ငန်းများ စွန့်ခွာမည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိရာ စက်ရုံမှဝယ်ယူမည့် လက်ဖက်နှင့်သစ်သီးကုန်ကြမ်း ဝင်ငွေပုံမှန် ရရှိလာမည်ဖြစ်၍ လက်ဖက်နှင့် သစ်သီးခြံလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ဆောင်ရွက် နိုင်စေရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံသည် တစ်ရက် ၈ နာရီတစ်ဆိုင်းဖြင့် ထုတ်လုပ်ပါက လက်ဖက်ကုန်ချော လက်ဖက် အချိုခြောက် ၁၁၃၆ ကီလိုဂရမ် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် စက်လည်ရက် ၂၂၄ ရက် ဖြင့် လက်ဖက်ကုန်ချော လက်ဖက်အချိုခြောက် ၄၈၈၀၀၀ ကီလိုဂရမ်(၅၃၈ တန်)ခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ယခုစက်ရုံ၏ တပ်ဆင်ထားသည့်စနစ်မှာ CTC (Crush-Tear- Curl) စနစ်ဖြစ်ပြီး လက်ဖက်အချိုခြောက်၏ အရည်အသွေးကို မြင့်မားစွာ ထုတ်လုပ်နိုင်သည့်အပြင် အလေအလွင့်နည်းပါးစွာဖြင့် ထုတ်လုပ်နိုင်ကြောင်း၊ တစ်ရက်လျှင် ၈ နာရီ ကုန်ကြမ်း ၅ တန် ကြိတ်ဝါးပါက ကုန်ချော ၁ ဒသမ ၁ တန် ထွက်ရှိမည့် CTC အချိုခြောက်စက်များ တပ်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

နောင်တရား ပတ်ဝန်းကျင် ကျေးရွာအုပ်စု ၈ စုတွင် လက်ရှိလက်ဖက်စိုက်ဧက စုစုပေါင်း ၄၅၂၆ ဧကခန့်နှင့် တစ်ဧကပျမ်းမျှ လက်ဖက် ရွက်စိမ်း ၆၀၀ ပိဿာခန့် ထွက်ရှိပြီး တစ်နှစ် စုစုပေါင်း လက်ဖက်ရွက်စိမ်း ၂ ဒသမ ၇ သန်းပိဿာခန့်ထွက်ရှိကြောင်းနှင့် ပင်လောင်းမြို့နယ် အတွင်းတွင် လက်ဖက်စိုက်ဧက ၁၅၅၄၃ ဧကမှ တစ်နှစ်လက်ဖက်ရွက်စိမ်း ၆၆၁၀၂၀၀ ပိဿာခန့် ထွက်ရှိသည့်အတွက် ဒေသတစ်ခုလုံးတွင် လက်ဖက်ရွက်စိမ်းထွက်ရှိမှုအနေဖြင့် ၉၃၂၅၈၀၀ ပိဿာ (၁၅၂၂၈)တန် ထွက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင် စတင်ကျင်းပမည်

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယမန်နေ့ ဩဂုတ်(၁၉)ရက်က ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မှန်မှန်ကန်ကန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခြင်းပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးချိန်တွင် အနိုင်ရရှိသည့်အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ‌၎င်းကဆိုသည်။ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံ၏အကျိုး၊...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်ပတ်သက်ပြီး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ယမန်နေ့ ဩဂုတ်(၁၉)ရက်က တွေ့ဆုံဆွေး‌နွေးခဲ့ကြောင်း သိရသည်၊ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စများဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး ကိစ္စများ ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများ နှင့် ပတ်သက်၍ သတင်းမှန်သိရှိနိုင်ရေးဆိုင်ရာများ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့်ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး...

မုံရွာမြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိအခမဲ့ကုသပေးမည်

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ အခမဲ့မျက်စိကုသပေးမည်ဖြစ်ကြောင်းသိရသည်။ အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များကို မျက်စိအထူးကုဆရာဝန်များက အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ မျက်စိအထူးကုဆရာဝန်များက (၅) ဖွဲ့ခွဲ၍ တစ်ရက်လျှင် မျက်စိဝေဒနာရှင် (၅၀၀) ခန့်အား ကုသပေးမည်ဖြစ်ပြီး မျက်စိစမ်းသပ်သည့် ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် (၂၅၀၀၀) ကျပ်၊ မျက်စိခွဲစိတ်ကုသသည့် ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် (၂၅၀,၀၀၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071