Friday, June 27, 2025

အရှေ့အလယ်ပိုင်းငြိမ်းချမ်းတည်ငြိမ်ရေး BRICSနှင့်လက်တွဲမည်–တရုတ်

ပေကျင်း၊ ဇွန် ၂၅ အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းပြီး တည်ငြိမ်ရန်အတွက် ဆက်လက်လုပ်ဆောင်ရန် တရုတ်နိုင်ငံသည် အခြား BRICS နိုင်ငံများနှင့် လက်တွဲရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက...

ချင်းတွင်းမြစ်ရေ ဟုမ္မလင်းနှင့် ဖောင်းပြင်တွင် စိုးရိမ်ရေအမှတ်...

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် စိုးရိမ်ရေအမှတ်အထက်(၃)လက်မကျော် မြင့်တက်နေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန်၂၇)တွင် ထုတ်ပြန်သည်။ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တွင်စိုးရိမ်ရေအမှတ်အထက် (၃)လက်မခန့်ကျော်လွန် နေကာ...

မိုးကုတ် မှာ မိုးသည်ထန်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ယမန်နေ့ ဇွန်လ(၂၆)ရက်နေ့ညကစပြီး ယနေ့ ဇွန်လ(၂၇)ရက် နံနက်ပိုင်းထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။ မိုးကုတ်မြို့ မင်းတံတား၊ စည်ပင်သာယာ၊ ထင်းရူးခြံ၊...

Peace Forum 2025 သည်...

Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျောက်စေပြီး တိုင်းရင်းသားပြည်သူအားလုံးလိုလားတောင့်တသည့် ခေတ်မီဖွံဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာသော...
HomeNewsLiterature Newsမဟာသင်္ကြန်ပွဲတော်ကာလ ရန်ကုန်မြို့တွင်းလမ်းအချို့ မနက်၇-ညနေ၆အထိ...

မဟာသင်္ကြန်ပွဲတော်ကာလ ရန်ကုန်မြို့တွင်းလမ်းအချို့ မနက်၇-ညနေ၆အထိ ယာယီပိတ်ထားမည်

မဟာသင်္ကြန်ပွဲတော်ကာလ ရန်ကုန်မြို့တွင်းလမ်းအချို့ မနက်၇-ညနေ၆အထိ ယာယီပိတ်ထားမည်

မြန်မာသက္ကရာဇ် ၁၃၈၃-၁၃၈၄ ခုနှစ် တန်ခူးလဆန်း(၁၃) ရက်နေ့မှ တန်ခူးလဆုတ်(၁) ရက်နေ့အထိ(၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ)မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကအလှဖျော်ဖြေခြင်းများဖြင့် ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်၌ကျင်းပသွားမည်ဖြစ်ရာ မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိလည်းကောင်း၊ ဆူးလေဘုရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိလည်းကောင်း ခေတ္တပိတ်ထားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုတင်အသိပေးကြေညာထားသည်။

အဆိုပါလမ်းများ ယာယီပိတ်ထားမှုကို နံနက် ၀၇၀၀ အချိန်မှ ညနေ ၁၈၀၀ အချိန်အထိ ပြုလုပ်မည်ဖြစ်၍ မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် လမ်းလွှဲများမှ သွားလာမောင်းနှင်ကြပါရန်လည်း အသိပေးနှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အရှေ့အလယ်ပိုင်းငြိမ်းချမ်းတည်ငြိမ်ရေး BRICSနှင့်လက်တွဲမည်–တရုတ်

ပေကျင်း၊ ဇွန် ၂၅ အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းပြီး တည်ငြိမ်ရန်အတွက် ဆက်လက်လုပ်ဆောင်ရန် တရုတ်နိုင်ငံသည် အခြား BRICS နိုင်ငံများနှင့် လက်တွဲရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ BRICS အဖွဲ့ ဥက္ကဋ္ဌဘရာဇီးလ်နိုင်ငံသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ နယ်မြေအပေါ် စစ်ရေးအရ တို-က်ခို-က်မှုများအပြီး အရှေ့အလယ်ပိုင်းတွင် လုံခြုံရေးအခြေအနေ တိုးမြင့်လာမှုဆိုင်ရာ BRICS ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ဆက်စပ်မေးမြန်းမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် BRICS သည် ကမ္ဘာ့လုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ရှေ့ဆောင်အင်အားတစ်ခုဖြစ်ပြီး နိုင်ငံတကာ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို ကာကွယ်ထိန်းသိမ်းနေသော တိုးတက်မှုအင်အားတစ်ခု၊ တွန်းအားတစ်ခုဖြစ်ကြောင်း...

ချင်းတွင်းမြစ်ရေ ဟုမ္မလင်းနှင့် ဖောင်းပြင်တွင် စိုးရိမ်ရေအမှတ် ကျော်နေ

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် စိုးရိမ်ရေအမှတ်အထက်(၃)လက်မကျော် မြင့်တက်နေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန်၂၇)တွင် ထုတ်ပြန်သည်။ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တွင်စိုးရိမ်ရေအမှတ်အထက် (၃)လက်မခန့်ကျော်လွန် နေကာ ဟုမ္မလင်းမြို့တွင်မူ ထိုမြစ်ရေသည် နောက်(၁)ရက်အတွင်း စိုးရိမ်ရေအမှတ်အောက် ပြန်ကျနိုင်ကြောင်းလည်း ဆိုသည်။ သို့သော် ဖောင်းပြင်မြို့တွင်မူ ယင်းမြစ်ရေသည် နောက်(၁)ရက်အတွင်း နောက်ထပ် (၃)လက်မခန့်မြင့်တက်လာ နိုင်သည်ဟု ထုတ်ပြန်ထားသည်။ ထို့ကြောင့် မြစ်နား၊ ကမ်းနားနေထိုင်သူများ၊ မြေနိမ့်ပိုင်းနေထိုင်သူအနေဖြင့် သတိထားနေထိုင်ရန် လိုအပ်တယ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မိုးကုတ် မှာ မိုးသည်ထန်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ယမန်နေ့ ဇွန်လ(၂၆)ရက်နေ့ညကစပြီး ယနေ့ ဇွန်လ(၂၇)ရက် နံနက်ပိုင်းထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။ မိုးကုတ်မြို့ မင်းတံတား၊ စည်ပင်သာယာ၊ ထင်းရူးခြံ၊ ဈေးသစ်နှင့် မြို့လယ်ရပ်ကွက် လမ်းမကြီးများနှင့် ရေနီချောင်းများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ကနဦးအခြေအနေများအရ ကမ်းပါးပြိုခြင်း၊ နေအိမ်အချို့ပျ-က်ဆီးခြင်းနှင့် လမ်းအက်ကွဲခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071