Friday, December 5, 2025

ယနေ့ ဖိလစ်ပိုင်အသင်းဖြင့် ယှဉ်ပြိုင်ကြမည့် မြန်မာလက်‌ရွေးစင်အမျိုးသား/သမီး...

ယနေ့ ဒီဇင်ဘာ (၅)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းတို့သည့် ဖိလစ်ပိုင်လက်ရွေးစင်အမျိုးသား/ အမျိုးသမီးအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအတွင်း ပထမဆုံးယှဉ်ပြိုင်ကစားကြမည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့...

အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သောပိုင်ဆိုင်မှု ဒေါ်လာသန်း ၃၀၀...

ထိုင်းနိုင်ငံသည် ဒေသတွင်း အလိမ်အညာကွန်ရက်များကို ပြင်းထန်စွာနှိမ်နင်းနေရာ ဒေသတွင်း အဓိကစွမ်းအင်ကုမ္ပဏီတစ်ခု၏ ရှယ်ယာများအပါအဝင် အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ပြီး လူ...

ဆီးဂိမ်းပြိုင်ပွဲ၌ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းကို ကြိုးစား...

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့နှင့် ယခုဆီးဂိမ်းပြိုင်ပွဲတွင် ထပ်မံထိပ်တိုက်တွေ့ဆုံမည်ဖြစ်ရာ ကြိုးစားပြီး ရင်ဆိုင်သွားမည်ဟု နည်းပြချုပ် ကူရိုဆာခီက ပြောသည်။ ဒီဇင်ဘာ (၄)ရက် ၊မွန်းလွဲ...

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ်သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့ ဂျိုးဘိုင်ဒင်ရဲ့...
HomeEntertainmentBusinessယခုရက်သတ္တအပါတ်အတွင်းစီးပွားရေးဆိုင်ရာ အနှစ်ချုပ်

ယခုရက်သတ္တအပါတ်အတွင်းစီးပွားရေးဆိုင်ရာ အနှစ်ချုပ်

ယခုရက်သတ္တအပါတ်အတွင်းစီးပွားရေးဆိုင်ရာ အနှစ်ချုပ်

ကျင်စန်းကျော့ဂိတ်ပြန်ဖွင့်လှစ်လိုက်တဲ့သတင်း၊အထောက်အထားခိုင်လုံရင် ငွေကျပ်သိန်း၁၀၀အထိထုတ်ယူနိုင်တော့မယ့်သတင်း၊မြန်မာမတ်ပဲ အိန္ဒိယသိုတင်သွင်းမှုဆက်လက်အားကောင်းနေမယ့်သတင်း၊မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်မှာ (MACCS) စနစ်ကို ဧပြီ ၁ ရက်ကစတင်အသုံးပြုနေပြီဆိုတဲ့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။

ပထမဦးဆုံးသတင်းအနေနဲ့ ကျင်စန်းကျော့ဂိတ်ပြန်လည်ဖွင့်လှစ်တဲ့သတင်းပဲဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် ရက်ပိုင်းယာယီပိတ်ခဲ့တဲ့ ကျင်စန်းကျော့ဂိတ် (မူဆယ်-ဝမ်တိန် မန်မိုင် လမ်းကြောင်း) ကို မတ်လ ၂၇ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

မူဆယ်နယ်စပ်ကုန်သည်ကြီးတစ်ဦးက”ဟိုဘက်မှာပိတ်မိနေတဲ့၊ဒီဘက်ကနေသွားလိုမရတဲ့ ကားတွေကအများကြီး၊ခုလမ်းဖွင့်သွားပြီ။မြန်မာဘက်က ဖရဲ၊သခွါး၊ရာဘာတွေအတွက် အဆင်ပိုပြေသွားတယ်”လို့ ပြောဆိုပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အထောက်အထားခိုင်လုံရင် ငွေကျပ်သိန်း၁၀၀အထိထုတ်ယူနိုင်တော့မည့်သတင်းပဲဖြစ်ပါတယ်။

ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁ ရက် နေ့ကစပြီး ယခင်သတ်မှတ်ပမာဏ ကျပ်သိန်း (၂၀) နှင့် ကျပ်သိန်း (၂၀၀) သတ်မှတ်ချက်ကိုကျော်လွန်ပြီးအစိုးရဌာနများ သတ်မှတ်အသုံးစရိတ်အတွက်ငွေသားထုတ်ယူခြင်းကို တစ်ပတ်မှာ အများဆုံး ကျပ်သိန်း (၁,၀၀၀)၊စက်မှုဇုန်စက်ရုံများအတွက် တစ်ပတ်ကို အများဆုံး ကျပ်သိန်း (၁,၀၀၀) ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ဆိုရင် ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာကိစ္စရပ်များအတွက် အထောက်အထားများ ပြည့်စုံခိုင်လုံရင် တစ်ပတ်ကိုအများဆုံး ကျပ်သိန်း (၁၀၀) ထုတ်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

New Account များအပေါ် လက်ရှိဆောင်ရွက်ပေးလျက်ရှိတဲ့ အတိုင်း ငွေသားပေးသွင်းထားတဲ့ ပမာဏအပေါ် ငွေသား ထုတ်ယူခွင့်အပြည့်အဝရှိပြီး ဘဏ်စာရင်းအဟောင်းသို့ ငွေသားနဲ့ဝင်ရောက်ခြင်းဖြစ်ပါက ငွေသား ပေးသွင်းတဲ့ ပမာဏအတိုင်း ငွေသားပြန်လည်ထုတ်ပေးရမယ့် သတ်မှတ်ချက်တွေကတော့ ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်ကတော့ မြန်မာမတ်ပဲ အိန္ဒိယသို့တင်သွင်းမှုဆက်လက်အားကောင်းနေမည့်သတင်းပဲဖြစ်ပါတယ်။

အိန္ဒိယအစိုးရက မြန်မာမတ်ပဲတင်သွင်းမှုကို ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ ထပ်မံသက်တမ်းတိုးပေးလိုက်ခြင်းဟာ အိန္ဒိယနိုင်ငံရဲ့ မတ်ပဲအရောင်းအဝယ်အပေါ်အကျိုးသက်ရောက်မှုများစွာဖြစ်ခဲ့တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲဧရာကုန်သွယ်မှုဗဟိုဌာနက ဧပြီ၁ရက်မှာ ခန့်မှန်းထုတ်ပြန်လိုက်ပြီး မြန်မာမတ်ပဲ အိန္ဒိယသိုတင်သွင်းမှုဆက်လက်အားကောင်းနေမှာဖြစ်ပါတယ်။စျေးအနည်းငယ်ကျဆင်းနိုင်ပေမယ့် ရေရှည်မှာတော့ မြန်မာ့ပဲစျေးက အမာဘက်မှာရှိနေမှာလို ပဲကုန်သည်တိုက သုံးသပ်ထားကြတာရှိပါတယ်။

နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ အကောက်ခွန်ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ Myanmar Automated Cargo Clearance System (MACCS) စနစ်ကို မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်တွင် ဧပြီ ၁ ရက်ကစပြီးစတင်အသုံးပြုနေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။

အဆိုပါနယ်စပ်ဒေသများမှာMACCS စနစ်ကို အသုံးပြုခြင်းအားဖြင့် သွင်းကုန်/ ထုတ်ကုန်ရှင်းလင်း ရေးလုပ်ငန်းစဉ်တွေကို ယခင် Manual စနစ်နဲ့ ဆောင်ရွက်ခဲ့ရာမှ Automation စနစ်သို့ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်တယ်လို့အကောက်ခွန်ဦးစီးဌာနကပြောဆိုထားပါတယ်။

MACCS စနစ်ကြောင့် ကုန်သွယ်မှုလွယ်ကူချောမွေ့ လာမည်ဖြစ်ကာ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံဖြိုး တိုးတက်လာမယ်လို့သိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ ဖိလစ်ပိုင်အသင်းဖြင့် ယှဉ်ပြိုင်ကြမည့် မြန်မာလက်‌ရွေးစင်အမျိုးသား/သမီး ဘောလုံးအသင်း

ယနေ့ ဒီဇင်ဘာ (၅)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းတို့သည့် ဖိလစ်ပိုင်လက်ရွေးစင်အမျိုးသား/ အမျိုးသမီးအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအတွင်း ပထမဆုံးယှဉ်ပြိုင်ကစားကြမည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ဖိလစ်ပိုင်လက်ရွေးစင်အမျိုးသမီးအသင်းဖြင့် ယှဥ်ပြိုင်ကစားမည်ဖြစ်သည်။ အလားတူ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် ချင်းမိုင်မြို့ 700th Anniversary Stadium ၌ ဖိလစ်ပိုင်လက်ရွေးစင်အမျိုးသားအသင်းဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။ အဆိုပါ အမျိုးသား/သမီး ပွဲစဉ် နစ်ခုလုံးအား MRTV, MRTV4, HTV...

အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သောပိုင်ဆိုင်မှု ဒေါ်လာသန်း ၃၀၀ ကျော်ကို သိမ်းဆည်းကာ လူ ၄၂ ဦးကို ဖမ်းဝရမ်းထုတ်

ထိုင်းနိုင်ငံသည် ဒေသတွင်း အလိမ်အညာကွန်ရက်များကို ပြင်းထန်စွာနှိမ်နင်းနေရာ ဒေသတွင်း အဓိကစွမ်းအင်ကုမ္ပဏီတစ်ခု၏ ရှယ်ယာများအပါအဝင် အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ပြီး လူ ၄၂ ဦးကို ဖမ်းဝရမ်းများထုတ်ခဲ့ကြောင်း အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။           သိမ်းဆည်းမှုများနှင့် ဖမ်းဝရမ်းများတွင် အမေရိက၏ ဒ-ဏ်ခတ်ပိတ်ဆို့ခံထားရသော Prince Group ကို ဦးဆောင်သည့် တရုတ်-ကမ္ဘောဒီးယား သူဌေးကြီး ချန်ရှီနှင့်နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်နေကြောင်း အာဏာပိုင်များက ပြောကြားထားသည့် ကမ္ဘောဒီးယားနိုင်ငံသားများဖြစ်သော ကော့ခ်အန်နှင့် ယင်လိခ်တို့ ပါဝင်ခဲ့သည်။        ယခုကိစ္စနှင့် ပတ်သက်၍ မေးမြန်းသောအခါ...

ဆီးဂိမ်းပြိုင်ပွဲ၌ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းကို ကြိုးစား ရင်ဆိုင်မည်ဟု နည်းပြချုပ် ကူရိုဆာခီ ပြော

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့နှင့် ယခုဆီးဂိမ်းပြိုင်ပွဲတွင် ထပ်မံထိပ်တိုက်တွေ့ဆုံမည်ဖြစ်ရာ ကြိုးစားပြီး ရင်ဆိုင်သွားမည်ဟု နည်းပြချုပ် ကူရိုဆာခီက ပြောသည်။ ဒီဇင်ဘာ (၄)ရက် ၊မွန်းလွဲ (၂) နာရီအချိန်က ချင်းမိုင်အားကစားကွင်း၌ ကျင်းပခဲ့သည့် ဆီးဂိမ်းစ် ၂၀၂၅ အမျိုး သားဘောလုံးပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ "ပြိုင်ဘက်အသင်းတွေကို ကျွန်တော်တို့ လေးစားမှုနဲ့ ယှဉ်ပြိုင်မှာပါ။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား အသင်းတွေက တောင့်တင်းပြီး တကယ်ကောင်းတဲ့ အသင်းတွေဆိုတာ သူတို့နဲ့တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ မြင်ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ဆီမီးဖိုင်နယ်တက်တဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071