Friday, December 5, 2025

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူမှုတိုင်းတာစစ်ဆေးစံ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...

တရုတ်နိုင်ငံသား(၂၇၈)ဦးကိုပြည်နှင်လွှဲပြောင်းပေးပြီး (၂၄၈)ဦးကို ထပ်မံထိန်းသိမ်း

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒု စရို-က်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၇၈)ဦးကို ယနေ့ ဒီဇင်ဘာ ၄ ရက်က သက်ဆိုင်ရာနိုင်ငံသို့...

ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မည့် သဘာဝမြေဩဇာစက်ရုံတည်ဆောက်ရေးလုပ်ငန်းအား ဒီဇင်ဘာလတွင် စတင်နိုင်ရေး...

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် မစ္စတာဆာဂေးရှတီရော့ဗ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် သဘာဝမြေဩဇာစက်ရုံ...
HomeNewsLocal Newsထိုင်းနိုင်ငံ၌ အလုပ်ခွင်အတွင်းသေဆုံးခဲ့သည့် မြန်မာနိုင်ငံသား...

ထိုင်းနိုင်ငံ၌ အလုပ်ခွင်အတွင်းသေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ၃ ဦးအသက်အာမခံကြေးများရရှိ

ထိုင်းနိုင်ငံ၌ အလုပ်ခွင်အတွင်းသေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ၃ ဦးအသက်အာမခံကြေးများရရှိ

ထိုင်းနိုင်ငံ(တောင်ပိုင်း)၊ပါတနီမြို့၏ ဆိပ်ကမ်းသို့ပြန်လည်ဝင်ရောက်လာသည့် ငါးဖမ်းစက်လှေပေါ်၌ ငါးများအားထုတ်ယူစဥ်(ဒေသအခေါ် ငါးပါကင်တူး)မြန်မာနိုင်ငံသား ၃ ဦး မတ် ၃၁ ရက်ညပိုင်းက တစ်ချိန်တည်းသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးဖမ်းစက်လှေသည် ပင်လယ်အတွင်း၌ ၁၀ ရက်ကျော်ခန့်ငါးများဖမ်းဆီးပြီး ဆိပ်ကမ်းသို့ပြန်လည်ဝင်ရောက်လာစဥ် ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထိုင်းဖက်ရေလုပ်သားတွေခေါ်တဲ့အခေါ်ကတော့ ငါးပါကင်တူးတာပေါ့ အဲ့လိုတူးရာကနေ ငါးဂတ်စ်ဖြစ်ပြီး မြန်မာနိုင်ငံသား ၃ ယောက်သေဆုံးခဲ့တာပါ သူတို့ရဲ့ရုပ်အလောင်းတွေကို တနီမြို့က ဝပ် လမ်(မ်)နို့ခ်ဘုန်းကြီးကျောင်းမှာထားပါတယ် ဒီနေ့(ဧပြီ ၃ ရက်)မှာ ရုပ်အလောင်း ၂ ခုကိုမီးသဂြိုလ်ပြီး မနက်ဖြန်(ဧပြီ ၄ ရက်)မှာကန်တဲ့ရုပ်အလောင်းတစ်ခုကိုထပ်ပြီး မီးသဂြိုလ်ပေးသွားမှာပါ”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

သေဆုံးသွားသည့် မြန်မာနိုင်ငံသား ၃ ဦးမှာ ရခိုင် ပြည်နယ်၊မြောက်ဦးမြို့နယ်လေညှင်းတောင်ကျေးရွာနေ မောင်စံလှ၊ဗူးရွက်မညှိုးကျေးရွာနေ မောင်ညီညီနှင့်တောဗွေကျေးရွာနေ မောင်ကျော်ဝင်းမောင်တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့ကြသဖြင့် ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေးဆိုင်ရာ(ပါကန်စမ်ခွမ်) ငွေစုရေးဌာနမှ အသက်အာမခံကြေးငွေအဖြစ် တစ်ဦးလျင်ထိုင်းဘတ်ငွေ ၁၈၀၀၀၀၀ ခန့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီ အသက်အာမခံရတဲ့‌ငွေတွေကို ကျန်ရစ်တဲ့မိသားစုဝင်တွေ လာရောက်ထုတ်ယူခွင့်ရှိပါတယ် ဒါ့ကြောင့် မိသားစုဝင်တွေသိနိုင်ဖို့အတွက် လက်ဆင့်ကမ်းအသိပေးစေလိုပါတယ် ထိုင်းရောက်
မြန်မာလှေလုပ်သားတွေကိုလည်း လုပ်ငန်းခွင်အတွင်းမှာ အထူးသတိထားပြီးလုပ်ကိုင်ကြဖို့ကို တိုက်တွန်းလိုပါတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံသား ၃ ဦးသေဆုံးရခြင်းမှာ ဖမ်းဆီးရမိသည့်ငါးများအား သိမ်းဆည်းရာတွင် ရေခဲထည့်နည်းခြင်း၊ဆားကြမ်းထည့်နည်းခြင်းနှင့်ငါးပုတ်ရေမစုတ်ထုတ် မဆေးကြောခြင်းတို့ကြောင့် ရေများပုတ်ကာ ဂတ်စ်ဖြစ်၍သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုက်တွန်း

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာ (၄)ရက်က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစဉ် ထို့သို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ ရွှေတံဆိပ်ဆုရရှိသူများကိုလည်း နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသကဲ့သို့ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှလည်း ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်သွားမည်ဖြစ်၍ ကြိုးစားကြစေလိုကြောင်း မှာကြားသည်။ ထို့ပြင် အားကစားသမားများအ‌နေဖြင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် နီးကပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး လေ့ကျင့်မှုများပြုလုပ်ရာတွင်...

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူမှုတိုင်းတာစစ်ဆေးစံ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ပညာရေးဝန်ကြီးဌာန တက်ရောက်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဒေါက်တာဇော်လတ်ထွန်း၊ ဒေါက်တာအေးသီတာစိုး၊ လက်ထောက်အတွင်းဝန် ဦးအောင်သန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က Video message ပေးပို့၍ SEA-PLM လုပ်ငန်းအစီအစဉ်သည် အာဆီယံပညာရေးမူဘောင်ထဲတွင် အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး...

တရုတ်နိုင်ငံသား(၂၇၈)ဦးကိုပြည်နှင်လွှဲပြောင်းပေးပြီး (၂၄၈)ဦးကို ထပ်မံထိန်းသိမ်း

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒု စရို-က်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၇၈)ဦးကို ယနေ့ ဒီဇင်ဘာ ၄ ရက်က သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့ အားလူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၄ ရက်က လုံခြုံရေးအဖွဲ့ဝင်များသည် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်တွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများကျူးလွန်လျက်ရှိသည့် တရုတ်နိုင်ငံသား(၂၅)ဦးနှင့် မြန်မာနိုင်ငံသား(၂၂၃)ဦး(စုစုပေါင်း ၂၄၈ ဦး)တို့အား တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများတွင်အသုံးပြုသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071