ငွေပေးသွင်းထားပြီး ပတ်ပို့စ်စာအုပ်ထုတ်ယူခြင်းမရှိသေးသူများ ၃ လအတွင်းလာရောက်ထုတ်ယူနိုင်

0
192

ငွေပေးသွင်းထားပြီး ပတ်ပို့စ်စာအုပ်ထုတ်ယူခြင်းမရှိသေးသူများ ၃ လအတွင်းလာရောက်ထုတ်ယူနိုင်

သာမန်မြန်မာနိုင်ငံကူးလက်မှတ်(ပတ်ပို့စ်)စာအုပ်ထုတ်ရန် ငွေပေးသွင်းထားပြီး အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူရခြင်းမရှိသေးသည့် အလုပ် သမား ၁၆၄ ဦးသည် စာအုပ်များအား ယနေ့မှစ၍ ၃ လအတွင်းလာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ အလုပ်သမား ၁၆၄ ဦးသည် ၂၀၁၉ ခုနှစ်၊ဧပြီ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၃၀ ရက်အထိ ပတ်ပို့စ်စာအုပ်ထုတ်ယူရန် ငွေပေးသွင်းထားပြီးသူများဖြစ်ကာ ယနေ့အထိလာရောက်ထုတ်ယူရခြင်းမရှိသေးကြောင်း သိရသည်။

ထို့ကြောင့် ပတ်ပို့စ်စာအုပ်ထုတ်ယူလိုသည့် စာ အုပ်ဖိုးငွေပေးသွင်းထားပြီးသူများသည် မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်(မဟာချိုင်)တွင် ငွေပေးသွင်းပြေစာမူရင်း၊နိုင်ငံကူးလက်မှတ်၊နိုင်ငံသားစိစစ်ရေးကတ်ပြားစသည့် အထောက်အထားများ ပြသ၍ ပြန်လည်ထုတ်ယူနိုင်ပါကြောင်း သိရသည်။

အလားတူ စာအုပ်ဖိုးငွေပေးသွင်းထားပြီး မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် အလုပ်သမားများသည်လည်း မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းအလုပ် သမားဌာနခွဲ၊အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန(ဖုန်း- ၀၆၇-၄၃၀၁၈၄၊ ၀၆၇-၄၃၀၁၈၃၊ ၀၆၇-၄၃၀၁၈၆)တို့သို့ ဆက်သွယ်တောင်းခံနိုင်ကြောင်း သိရသည်။

ပတ်ပို့စ်စာအုပ်များ ပြန်လည်ထုတ်ယူရာတွင် ကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်ကာ ကိုယ်စားထုတ်ယူခွင့်မပြုကြောင်း သိရသည်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here