တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဆေးရုံစာစစ်ဌာန ၃ ခုဖွင့်လှစ်သွားမည်

တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဆေးရုံစာစစ်ဌာန ၃ ခုဖွင့်လှစ်သွားမည်
March 12, 2022 Popular Journal

တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဆေး ရုံစာစစ်ဌာန ၃ ခုဖွင့်လှစ်သွားမည်

ကျန်းမာရေးအခြေအနေအရ ဆေးရုံတက်ရောက်ကုသမှုခံယူ‌နေရသည့် ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအားဝင်ရောက်ဖြေဆိုမည့်သူများအ တွက် ဆေးရုံစာစစ်ဌာန ၃ ခုဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ကုသရေးဦးစီးဌာနနှင့်မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့ ညှိနှိုင်း၍ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူနေကြရသည့် ကျောင်းသား၊ကျောင်းသူများ နစ်နာမှုမရှိစေရန်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊မြောက်ဥက္ကလာပ အ ထွေထွေရောဂါကုနှင့်သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးတို့၌ ဆေးရုံစာစစ်ဌာန ၃ ခုအားဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုလိုသည့် ဆေးရုံတက်ရောက်၍ကုသမှုခံယူနေရသော ကျောင်းသား၊ကျောင်းသူ(လူနာ)များသည် ယင်းဆေးရုံကြီးများရှိ ဆေးလူမှုဆက်ဆံရေးဌာနနှင့်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

Zaw Gyi






Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*