ရခိုင်ပြည်နယ်ရှိ မြို့နယ် ၆ ခုမှ စာစစ်ဌာန ၂၀ ခုအား နေရာပြောင်းရွှေ့စစ်ဆေးမည်

မြန်မာနိုင်ငံတစ်ဝှမ်း၌ မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအား ကျင်းပမည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်ရှိ စာစစ်ဌာန ၂၀ ခုအား လုံခြုံရေးအရ နေရာပြောင်းရွှေ့စစ်ဆေးသွားမည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲမေးခွန်းလုံခြုံရေးအရ စာစစ်ဌာနများအား သက်ဆိုင်ရာမြို့နယ်များအလိုက် မြို့ပေါ်သို့ပြောင်းရွှေ့ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု သိရသည်။
မြို့ပေါ်များသို့ပြောင်းရွှေ့ဖွင့်လှစ်မည့် စာစစ်ဌာန ၂၀ ခုမှာ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊အမ်း၊မြေပုံ၊မင်းပြားနှင့်ကျောက်တော် မြို့နယ်တို့ရှိ စာစစ်ဌာနများဖြစ်ကြောင်း သိရသည်။
“ရဲစခန်းမရှိတဲ့ နေရာတွေက နယ်စာစစ်ဌာနတွေကို သက်ဆိုင်တဲ့မြို့နယ်က မြို့ပေါ်ကိုပြောင်းတာပါ စာစစ်ဌာနတွေကိုပိတ်တာမဟုတ်ပါဘူး စာစစ်ဌာန ၁၂၈ ခုအတိုင်းပါပဲ အဓိက ကတော့စာမေးပွဲမေးခွန်းကိုစပြီးဖြေမယ့်အချိန်အထိ လုံခြုံစေချင်တာကြောင့်ပါ”ဟုရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုသို့ စာစစ်ဌာနများ မြို့ပေါ်သို့ပြောင်းရွှေ့စစ်ဆေးရာတွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ခက်ခဲမှုများဖြစ်ပေါ်စေနိုင်သည်ဟု ပြောဆိုသုံးသပ်မှုများလည်းရှိကြောင်း သိရသည်။
“ကျောင်းသား၊ကျောင်းသူတွေနဲ့ မိဘတွေရဲ့အခက်အခဲကိုနားလည်ပါတယ် သို့သော် မေးခွန်းလုံခြုံဖို့အတွက်ကလည်း အရေးကြီးတာကြောင့် အခုလိုလုပ်ရတာပါ ရက်ပိုင်းလောက်အခက်အခဲကိုနားလည်ပေးစေချင်ပါတယ်”ဟုကျောက်တော်မြို့နယ်မှ မြို့မိမြို့ဖတစ်ဦးကပြောသည်။
Zaw Gyi
ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၆ ခုမွ စာစစ္ဌာန ၂၀ ခုအား ေနရာေျပာင္းေ႐ႊ႕စစ္ေဆးမည္
ျမန္မာႏိုင္ငံတစ္ဝွမ္း၌ မတ္ ၃၁ ရက္မွ ဧၿပီ ၉ ရက္အထိ ၂၀၂၂ ခုႏွစ္၊တကၠသိုလ္ဝင္စာေမးပြဲအား က်င္းပမည္ျဖစ္ရာ ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္ရွိ စာစစ္ဌာန ၂၀ ခုအား လုံၿခဳံေရးအရ ေနရာေျပာင္းေ႐ႊ႕စစ္ေဆးသြားမည္ဟု ျပည္နယ္ပညာေရးမႉး႐ုံးမွ သိရသည္။
စာေမးပြဲေမးခြန္းလုံၿခဳံေရးအရ စာစစ္ဌာနမ်ားအား သက္ဆိုင္ရာၿမိဳ႕နယ္မ်ားအလိုက္ ၿမိဳ႕ေပၚသို႔ေျပာင္းေ႐ႊ႕ဖြင့္လွစ္ရျခင္းျဖစ္သည္ဟု သိရသည္။
ၿမိဳ႕ေပၚမ်ားသို႔ေျပာင္းေ႐ႊ႕ဖြင့္လွစ္မည့္ စာစစ္ဌာန ၂၀ ခုမွာ ရေသ့ေတာင္၊ပုဏၰားကြၽန္း၊အမ္း၊ေျမပုံ၊မင္းျပားႏွင့္ေက်ာက္ေတာ္ ၿမိဳ႕နယ္တို႔ရွိ စာစစ္ဌာနမ်ားျဖစ္ေၾကာင္း သိရသည္။
“ရဲစခန္းမရွိတဲ့ ေနရာေတြက နယ္စာစစ္ဌာနေတြကို သက္ဆိုင္တဲ့ၿမိဳ႕နယ္က ၿမိဳ႕ေပၚကိုေျပာင္းတာပါ စာစစ္ဌာနေတြကိုပိတ္တာမဟုတ္ပါဘူး စာစစ္ဌာန ၁၂၈ ခုအတိုင္းပါပဲ အဓိက ကေတာ့စာေမးပြဲေမးခြန္းကိုစၿပီးေျဖမယ့္အခ်ိန္အထိ လုံၿခဳံေစခ်င္တာေၾကာင့္ပါ”ဟုရခိုင္ျပည္နယ္ ပညာေရးမႉး႐ုံးမွတာဝန္ရွိသူတစ္ဦးကေျပာသည္။
ထိုသို႔ စာစစ္ဌာနမ်ား ၿမိဳ႕ေပၚသို႔ေျပာင္းေ႐ႊ႕စစ္ေဆးရာတြင္ ေက်ာင္းသား၊ေက်ာင္းသူမ်ားအေနျဖင့္ ခက္ခဲမႈမ်ားျဖစ္ေပၚေစႏိုင္သည္ဟု ေျပာဆိုသုံးသပ္မႈမ်ားလည္းရွိေၾကာင္း သိရသည္။
“ေက်ာင္းသား၊ေက်ာင္းသူေတြနဲ႔ မိဘေတြရဲ႕အခက္အခဲကိုနားလည္ပါတယ္ သို႔ေသာ္ ေမးခြန္းလုံၿခဳံဖို႔အတြက္ကလည္း အေရးႀကီးတာေၾကာင့္ အခုလိုလုပ္ရတာပါ ရက္ပိုင္းေလာက္အခက္အခဲကိုနားလည္ေပးေစခ်င္ပါတယ္”ဟုေက်ာက္ေတာ္ၿမိဳ႕နယ္မွ ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးကေျပာသည္။
