Friday, April 3, 2026

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဗဟိုဘဏ်မှ CMP...

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော် လည်း အချုပ်အခြာအာဏာကိုထိပါးစေမည့်...

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာကိုထိပါးစေမည့် မည်သည့်ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုမဆိုလက်မခံဟု ယနေ့ ဧပြီ ၂ ရက်ကထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၃...

ရန်ကုန်သင်္ကြန်အတွက် ရေဆက်သွယ်ကစားရန် ခွင့်ပြုမိန့် လျှောက်ထားရမည်ဟု...

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွင်း ရေကစားမဏ္ဍပ်များတွင် ရေကိုစနစ်တကျ ဆက်သွယ်အသုံးပြုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရေဆက်သွယ်ကစားလိုသူများအနေဖြင့် ကော်မတီပိုင် ရေပိုက်လိုင်းများ၊ အင်းလျားကန်နှင့်...

သင်္ကြန်ပိတ်ရက်အတွင်း မြန်မာ့မီးရထားလမ်းကြောင်းများ ပုံမှန်ပြေးဆွဲမည်ဖြစ်ပြီး ရှုခင်းကြည့်ရထားများလည်း...

သင်္ကြန်ပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန် မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် လမ်းပိုင်းများအပါအဝင် နိုင်ငံတစ်ဝန်းရှိ လူစီးရထားများကို နေ့စဉ်ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရှုခင်းကြည့်ရထားများလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း...
HomeNewsLocal Newsမှတ်ပုံတင်ပျောက်ဆုံးသူများ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေ၍...

မှတ်ပုံတင်ပျောက်ဆုံးသူများ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေ၍ လဝကရုံးသို့ သွားရောက်ဆောင်ရွက်နိုင်ဟုဆို

(Unicode)

မှတ်ပုံတင်ပျောက်ဆုံးသူများ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေ၍ လဝကရုံးသို့ သွားရောက်ဆောင်ရွက်နိုင်ဟုဆို

မှတ်ပုံတင်ပျောက်ဆုံးပျက်စီးသူများအနေဖြင့် နိုင်ငံတော်ကမှ ပန်းခင်းစီမံချက်နဲ့ ဆောင်ရွက်ပေးနေတာကြောင့် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ သွားရောက်လျောက်ထားနိုင်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှသိရသည်။

လာမယ့် ဧပြီလမှ စတင်ပြီး ခရီးသွားရာတွင် ယခင်ကဲ့သို့ထောက်ခံချက်စာရွက်စာတမ်းများဖြင့် သွား၍ရတော့မည်မဟုတ်ဘဲ မှတ်ပုံတင်ဖြင့်သာ သွားလာ၍ရတော့မည်ဖြစ်ကြောင်း နစကက ထုတ်ပြန်ထားသည်။

ထို့အတွက်ကြောင့် မှတ်ပုံတင်မရှိ၊ပျောက်ဆုံးသူများမည်သို့ ဆောင်ရွက်နိုင်မည်နည်းဆိုသော အကြောင်းတရားများပေါ်ထွက်လာခဲ့ရာ မှတ်ပုံတင်ပျောက်ဆုံးသူများ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေ၍ လဝကရုံးသို့ သွားရောက်ဆောင်ရွက်နိုင်ကြောင်း လဝကကပြန်ကြားထားသည်။

လတ်တလော မှတ်ပုံတင်ပျောက်ဆုံးသူများ၊ ပျက်စီးသူများရှိသောကြောင့် ထိုပျောက်ဆုံးပျက်စီးသူများအနေဖြင့် ပန်းခင်း စီမံချက်ကာလအတွင်း ကိုယ်တိုင်လာရောက်လုပ်ဆောင်နိုင်ကြောင်းပြောသည်။

မှတ်ပုံတင်ရရှိရေးအတွက် ယခင်အစိုးရကာလများလက်ထက်ကပင်စီမံချက်များဖြင့် ဆောင်ရွက်ပေးခဲ့သလို ယခု ပန်းခင်းစီမံချက်ဖြင့်မှတ်ပုံတင်များထုတ်ပေးနေသည်မှာ ၁၀ လ ခန့်ပင်ရှိ နေပြီဖြစ်သည်။

ယခုစီမံချက်သည် အိမ်ထောင်စု စာရင်းမရှိသူများအပါအဝင် မှတ်ပုံ တင်လုံးဝမရှိသေးသူများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ကာယကံရှင်များ၏ လိုအပ်ချက်ဖြစ်သော ခရီးသွားရန်၊ ငွေထုတ်ရန်တည်းခိုရန်လိုင်စင်လုပ်ရန်၊ ကျောင်း အပ်ရန်၊ အရောင်း အဝယ်လုပ်ရန် စသည်ဖြင့် မဖြစ်မနေလိုအပ်ချက်များအရ ရုံးများ သို့မှတ်ပုံတင် လာရောက်ဆောင်ရွက်နိုင်ကြကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

(Zawgyi)

မွတ္ပုံတင္ေပ်ာက္ဆုံးသူမ်ား ပန္းခင္းစီမံခ်က္ျဖင့္ ေဆာင္႐ြက္ေပးေန၍ လဝက႐ုံးသို႔ သြားေရာက္ေဆာင္႐ြက္ႏိုင္ဟုဆို

မွတ္ပုံတင္ေပ်ာက္ဆုံးပ်က္စီးသူမ်ားအေနျဖင့္ ႏိုင္ငံေတာ္ကမွ ပန္းခင္းစီမံခ်က္နဲ႔ ေဆာင္႐ြက္ေပးေနတာေၾကာင့္ သက္ဆိုင္ရာ လူဝင္မႈႀကီးၾကပ္ေရး႐ုံးေတြမွာ သြားေရာက္ေလ်ာက္ထားႏိုင္ေၾကာင္းလူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွသိရသည္။

လာမယ့္ ဧၿပီလမွ စတင္ၿပီး ခရီးသြားရာတြင္ ယခင္ကဲ့သို႔ေထာက္ခံခ်က္စာ႐ြက္စာတမ္းမ်ားျဖင့္ သြား၍ရေတာ့မည္မဟုတ္ဘဲ မွတ္ပုံတင္ျဖင့္သာ သြားလာ၍ရေတာ့မည္ျဖစ္ေၾကာင္း နစကက ထုတ္ျပန္ထားသည္။

ထို႔အတြက္ေၾကာင့္ မွတ္ပုံတင္မရွိ၊ေပ်ာက္ဆုံးသူမ်ားမည္သို႔ ေဆာင္႐ြက္ႏိုင္မည္နည္းဆိုေသာ အေၾကာင္းတရားမ်ားေပၚထြက္လာခဲ့ရာ မွတ္ပုံတင္ေပ်ာက္ဆုံးသူမ်ား ပန္းခင္းစီမံခ်က္ျဖင့္ ေဆာင္႐ြက္ေပးေန၍ လဝက႐ုံးသို႔ သြားေရာက္ေဆာင္႐ြက္ႏိုင္ေၾကာင္း လဝကကျပန္ၾကားထားသည္။

လတ္တေလာ မွတ္ပုံတင္ေပ်ာက္ဆုံးသူမ်ား၊ ပ်က္စီးသူမ်ားရွိေသာေၾကာင့္ ထိုေပ်ာက္ဆုံးပ်က္စီးသူမ်ားအေနျဖင့္ ပန္းခင္း စီမံခ်က္ကာလအတြင္း ကိုယ္တိုင္လာေရာက္လုပ္ေဆာင္ႏိုင္ေၾကာင္းေျပာသည္။

မွတ္ပုံတင္ရရွိေရးအတြက္ ယခင္အစိုးရကာလမ်ားလက္ထက္ကပင္စီမံခ်က္မ်ားျဖင့္ ေဆာင္႐ြက္ေပးခဲ့သလို ယခု ပန္းခင္းစီမံခ်က္ျဖင့္မွတ္ပုံတင္မ်ားထုတ္ေပးေနသည္မွာ ၁၀ လ ခန႔္ပင္ရွိ ေနၿပီျဖစ္သည္။

ယခုစီမံခ်က္သည္ အိမ္ေထာင္စု စာရင္းမရွိသူမ်ားအပါအဝင္ မွတ္ပုံ တင္လုံးဝမရွိေသးသူမ်ားကို ေဆာင္႐ြက္ေပးေနျခင္းျဖစ္ၿပီး ကာယကံရွင္မ်ား၏ လိုအပ္ခ်က္ျဖစ္ေသာ ခရီးသြားရန္၊ ေငြထုတ္ရန္တည္းခိုရန္လိုင္စင္လုပ္ရန္၊ ေက်ာင္း အပ္ရန္၊ အေရာင္း အဝယ္လုပ္ရန္ စသည္ျဖင့္ မျဖစ္မေနလိုအပ္ခ်က္မ်ားအရ ႐ုံးမ်ား သို႔မွတ္ပုံတင္ လာေရာက္ေဆာင္႐ြက္ႏိုင္ၾကေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၃၅၉,၀၀၀.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၄,၁၀၆,၇၂၀.၀၀ အား စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ လည်းကောင်း ဧပြီ ၂ ရက်နေ့က ရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။ ဧပြီ ၂ ရက်နေ့တွင် FX Trading ၌ စားသုံးဆီမှ (၁၆)ရာခိုင်နှုန်း ၊...

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော် လည်း အချုပ်အခြာအာဏာကိုထိပါးစေမည့် ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုလက်မခံ

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာကိုထိပါးစေမည့် မည်သည့်ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုမဆိုလက်မခံဟု ယနေ့ ဧပြီ ၂ ရက်ကထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၃၁ ရက်အထိ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၆၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအ နေများကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဘက်လိုက်မှုကင်းစွာရှုမြင်သုံးသပ်ရန်ပျက်ကွက်နေကာ ဆန့်ကျင်ဖက်အဖွဲ့အစည်းများထံမှရရှိသည့် ခိုင်လုံမှုမရှိသောသတင်းအ ချက်အလက်များကိုအခြေခံသည့် ဆွေးနွေးနေမှုများပြုလုပ်ခဲ့သည်မှာစိတ်ပျက်ဖွယ်ဖြစ်သည်ဟု ထုတ်ပြန်ရေးသားထားသည်။ မြန်မာနိုင်ငံအနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်  ပြည်တွင်းငြိမ်းချမ်းရေး၊...

ရန်ကုန်သင်္ကြန်အတွက် ရေဆက်သွယ်ကစားရန် ခွင့်ပြုမိန့် လျှောက်ထားရမည်ဟု အသိပေး

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွင်း ရေကစားမဏ္ဍပ်များတွင် ရေကိုစနစ်တကျ ဆက်သွယ်အသုံးပြုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရေဆက်သွယ်ကစားလိုသူများအနေဖြင့် ကော်မတီပိုင် ရေပိုက်လိုင်းများ၊ အင်းလျားကန်နှင့် ကန်တော်ကြီးကန်တို့မှ ရေကို ယာယီဆက်သွယ်အသုံးပြုလိုပါက ၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နေ့လည် ၁၂ နာရီမတိုင်မီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) သို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်သည်။ လျှောက်လွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများရှိ (ရေ/သန့်) တာဝန်ခံရုံးများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင် အခမဲ့ထုတ်ယူနိုင်ပြီး လျှောက်ထားရာတွင် သတ်မှတ်ပုံစံအတိုင်း ဖြည့်စွက်ကာ သက်ဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071