Friday, June 27, 2025

Peace Forum 2025 သည်...

Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျောက်စေပြီး တိုင်းရင်းသားပြည်သူအားလုံးလိုလားတောင့်တသည့် ခေတ်မီဖွံဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာသော...

တရုတ် Xiaomi ကပထမဆုံးလျှပ်စစ် SUVကား၊...

ပေကျင်း၊ ဇွန် ၂၇ တရုတ်နည်းပညာကုမ္ပဏီ Xiaomi သည် ၎င်း၏ ပထမဆုံး လျှပ်စစ် SUVကား YU7 နှင့် ၎င်း၏ ပထမဆုံး...

တောင်ကြီးတက္ကသိုလ်တွင် Business Law ဒီပလိုမာသင်တန်း...

တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက...

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့်...

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန်...
HomeNewsLocal Newsဂမ်ဘီယာနိုင်ငံက ကြားနာပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့...

ဂမ်ဘီယာနိုင်ငံက ကြားနာပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံရေးကိစ္စတွေကိုပြောဆိုမှု လျော်ကန်သင့်မြတ်မှုမရှိလို့ အိုင်စီဂျေအား ဝန်ကြီးဦးကိုကိုလှိုင်လျှောက်လဲ

ဂမ်ဘီယာနိုင်ငံက ကြားနာပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံရေးကိစ္စတွေကိုပြောဆိုမှု လျော်ကန်သင့်မြတ်မှုမရှိလို့ အိုင်စီဂျေအား ဝန်ကြီးဦးကိုကိုလှိုင်လျှောက်လဲ

ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့တဲ့ အမှုအပေါ် တရားရုံးကစီရင်ပိုင်ခွင့် မရှိကြောင်းနဲ့ သို့တည်းမဟုတ် ဂမ်ဘီယာနိုင်ငံအနေနဲ့ တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးဖို့ မြန်မာက ဆက်လက်လျှောက်လဲလိုက်ပါတယ်။

နယ်သာလန် အိုင်စီဂျေမှာ ပြုလုပ်တဲ့ ဂန်ဘီယာနိုင်ငံက မြန်မာကို ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီး စွပ်စွဲပြောဆိုတရားစွဲဆိုဖို့ ကြိုးပမ်းနေတဲ့ ကိစ္စအပေါ် ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲမှာ မြန်မာနိုင်ငံဘက်က ချေပမှုထပ်မံပြုလုပ်စဉ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က လျှောက်လဲလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးဦးကိုကိုလှိုင်က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဂမ်ဘီယာဘက်က ရှေ့နေများက ကနဦးကန့်ကွက်လွှာ ကြားနာပွဲနဲ့ သက်ဆိုင်ဆီလျှော်မှုမရှိတဲ့ အချက်အလက်ပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်လျှောက်လဲခဲ့တာကို တွေ့ရပြီး အဲ့ဒီလို လျှောက်လဲချက်တွေဟာ တရားရုံးတော်ဥပဒေအရ ယခုတရားရင်ဆိုင်မှုအဆင့်မှာ လျော်ကန်သင့်မြတ်နေခြင်း မရှိပါဘူးလို့ အိုင်စီဂျေကို တင်ပြပါတယ်။

“ မြန်မာနိုင်ငံအနေဖြင့် အဆိုပါစွပ်စွဲချက်များအပေါ် တုံ့ပြန်သွားရမည့် ကာလံဒေသံမဟုတ်တာကြောင့် တုံ့ပြန်ပြောဆိုသွားမှာ မဟုတ်ပါဘူး”လို့ ဝန်ကြီးကပြောပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ အပြုအမှုတင်ပြမှုများနဲ့ ပတ်သတ်ပြီး ဝန်ကြီးက သူနားလည်ထားတာကတော့ ထိုစွပ်စွဲချက်များကတော့ဖြင့် တရားရုံးအနေနဲ့ ပင်မအမှု (merits)ကို ဆက်လက်တရားစီရင်ပိုင်ခွင့် ရှိ မရှိကို မဆုံးဖြတ်ရသေးမီ မြန်မာနိုင်ငံအား လူမျိုးသုဉ်းစေမှုကို ကျူးလွန်သူများအဖြစ် ဂုဏ်သရေရှိတရားသူကြီးတွေနဲ့ အများပြည်သူတို့ ယူဆလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

ယနေ့အချိန်အထိ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို တရားရုံးတော်ရှေ့မှောက်မှာ လက်ခံကြားနာနိုင်ခွင့် (သို့မဟုတ်) ၎င်းတို့ရဲ့ စွပ်စွဲပြောဆိုချက်တွေကို သက်သေပြနိုင်ခွင့် မရှိသေးတာမို့ ထိုသို့သောအခြေအနေမျိုးမှာ ဂမ်ဘီယာအနေနဲ့ ယခုကဲ့သို့ လုပ်ဆောင်ဖို့ရာ မသင့်ဘူးလို့လည်း ဝန်ကြီးဦးကိုကိုလှိုင်က ဆက်ပြောပါတယ်။

ဒါ့အပြင် ဂမ်ဘီယာဟာ ပင်မအမှု (merits)နဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို လျှောက်လဲ၍ ယခုကြားနာပွဲအား ကြားခံ (Platform)တစ်ခုအနေဖြင့် အသုံးချနေမှုအပေါ် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်(Agent)အနေဖြင့် လုံးဝတုံ့ပြန်ခြင်းမပြုဘဲ တရားရုံးတော်၌ နှုတ်ဆိတ်နေနိုင်မှာ မဟုတ်ဘူးလို့ပါ တုန့်ပြန်ပါတယ်။

ဆက်ပြီး မြန်မာအနေနဲ့ မြေပြင်အခြေအနေများကို တိုးတက်ကောင်းမွန်စေရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်ဟာဆိုရင်ဖြင့် အထိုက်အလျောက် တည်ငြိမ်လျက်ရှိပြီး အကြမ်းဖက်မှုဖြစ်စဉ်များ ကြီးကြီးမားမားမရှိဘဲ ငြိမ်းချမ်းလျက်ရှိနေတယ်လို့ပါ ပြောဆိုခဲ့ပါတယ်။

Zaw Gyi

ဂမ္ဘီယာႏိုင္ငံက ၾကားနာပြဲနဲ႔ သက္ဆိုင္ျခင္းမရွိတဲ့ ႏိုင္ငံေရးကိစၥေတြကိုေျပာဆိုမႈ ေလ်ာ္ကန္သင့္ျမတ္မႈမရွိလို႔ အိုင္စီေဂ်အား ဝန္ႀကီးဦးကိုကိုလႈိင္ေလွ်ာက္လဲ

ဂမ္ဘီယာႏိုင္ငံက တင္သြင္းခဲ့တဲ့ အမႈအေပၚ တရား႐ုံးကစီရင္ပိုင္ခြင့္ မရွိေၾကာင္းနဲ႔ သို႔တည္းမဟုတ္ ဂမ္ဘီယာႏိုင္ငံအေနနဲ႔ တရားစြဲဆိုပိုင္ခြင့္မရွိေၾကာင္း ေၾကညာေပးဖို႔ ျမန္မာက ဆက္လက္ေလွ်ာက္လဲလိုက္ပါတယ္။

နယ္သာလန္ အိုင္စီေဂ်မွာ ျပဳလုပ္တဲ့ ဂန္ဘီယာႏိုင္ငံက ျမန္မာကို ႐ိုဟင္ဂ်ာအေရးနဲ႔ ပတ္သတ္ၿပီး စြပ္စြဲေျပာဆိုတရားစြဲဆိုဖို႔ ႀကိဳးပမ္းေနတဲ့ ကိစၥအေပၚ ကနဦးကန႔္ကြက္လႊာဆိုင္ရာ ၾကားနာပြဲမွာ ျမန္မာႏိုင္ငံဘက္က ေခ်ပမႈထပ္မံျပဳလုပ္စဥ္ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလႈိင္က ေလွ်ာက္လဲလိုက္တာျဖစ္ပါတယ္။

ဝန္ႀကီးဦးကိုကိုလႈိင္က ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ဂမ္ဘီယာဘက္က ေရွ႕ေနမ်ားက ကနဦးကန႔္ကြက္လႊာ ၾကားနာပြဲနဲ႔ သက္ဆိုင္ဆီေလွ်ာ္မႈမရွိတဲ့ အခ်က္အလက္ပိုင္းဆိုင္ရာနဲ႔ ႏိုင္ငံေရးဆိုင္ရာ စြပ္စြဲေျပာဆိုမႈေတြ ျပဳလုပ္ေလွ်ာက္လဲခဲ့တာကို ေတြ႕ရၿပီး အဲ့ဒီလို ေလွ်ာက္လဲခ်က္ေတြဟာ တရား႐ုံးေတာ္ဥပေဒအရ ယခုတရားရင္ဆိုင္မႈအဆင့္မွာ ေလ်ာ္ကန္သင့္ျမတ္ေနျခင္း မရွိပါဘူးလို႔ အိုင္စီေဂ်ကို တင္ျပပါတယ္။

“ ျမန္မာႏိုင္ငံအေနျဖင့္ အဆိုပါစြပ္စြဲခ်က္မ်ားအေပၚ တုံ႔ျပန္သြားရမည့္ ကာလံေဒသံမဟုတ္တာေၾကာင့္ တုံ႔ျပန္ေျပာဆိုသြားမွာ မဟုတ္ပါဘူး”လို႔ ဝန္ႀကီးကေျပာပါတယ္။

ဂမ္ဘီယာႏိုင္ငံရဲ႕ အျပဳအမႈတင္ျပမႈမ်ားနဲ႔ ပတ္သတ္ၿပီး ဝန္ႀကီးက သူနားလည္ထားတာကေတာ့ ထိုစြပ္စြဲခ်က္မ်ားကေတာ့ျဖင့္ တရား႐ုံးအေနနဲ႔ ပင္မအမႈ (merits)ကို ဆက္လက္တရားစီရင္ပိုင္ခြင့္ ရွိ မရွိကို မဆုံးျဖတ္ရေသးမီ ျမန္မာႏိုင္ငံအား လူမ်ိဳးသုဥ္းေစမႈကို က်ဴးလြန္သူမ်ားအျဖစ္ ဂုဏ္သေရရွိတရားသူႀကီးေတြနဲ႔ အမ်ားျပည္သူတို႔ ယူဆလာေအာင္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ျခင္းျဖစ္တယ္လို႔လည္း ေျပာဆိုပါတယ္။

ယေန႔အခ်ိန္အထိ ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္ေတြကို တရား႐ုံးေတာ္ေရွ႕ေမွာက္မွာ လက္ခံၾကားနာႏိုင္ခြင့္ (သို႔မဟုတ္) ၎တို႔ရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြကို သက္ေသျပႏိုင္ခြင့္ မရွိေသးတာမို႔ ထိုသို႔ေသာအေျခအေနမ်ိဳးမွာ ဂမ္ဘီယာအေနနဲ႔ ယခုကဲ့သို႔ လုပ္ေဆာင္ဖို႔ရာ မသင့္ဘူးလို႔လည္း ဝန္ႀကီးဦးကိုကိုလႈိင္က ဆက္ေျပာပါတယ္။

ဒါ့အျပင္ ဂမ္ဘီယာဟာ ပင္မအမႈ (merits)နဲ႔ပတ္သက္တဲ့ စြပ္စြဲခ်က္ေတြကို ေလွ်ာက္လဲ၍ ယခုၾကားနာပြဲအား ၾကားခံ (Platform)တစ္ခုအေနျဖင့္ အသုံးခ်ေနမႈအေပၚ ျမန္မာႏိုင္ငံ၏ ကိုယ္စားလွယ္(Agent)အေနျဖင့္ လုံးဝတုံ႔ျပန္ျခင္းမျပဳဘဲ တရား႐ုံးေတာ္၌ ႏႈတ္ဆိတ္ေနႏိုင္မွာ မဟုတ္ဘူးလို႔ပါ တုန႔္ျပန္ပါတယ္။

ဆက္ၿပီး ျမန္မာအေနနဲ႔ ေျမျပင္အေျခအေနမ်ားကို တိုးတက္ေကာင္းမြန္ေစရန္ အစဥ္ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိၿပီး လက္ရွိအခ်ိန္မွာ ရခိုင္ျပည္နယ္ဟာဆိုရင္ျဖင့္ အထိုက္အေလ်ာက္ တည္ၿငိမ္လ်က္ရွိၿပီး အၾကမ္းဖက္မႈျဖစ္စဥ္မ်ား ႀကီးႀကီးမားမားမရွိဘဲ ၿငိမ္းခ်မ္းလ်က္ရွိေနတယ္လို႔ပါ ေျပာဆိုခဲ့ပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျေ-ာက်စေပြီးဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးကို အထောက်အပံဖြစ်စေဖို့ မျှော်လင့်

Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျောက်စေပြီး တိုင်းရင်းသားပြည်သူအားလုံးလိုလားတောင့်တသည့် ခေတ်မီဖွံဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာသော အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေမည့် ရလဒ်ကောင်းများ ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင် က ဇွန်လ ၂၅ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ Peace Forum 2025 တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းများ၊ နယ်ပယ်အသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံခြားသံတမန်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကဏ္ဍအလိုက်...

တရုတ် Xiaomi ကပထမဆုံးလျှပ်စစ် SUVကား၊ AIမျက်မှန်ကိုမိတ်ဆက်

ပေကျင်း၊ ဇွန် ၂၇ တရုတ်နည်းပညာကုမ္ပဏီ Xiaomi သည် ၎င်း၏ ပထမဆုံး လျှပ်စစ် SUVကား YU7 နှင့် ၎င်း၏ ပထမဆုံး ဉာဏ်ရည်တုနည်းပညာ AI ပါဝါသုံး စမတ်မျက်မှန်တို့ကို ကြာသပတေးနေ့ညနေပိုင်းက ပေကျင်းတွင် ထုတ်ကုန်မိတ်ဆက်ပွဲတွင် ထုတ်ဖော်ပြသခဲ့သည်။ ယွမ် ၂၅၃,၅၀၀ (အမေရိကန်ဒေါ်လာ ၃၅,၄၀၀ ခန့်) မှစတင်၍ YU7 SUV ကားကို အရောင် ၉ မျိုး ပုံစံ ၃ မျိုးဖြင့်ရရှိနိုင်ပြီး အခြေခံမိုဒယ်သည် ၈၃၅ ကီလိုမီတာအကွာအဝေးကို ပို့ဆောင်နိုင်သည်။ Xiaomi...

တောင်ကြီးတက္ကသိုလ်တွင် Business Law ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်

တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ရန် ခွင့်ပြုကြောင်း အထောက်အထား တင်ပြရမည်ဖြစ်သည်။ သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ (ပထမနှစ်ဝက်) နှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ (ဒုတိယနှစ်ဝက်) တို့ကို တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်း (၉) လကြာမြင့်မည်ဖြစ်သည်။ တောင်ကြီးတက္ကသိုလ်တွင် တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071